ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း သူရဲတောင်ရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

November 27, 2021

သရက်ချောင်းမြို့နယ် သူရဲတောင်ရွာတွင် နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က သူရဲတောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်ဝင်းမှာ စစ်တပ်သတင်းပေးသူအဖြစ် လူပြောများနေသူဖြစ်ကြောင်းဒေသခံအချို့က ဆိုသည်။ သူရဲတောင်နှင့် ကင်းရှေ့ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတားအနီးတွင် ပစ်သတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သံကြားတာကတော့ လေးငါးချက်ပဲရှင်၊ သူ့ကိုက ရွာထဲမှာ စစ်ကောင်စီဘက်ကဆိုပြီး ပြောတယ်၊ ပြည်သူဘက်ကတွေက စစ်တပ်သတင်းပေးဆိုပြီး ပြောကြတယ်” ဟု သူရဲတောင်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ အသက် ၆၀ ခန့်ရှိ ဦးအောင်ဝင်းမှာ NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ယခု စစ်ကောင်စီကလည်း ပြန်လည်ခန့်အပ်ထားသည်ဟု ပြောဆိုမှုများ လည်း ရှိနေသည်။ သို့သော် အုပ်ချုပ်ရေးမှူး အလုပ်လုပ်သည်ကို […]

အခြေခံပညာ နှစ်ဆုံးစာမေးပွဲ မတ်လအတွင်း ပြုလုပ်မည်ဟုဆို

diz_admin

November 27, 2021

အခြေပညာနှစ်ဆုံး စာမေးပွဲကို မတ်လ ပထမအပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စာသင်ချိန် ၆ လရှိမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ၏ သင်ယူ တတ်မြောက်မှု ရလဒ်စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲကို နှစ်ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ပထမနှစ်ဝက် စာမေးပွဲကို ဇန်နဝါရီလ ပထမအပတ်တွင် တစ်ရက်နှစ်ဘာသာနှုန်းဖြင့် စစ်ဆေးရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ “စာမေးပွဲကြီးကတော့ အချိန်စာရင်း မလာသေးဘူး၊ အခု ပထမနှစ်ဝက်စာမေးပွဲပဲ လာသေးတယ်၊ တစ်နေ့ကို နှစ်ဘာသာပေါ့နော်” ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပထမနှစ်ဝက် စာမေးပွဲတွင် နိုဝင်ဘာလ ၁ ရက်‌နေ့ […]

မြိတ် ဆိုင်ကယ်တက္ကစီအသင်းဝင်သူ လေးဆယ်ကျော်ရှိ

diz_admin

November 26, 2021

မြိတ်မြို့တွင် တစ်ပတ်ခန့်အတွင်း ဆိုင်ကယ်တက္ကစီအသင်းဝင်ရန် လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း မြိတ်မြို့နယ် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီယာဉ်များ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှ သိရသည်။ မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရန် နိုဝင်ဘာ ၁၅ ရက်က စတင်ကန့်သတ်ခဲ့သည့်အတွက် ဆိုင်ကယ်တက္ကစီ မောင်းသူများ အခက်ကြုံခဲ့သည်။ ထိုသို့သော အခြေအနေတွင် မြိတ်မြို့နယ်သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီများ ထိန်းသိမ်းကြီးကြပ်ရေးအသင်းက ၎င်းတို့အသင်းသို့ ဝင်ပါက ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး စီးခွင့်ရမည်ဟု ကြေငြာခဲ့သည်။ ထိုသို့ကြေငြာပြီး တစ်ပတ်ခန့်အကြာတွင် အသင်းဝင်ရန်လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း အထက်ပါအသင်း ဥက္ကဌ ဉီးကိုမောင်မောင် ကပြောသည်။ “သူတို့တွေ ရဲရဲတင်းတင်း အလုပ်လုပ်လို့ရအောင် ကျွန်တော်တို့က စီစဉ်ပေးတာပါ”ဟု ၎င်းကပြောသည်။ ဆိုင်ကယ်တက္ကစီအသင်းဝင်ပါက အသင်းဝင်ကြေး အဖြစ် ကျပ်တစ်သောင်း သတ်မှတ်ထားပြီးလစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်‌ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ […]

ကံပေါက်ဒေသခံအချို့ ပြန်လွတ်

diz_admin

November 26, 2021

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကံပေါက်ဒေသခံအချို့ နိုဝင်ဘာလ ၂၅ ရက် ည၁၂ နာရီဝန်းကျင် တွင် ပြန်လည်လွတ်မြောက်လာ‌ကြောင်း ၎င်းတို့၏မိသားစုဝင်များထံမှ သိရသည်။ ပြန်လွတ်လာသူများမှာ ဦးတင်ညွန့်၊ ဦးဝင်းရှိန်၊ ဦးကင်းမြင့်၊ ဦးကိုလေး၊ ဦးငယ်ငယ်တို့ဖြစ်သည်။ “အေးအေးဆေးဆေး လာပို့ပေးခဲ့တာပဲ၊ အထဲမှာလည်း အဆင်ပြေပြေနေရတယ် ” ဟု ပြန်လည်လွတ်မြောက်သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်စိုး၊ ‌ဆရာမ ဒေါ်လင်းမြတ်မြတ်မိုး၊ ကံပေါက်ဒေသခံ ကိုပြည်စိုး နှင့် ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာသား ကိုသက်ကိုဦး တို့ကိုမှာမူ ပြန်လွတ်မြောက်လာခြင်းမရှိသေးပေ။ ၎င်းတို့အား ကံ‌ပေါက်ဒေသရှိ ရေတပ်စခန်းတခု တွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၄ ရက်က ကံပေါက်ဒေသခံ ၉ ဦး ဆက်တိုက်အဖမ်းခံခဲ့ရပြီး […]

သထုံတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

diz_admin

November 26, 2021

မွန်ပြည်နယ် သထုံမြို့ပေါ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း အချိန်ခန့်က ဗုံးပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်တွင် သထုံမြို့ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ အောက်ကျင်းရပ်ကွက်တွင် တစ်ကြိမ်၊ လိပ်အင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် ဘင်လှိုင်ရပ်ကွက်တွင် တစ်ကြိမ် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ၎င်းပြင် ယနေ့နံနက်အစောပိုင်းမှာပင် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “မနက်က ပေါက်ကွဲနဲ့ ပတ်သက်ပြီး လူ ထိခိုက်တာတော့ မကြားမိဘူး၊ မရှိဘူးလို့ သိရတယ်၊ အခု တစ်မြို့လုံးမှာတော့ စစ်ဆေးမှုတွေ ရှိနေတယ်” ဟု သထုံမြို့ခံတစ်ဦးက […]

နဘုလယ်ဒေသတွင် ကျောင်းဆရာတစ်ဦး အပါအဝင် လေးဦး အဖမ်းခံရ

diz_admin

November 25, 2021

ထားဝယ်ခရိုင် နဘုလယ်ဒေသ ထိန်ကြီးရွာတွင် နိုဝင်ဘာ ၂၄ ရက်နေ့ည ၁၁ နာရီခန့်က ကျောင်းဆရာတစ်ဦး၊ NLD ပါတီဝင်တစ်ဦးအပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။ အဆိုပါဖမ်းဆီးခံရသူများမှာ ထိန်ကြီး ကျေးရွာနေ ဦးနေဇာ၊ ဦးမြတ်စိုး၊ ဦးစိုးသိန်း၊ မရုပ်မဒု ဆိုသူတို့ဖြစ်သည်။ “ည ဆယ်တစ်နာရီလောက်က ဝင်ဖမ်းတယ်။ ရွာကသတင်းပေးတဲ့သူက အမြဲတမ်းသူတို့နဲ့ပါနေတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ ဦးနေဇာသည် ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါ ကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်ဆရာတစ်ဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဦးမြတ်စိုးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီခံရသူ လေးဦးစလုံးကို နိုဝင်ဘာ ၂၅ ယနေ့မနက်ပိုင်းအထိတွင် ဧကနိကျေးရွာ ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ ရေဖြူမြို့နယ် မြောက်ပိုင်းတွင် […]

ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ

diz_admin

November 24, 2021

မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုဟိန်းထက်၏နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ သူ၏ မိသားစု နေအိမ်အား ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်သည်။ “လူမနေတဲ့အိမ်ကို ချိတ်ပိတ်သွားတာပါ။ အဲဒီအိမ်မှာလူမနေတာ အခုဆိုသုံးလေးလ လောက်ရှိနေပြီ” ဟု ဝံတွင်းရွာခံတစ်ဦးက ဆိုသည်။ ထားဝယ်ဒေသတွင် ထင်ရှားသော လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဟိန်းထက်သည် စစ်အာဏာမသိမ်းခင်က လူငယ်ရေးရာကိစ္စများကို တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရေဖြူကျေးရွာတွင် လူငယ်ဖွံ့ဖြိုးရေးစင်တာ Youth Development Institute (YDI) ကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ယင်းစင်တာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် လပိုင်းအတွင်းဝင်စီးခဲ့ဖူးသည်။ အာဏာသိမ်းပြီးနောက် […]

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

diz_admin

November 24, 2021

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။ မြိတ်နှင့်တနင်္သာရီမြို့တို့ အကြားရှိ ဝိုင်းတောင်ဂိတ်၊ တနင်္သာရီမြို့အဝင်တံတားဂိတ်နှင့် မြိတ်မြို့ အနီးရှိ သမုတ်-လော့လော့တံတားဂိတ်များတွင် ကောက်ခံနေကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ “အဓိကကတော့ တံတားကြီးတွေမှာပဲ ကောက်တာပါခင်ဗျား”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုကြောင့် လက်ရှိတွင် ဖြတ်သန်းခကောက်ခံသည့် စုစုပေါင်း တံတား ၄ စင်းရှိနေသည်။ အဆိုပါတံတားများတွင် ဖြတ်သန်းသည့်ကားအရွယ်အစားအပေါ်မူတည်ပြီး ကောက်ခံနေခြင်းဖြစ်သည်။ ထို့အပြင် တိုင်းအတွင်း လမ်းအသုံးပြုခကောက်ခံသည့်နေရာ ၅ ခုရှိသည်။ ထားဝယ်မြို့နယ်တွင် ၂ နေရာ၊ ကော့သောင်းတွင် ၁ နေရာ၊ […]