BREAKING
November 18, 2025

သတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ထောင်ဒဏ် ခြောက်လချ

Dawei Watch

July 2, 2025

ပြည်ပတွင် တိမ်းရှောင်နေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ယနေ့ ဇူလိုင်လ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။ တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် ယင်းသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုအချိန်ကတည်းက ရှိတ်ဟာဆီနာကို စွဲဆိုထားသည့် အမှုများ အမြောက်အများ ရှိနေပြီဖြစ်သည်။ ယနေ့ ဗုဒ္ဓဟူးနေ့ တရားရုံးဆုံးဖြတ်ချက်သည် ရှိတ်ဟာဆီနာအား ပထမဆုံးအကြိမ် အပြစ်ဒဏ်စီရင်ချက်ချခြင်း ဖြစ်သည်။ “ကျွန်မကို တရားစွဲထားတဲ့ အမှုပေါင်း ၂၂၇ မှု ရှိတယ်။ ဒါကြောင့် အခု ကျွန်မမှာ လူပေါင်း ၂၂၇ ယောက်ကို သတ်ဖို့ လိုင်စင် ရှိတယ်” ဟု […]

ဂါဇာတွင် ရက် ၆၀ အပစ်ရပ်ရေး အစ္စရေး သဘောတူကြောင်း ထရမ့်ပြော

Dawei Watch

July 2, 2025

ဂါဇာတွင် ရက် ၆၀ ကြာ အပစ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောတူကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ အပစ်ရပ်ကာလအတွင်း ဂါဇာစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရက် ၆၀ ကြာ အပစ်ရပ်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေကို အစ္စရေးက သဘောတူလိုက်ပါပြီ။ ဒီအပစ်ရပ်ကာလ အတွင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ယင်းအပစ်ရပ်အဆိုပြုချက်ကို ကာတာနှင့် အီဂျစ်နိုင်ငံတို့က ဟားမတ်စ်အဖွဲ့ကို ချပြသွားမည်ဟု ထရမ့်က ပြောသည်။ အရှေ့အလယ်ပိုင်းအခြေအနေ ထပ်မံမဆိုးရွားလာစေရန် အပစ်ရပ်အဆိုပြုချက်ကို ဟားမတ်စ်ဘက်က လက်ခံမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာနှင့် အီဂျစ်နိုင်ငံက […]

မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နှင့်အတူ ဘက်ပြောင်း

Dawei Watch

July 2, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာတွင် တာဝန်ကျနေသည့် မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁ရက်တွင် ချောင်းနှစ်ပေါက်ရွာ စစ်ကောင်စီတပ်ရှေ့တန်းစခန်းက အသက်၃၅နှစ်အရွယ် မြိတ်ဒေသခံတပ်သား တစ်ဦးက ထွက်ပြေးလာပြီး KNU တပ်မဟာ-၄ လက်အောက်ခံ KNLA တပ်ရင်း ၁၁ထံ ခိုလှုံလာကြောင်း တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သူက စစ်သားစုဆောင်းခံရပြီးပါလာသူဖြစ်တယ်” ဟု အထက်ပါ ရဲဘော်က ပြောဆိုသည်။ အဆိုတပ်တပ်ဖွဲ့ဝင်သည် MA-1 သေနတ်တစ်လက်၊ ကျည် ၂၀၂တောင့်၊ စစ်သုံးပစ္စည်းအချို့ ယူဆောင်လာကြောင်း KNLA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်အခြားတစ်ဦးက ဆိုသည်။ အဆိုပါစစ်ကောင်စီတပ်သားသည် စစ်မှုထမ်းအပတ်စဉ် ၁၀ ကို မွန်ပြည်နယ် သံဖြူဇရပ်တွင် […]

ဘုတ်ပြင်း ကံမော်ကြီးရွာရှိ ပုစွန်ထိုးလှေများကို မြို့နယ်ထွေအုပ်က ငွေကြေးတောင်းခံပြီး လုပ်ကိုင်ခွင့်ပြု

Dawei Watch

July 2, 2025

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာအနီး ပင်လယ်ပြင်တွင် ပုစွန်ထိုးလှေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်းကောက်ယူပြီးနောက် ငွေကြေးတောင်းခံကာ ဖမ်းဆီးခွင့်ပြုနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် လက်ရှိအချိန်အထိ ပုစွန်ဖမ်းဆီးနေသည်။ ယင်းသို့ အုပ်စုဖွဲ့ဖမ်းဆီးမှုကြောင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံတွေ့နေရသော်လည်း တားမြစ်ခြင်း မရှိသည့်အပြင် ငွေကြေးယူကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပုစွန်ထိုးလှေများ အုပ်စုလိုက် ဝင်ရောက်ဖမ်းဆီးနေသဖြင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံနေရသည့် အခြေအနေကို Dawei Watch က ဇွန်လ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ယင်းသို့သတင်းဖော်ပြပြီး နောက်တစ်ရက်တွင် မြို့နယ်ထွေအုပ်ရုံးက ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပြီး ပုစွန်ထိုးလှေစာရင်းကောက်ခိုင်းခဲ့ကြောင်း ကံမော်ကြီးရွာဒေသခံတစ်ဦးက ဆိုသည်။ ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးက ပုစွန်ထိုးလှေ ၁၉ စင်း၏ စာရင်းကို ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီ လယ်တောင်ယာရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အချင်းချင်းမှားပစ်

Dawei Watch

July 2, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်တို့ အချင်းချင်းမှားပစ်၍ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၃၀ ရက် နံနက် ၄နာရီခွဲခန့်တွင် လယ်တောင်ယာရွာဘက်သို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ် အခြားအဖွဲ့တစ်ဖွဲ့က လမ်းကင်းယူထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ ထိုသို့မိုင်းဆွဲတိုက်ခိုက်ပြီးချိန်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက အချင်းချင်းမှားပစ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “အစောကြီးဆို မှောင်လည်းမှောင်နေတော့ (စစ်ကြောင်း) သူတို့တက်လာတဲ့လမ်းကို ခန့်မှန်းပြီး ခွဲလိုက်တယ်။ သူတို့ (စကစ) ရမ်းသမ်းပြီး ပစ်ကြတယ်။ ချင်းချင်းပဲ ပစ်ခတ်မှုဖြစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ […]

ဖုန်းအမည်ပေါက်မဟုတ်သော ထိုင်းဘဏ်အကောင့်များ စပိတ်

Dawei Watch

July 2, 2025

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများ၏ အမည်ပေါက်မဟုတ်သော ဖုန်းဆင်းကတ်များဖြင့် ဖွင့်ထားသော ဘဏ်အကောင့်များ စတင်ပိတ်ခံနေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းဆင်းကတ်များဖြင့်သာ သုံးစွဲရမည်ဖြစ်ကြောင်း ပြီးခဲ့သော လများကတည်းက ထိုင်းအစိုးရက ဆက်တိုက်ထုတ်ပြန်ထားသည်။ အကယ်၍ ဖုန်းဆင်းကတ်အမည်နှင့် ဘဏ်အကောင့်အမည်များ မတူညီပါက သတ်မှတ်ရက်များအတွင်း နီးစပ်ရာ ဘဏ်များတွင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ပြန်လည်ပြင်ဆင်ခြင်းမရှိသော ဘဏ်အကောင့်များကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ Mobile Banking အား သုံးစွဲခွင့် ဆိုင်းငံ့ခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။ “မနေ့ နေ့လယ်လောက်ကနေစပြီး ဘဏ် Application ထဲကို ဝင်လို့မရတော့ဘူး။ အကောင့် ပိတ်ထားတယ်။ သက်ဆိုင်ရာ ဘဏ်ခွဲကို ဆက်သွယ်ပါလို့ Application […]

ဘုတ်ပြင်း အလယ်မန်ရွာပင်လယ်ပြင်တွင် ရှပ်ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ အခက်ကြုံ

Dawei Watch

July 2, 2025

ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် ရှပ် (ဂုံး) ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ ငါးရရှိမှုနည်းပါးပြီး အခက်ကြုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ခြောက်လခန့်ကတည်းက ရှပ် ပေါ်(ပေါများ) နေသည့်အတွက် ရှပ်ဆွဲလှေများက လက်ရှိအချိန်အထိ ဖမ်းဆီးနေကြကြောင်း အလယ်မန်ရွာနေဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ဒေသခံကမ်းနီးငါးဖမ်းလှေငယ်များမှာ ငါးရရှိမှုနည်းပါးလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ရှပ်ဆွဲလှေတွေကြောင့် ပင်လယ်ပြင်မှာ ငါးတွေ၊ ကင်းမွန်တွေ မရကြတော့ဘူး။ ရှပ်ငုပ်လှေတချို့ကတော့ ရေကြမ်းလို့ မငုပ်ကြတော့ဘူး။ ရှပ်ဆွဲလှေတွေကတော့ အခုထိဆွဲနေကြတုန်းပဲ” ဟု အလယ်မန်ကျေးရွာနေ အထက်ပါဒေသခံက ပြောဆိုသည်။ ရှပ်ဆွဲလှေများသည် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ဘက်က အများဆုံးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရှပ်ဆွဲလှေများက ပင်လယ်ကြမ်းပြင် ရွှံ့နွှံနှင့် သဲအောက်ရှိ ရှပ်လုံးများကို ထွန်ခြစ်ကဲ့သို့ သံဇကာများဖြင့် ဆွဲယူ ဖမ်းဆီးကြခြင်း […]

ရေးတွင် စစ်ကောင်စီတပ် စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

July 2, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ-၃၄၃ တပ်ရင်း တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများပြောဆိုချက်နှင့် ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “လက်နက်ကြီးတွေပဲ ကြားနေရတယ်။ ဖြစ်တာက အာယုတောင်လမ်းဝ ကားလမ်းမှာပဲလေ။ အဲဒီမှာက စစ်တပ်ရှိတယ် ဆိုတော့ အဲဒါကို ဝင်ပစ်တာတဲ့။ တိုက်ပွဲဖြစ်တော့ ကားတွေလည်း မဖြတ်ရဲကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ယနေ့ နံနက်ပိုင်းတွင် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ကားလမ်းပိတ်ဆို့ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကားများ ပြန်လည်ဖြတ်သန်းသွားလာကြကြောင်း ဒေသခံအချို့က ဆိုသည်။ သို့သော် လမ်းသွားလမ်းလာ နည်းပါးကြောင်းလည်း ၎င်းတို့က […]