BREAKING
November 18, 2025

သတင်း

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း

Dawei Watch

July 4, 2025

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း၍ စျေးကွက်အတွင်း မရှိသလောက်နည်းပါးနေကြောင်း ထားဝယ်မြို့ ကမ်းနားစျေးရှိ ကဒက်ဥတူးဖော်ရောင်းချသူ အမျိုးသမီးအချို့က ပြောသည်။ တောတောင်ထဲ၌ ရှာဖွေတူးဖော်ရသည့် ရာသီစာတစ်မျိုးဖြစ်သည့် ကဒက်ဥမှာ ယခုနှစ် ဇွန်နှင့် ဇူလိုင်လတို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုက်ပွဲများကြောင့် ကျေးရွာများက ကဒက်ဥ ရှာဖွေတူးဖော်ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ယင်းသို့ နည်းပါးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မိုးကြီးလို့ မတူးကြဘူး။ မိုးကြီးရင် သူကယားတယ်၊ မသယ်နိုင်ဘူး။ ဒါကြောင့်မတူးကြသေးတာ။ ကဒက်ဥက နေပူမှ တူးကြတာ” ဟု ကဒက်ဥ ရှာဖွေ တူးဖော်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ကဒက်ဥများကို တောတောင်အတွင်းရှာဖွေကာ ထားဝယ်မြို့ ကမ်းနားပျံကျစျေးတွင် နှစ်စဉ်လာရောက် ရောင်းချလေ့ ရှိသည့် လောင်းလုံးမြို့နယ်၊စခန်းကြီးကျေးရွာအုပ်စု၌ ဇွန်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများကြောင့် […]

ဂျိုတာ ဝတ်ဆင်တဲ့ ကျောနံပါတ် ၂၀ ကို လီဗာပူးအသင်း အနားပေးပြီ

Dawei Watch

July 4, 2025

လီဗာပူးလ်အသင်းဟာ မနေ့က ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ကစားသမား ဒိုင်အိုဂို ဂျိုတာ (Diogo Jota) ရဲ့ ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၂၀ ကို အနားပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာ လီဗာပူးအသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကစားသမားတစ်ဦးရဲ့ ဂျာစီနံပါတ်ကို အခုလိုအနားပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဂျိုတာဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်သွားခဲ့ပြီး သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိတာ အပါအဝင် အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က ဂျိုတာရဲ့ကျောနံပါတ် ၂၀ ကို အနားပေးပြီးတော့ အသင်းအပေါ် ဂျိုတာ စွမ်းဆောင်ပေးခဲ့တာတွေကို ထာဝရဂုဏ်ပြုသွားမယ်လို့ ဆိုပါတယ်။ Source : Liverpool Official Website

မဟာချိုင်တွင် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

Dawei Watch

July 4, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အသက် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာမိန်းကလေးကို အသက် ၃၇ နှစ်အရွယ် မြန်မာအိမ်ထောင်သည် အမျိုးသားတစ်ဦးက အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်သူသည် မိန်းကလေး၏ ဖခင်ဖြစ်သူနှင့် သိကျွမ်းသူဖြစ်ပြီး မိန်းကလေးတို့ မိသားစု နေထိုင်ရာအခန်းသို့ မကြာမကြာ လာရောက်လေ့ရှိသူဖြစ်ကြောင်း Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ ဖြစ်စဉ်ဖြစ်သည့်နေ့က မိန်းကလေး ဈေးဝယ်ထွက်ချိန် ကျူးလွန်သူဆိုသည့် အမျိုးသားက လိမ်လည်ဖြားယောင်း၍ ဟိုတယ်သို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ […]

အမေရိကန်နှင့် စစ်မဖြစ်ရေး ရှောင်လွှဲနိုင်ဟု တရုတ်ထိပ်တန်းအရာရှိပြော

Dawei Watch

July 4, 2025

တရုတ်နှင့် အမေရိကန်အကြား စစ်မက်ဖြစ်ပွားမှုမှာ ရှောင်လွှဲလို့ မရသည့်အရာ မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင်လ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Liu Jianchao က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား စစ်ဖြစ်လာမည်ကို တရုတ်ဘက်က မလိုလားကြောင်း အခိုင်မာဆုံး ထုတ်ဖော်ပြောဆိုမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ “တရုတ်နဲ့ အမေရိကန်ကြားက စစ်ပွဲက ရှောင်လွှဲလို့ မရဘူးလို့ လူတွေက မကြာခဏ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး”ဟု Liu Jianchao က ဆိုသည်။ တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများသည် […]

ထားဝယ်တွင် ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစုဆောင်း

Dawei Watch

July 4, 2025

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက် ၊ နှင်းဆီလမ်းတွင် ဇူလိုင်လ ၂ ရက် ည ၁၁ နာရီခန့်က ဧည့်စာရင်းဝင်စစ်နေရင်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို စစ်မှုထမ်းသင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရသည်။ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ၊ ဆယ်အိမ်မှူးနှင့် အရပ်ဝတ် အမျိုးသားသုံးဦး ပါဝင်သည့် အဖွဲ့က နှင်းဆီလမ်းအတွင်း ဧည့်စာရင်းစစ်သည်ဆိုကာ အိမ်အမှတ်နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံစစ်ဆေးပြီးနောက် ယင်းလူငယ်ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများကဆိုသည်။ “ဧည့်စာရင်းတောင် တစ်ခါမှ လမ်းထဲ လာမစစ်ဖူးဘူး။ အဲဒီနေ့က ထူးထူးဆန်းဆန်း လမ်းထဲကို ဝင်လာပြီး အိမ်နံပါတ်တွေနဲ့ အိမ်ထောင်စုစာရင်းကို တိုက်ပြီးစစ်တယ်။ သူတို့မှာလည်း စာရင်းစာရွက်နဲ့ တိုက်စစ်တယ်။ ကျန်တဲ့အိမ်တွေမှာ ဘာမှမပြောဘူး။ အဲဒီကောင်လေး အိမ်ရောက်မှ တစ်ခါတည်း […]

ခမောက်ကြီးတွင် စစ်ကောင်စီ သတင်းပေးနှစ်ဦးကို ရှင်းလင်းခဲ့ဟု ကော့သောင်း ပကဖ ထုတ်ပြန်

Dawei Watch

July 4, 2025

မူးယစ်ဆေး ဖြန့်ဖြူးနေသည်ဆိုသော ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်နေသူ တစ်ဦးနှင့် ဆိပ်ဖူးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ဇူလိုင်လ ၂ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်း(ပကဖ)က ယနေ့(ဇူလိုင် ၄) ထုတ်ပြန်သည်။ ကော့သောင်းခရိုင် အေးချမ်းသာရွာနေ ဦးမြင့်ရှိန်ခေါ် ချောကလက်ကို ဇူလိုင် ၂ ရက်နေ့ နံနက် ၁၀ ခန့်တွင် ၎င်း၏နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်း ပကဖထုတ်ပြန်ချက်အရ သိရသည်။ ဦးမြင့်ရှိန်သည် WY စိတ်ကြွမူးယစ်ဆေးဝါးရောင်းဝယ်နေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း ဖြစ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။ “သူ(ဦးမြင့်ရှိန်)ကတော့ အာဏာသိမ်းပြီးကတည်းက အေးချမ်းသာရွာမှာ အခြေကျပြီး လာနေတယ်။ ဈေးဆိုင်ရောင်းတာကို ဟန်ပြလုပ်ပြီး မာရမ်းရဲစခန်းက ရဲတွေ စစ်ကောင်စီတပ်တွေ အာဏာပိုင်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာကို တွင်တွင်ကျယ်ကျယ်ကိုလုပ်တယ်”ဟု ကော့သောင်း ပကဖတာဝန်ရှိသူက ပြောသည်။ အာဏာမသိမ်းမီကမူ ကော့သောင်းမြို့ရှိ […]

ဗီဇာလျှောက်သည့် ကျောင်းသားများ၏ လူမှုကွန်ရက်အကောင့်များ စစ်ဆေးခံရနိုင်ဟု ဟားဗတ်သတိပေး

Dawei Watch

July 4, 2025

ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်မည့် နိုင်ငံတကာကျောင်းသားများအနေဖြင့် မိမိလူမှုကွန်ရက်တွင် ရေးသားပြောဆိုမျှဝေမှုများကို သတိပြုကြရန် တက္ကသိုလ်တာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့တွင် ကျောင်းသားများထံ ဖုန်းခေါ်ဆိုကာ အကြံပြုတိုက်တွန်းလိုက်သည်။ ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ပိတ်ပင်ရန် ထရမ့်အစိုးရ၏ ကြိုးပမ်းမှုကို တရားရုံးက တားမြစ်လိုက်ပြီးနောက်တွင် တက္ကသိုလ်ဘက်က ယင်းသို့ အကြံပြုတိုက်တွန်းလာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိများသည် အမေရိကန်ကျောင်းသားဗီဇာ လျှောက်ထားသူများ၏ လူမှုကွန်ရက်အကောင့်များကို စောင့်ကြည့်စစ်ဆေးနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် တာဝန်ရှိသူများက ကျောင်းသားများကို သတိပေးထားသည်။ အမေရိကန်အစိုးရ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာနက ကျောင်းသားများ၏ လက်ကိုင်ဖုန်း ၊ ကွန်ပျူတာများကို စောင့်ကြည့်စစ်ဆေးကာ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်နိုင်ခြေရှိကြောင်း တက္ကသိုလ်တာဝန်ရှိသူများထံမှ ဖုန်းဆက်သတိပေးမှုခံရသည့် ကျောင်းသားများက ပြန်ပြောင်းပြောပြသည်။ အဆိုပါ စောင့်ကြည့်စစ်ဆေးမှုများကို အစိုးရအရာရှိများကိုယ်တိုင် သို့မဟုတ် ဉာဏ်ရည်တုနည်းပညာ(AI) ဖြင့် […]

၁၉၉၈ အဓိကရုဏ်းတွင် အမျိုးသမီးများ အဓမ္မကျင့်ခံရမှုကို အင်ဒိုနီးရှား သမိုင်းစာအုပ်မှ ဖယ်ရှားမည်

Dawei Watch

July 3, 2025

အင်ဒိုနီးရှားအစိုးရက ထုတ်ဝေမည့် အင်ဒိုနီးရှားသမိုင်းစာအုပ်သစ်များတွင် ၁၉၉၈ ခုနှစ် အဓိကရုဏ်းကာလအတွင်း အမျိုးသမီးများကို အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု ဖြစ်စဉ်အား ဖယ်ရှားသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားယဉ်ကျေးမှုဝန်ကြီးက ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ သမိုင်းပညာရှင်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုနှင့် ကြုံတွေ့နေရသော်လည်း အဆိုပါ နိုင်ငံ့သမိုင်းစာအုပ်သစ်များ ရေးသားထုတ်ဝေရေး စီမံချက်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အင်ဒိုနီးရှားယဉ်ကျေးမှုဝန်ကြီး Fadli Zonက ဆိုသည်။ အင်ဒိုနီးရှားသမိုင်းစာအုပ်သစ်များကို ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း နက်ရှိုင်းသည့် လူမျိုးရေးအကွဲအပြဲများကို ရှောင်ရှားလိုခြင်း ဖြစ်သည်ဟု ယဉ်ကျေးမှုဝန်ကြီးက ဆိုသည်။ နိုင်ငံ့သမိုင်း၏ အထင်ကရဖြစ်ရပ်များကို အပြုသဘောဆောင်ချဉ်းကပ်မှုဖြင့် ပြန်ပြောင်းပြောဆိုခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်သည်ဟု ၎င်းက ပြောသည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလ အဓိကရုဏ်းများအတွင်း အမျိုးသမီးအမြောက်အများ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း လွတ်လပ်သောစုံစမ်းစစ်ဆေးတွေ့ရှိချက် […]