ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အလူမီနီယံကုန်ကြမ်းဈေး နှစ်ဆခန့်ခုန်တက်၊ အလုပ်အပ်သူနည်း

diz_admin

November 30, 2021

ပြတင်းပေါက်၊ ဗီရိုကဲ့သို့ အိမ်သုံးပရိဘောဂပစ္စည်းများလုပ်သည့် အလူမီနီယံချောင်းများ၏ဈေးနှုန်းမှာ ပြီးခဲ့သည့်လမှစကာ နှစ်ဆခန့်တက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဖြင့်အိမ်သုံးပစ္စည်းလုပ်နေသူအချို့ထံမှ သိရသည်။ ဥပမာအားဖြင့် ဗီရိုနှင့် ပစ္စည်းတင်စင် ပြုလုပ်ရာတွင် အသုံးပြုရသည့် ၃လက်မ ၁ လက်မ အရွယ် အလူမီနီယံတစ်ချောင်း၏ဈေးမှာ ယခင်က ၁၆၅၀၀ ကျပ်သာ ရှိရာမှ လက်ရှိတွင် ၃၁၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပစ္စည်း လုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ပြတင်းပေါက်ပြုလုပ်ရာတွင်အသုံးပြုရသည့် အလူမီနီယံချောင်းများလည်း ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့်နေအိမ်ပြတင်းပေါက်များတွင် တပ်ဆင်မှုများသည့် လေးပေသုံးပေ အကျယ်ရှိသည့် ပြတင်းပေါက်တစ်ပေါက်လျှင် တစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျော်အထိ ကျသင့်လျက်ရှိသည်။ ထိုသို့ ဈေးတက်သွားသည့်အတွက် အလုပ်အပ်သူနည်းသွားကြောင်း အလူမီယံလုပ်နေသူအချို့က ညည်းတွားကြသည်။ ထိုကြောင့် နေအိမ်တွင် လုံခြုံရေးအတွက် မဖြစ်မနေတပ်ဆင်ရမည့် […]

7 Day သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်တွင် လူငယ်သုံးဦး ထပ်ဖမ်းခံရ

diz_admin

November 30, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး၊ 7 Day ဂျာနယ် သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်မြို့တွင် လူငယ်သုံးဦး ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထပ်မံအဖမ်းခံလိုက်ရကြောင်း သိရသည်။ အဖမ်းခံလိုက်ရသူများမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုထူးမြတ်လွင်၊ 7 Day ဂျာနယ်သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့ ဖြစ်ကြသည်။ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့မှာ မောင်နှမတော်စပ်သည်။ အဆိုပါလူငယ်သုံးဦးသည် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ကိုစိုင်းကိုကိုထွန်း၏နေအိမ်တွင်ရှိနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သိရသလောက်ကတော့ မနက် ၆ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတယ်လို့ပဲသိရသေးတယ်။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာမျိုးအသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ ကိုထူးမြတ်လွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆန္ဒပြသပိတ်ဦးဆောင်သူတစ်ဦးဖြစ်ကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကိုစိုင်းကိုကိုထွန်းမှာ […]

မြန်မာရွှေ့‌‌ပြောင်း အလုပ်သမား ၁၄၀ ကျော် ကော့သောင်း ပြန်ပို့

diz_admin

November 29, 2021

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ဦး‌ကျော်တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ကျား ၆ ဦးနှင့် ၊ ကလေး ( မ ) ၁ ဦး၊ စုစုပေါင်း ၁၄၃ ဦးတို့ ပါဝင်ကြောင်း FBD ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြသည်။ ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။ ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူတို့အား […]

ပြည်သူ့စစ်နှင့် ပုလော PDF ပစ်ခတ်မှုဖြစ်

diz_admin

November 29, 2021

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ပျူစောထီးဟု ခေါ်သည့် ပဝတ်ကုန်းပြည်သူ့စစ်အဖွဲ့ဝင် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်း၏ နေအိမ်သို့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လာဝိုင်းစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ကပြောသည်။ နေအိမ်သို့ ဝိုင်းနေချိန်တွင် နေအိမ်အတွင်းမှ ဦးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက် ပျူစောထီးအဖွဲ့မှ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။ “ဦးထွန်းထွန်းအိမ်ထဲမှာလည်း လူလေးငါးခြောက်ယောက်လောက် ရှိမယ်ထင်တယ်။ မိနစ်သုံးဆယ်လောက်ရှိတယ် အပြန်အလှန်ပစ်ကြတာ”ဟု ပဝတ်ကုန်းရွာသား တစ်ဉီးကပြောသည်။ ယင်းနောက် အခြားရွာသားတစ်ဦးဖြစ်သူ ဦးပေသီး ဆိုသူ၏ နေအိမ်ကိုလည်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားဝိုင်းခဲ့ပြီး ၎င်းမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း ရွာသားများက ဆိုသည်။ ယင်းပစ်ခတ်မှုများကြောင့် နှစ်ဖက် […]

မြိတ် ပသောင်းတံတား ယဉ်တိုက်မှု ရှစ်ဦး ဒဏ်ရာရ

diz_admin

November 29, 2021

မြိတ်မြို့နယ်ရှိ ပသောင်းတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများနင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီဖက်မှ မောင်းနှင်လာသည့် အိမ်စီးကားသည် ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်ရှေ့အရောက်တွင် မြိတ်ဖက်မှလာသည့် သုံးဘီးယာဉ်ငယ်တစ်စီးအားဝင်တိုက်ခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့်ဆိုင်ကယ်များနှင့် လူများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသားများကပြောသည်။ “ဒရောသောပါးဖြစ်ပြီး စင်ထွက်လာတော့ ယာဉ်စစ်ဆေးနေတဲ့ရဲရော စစ်ဆေးခံနေတဲ့သူတွေပါ အားလုံးထိကုန်တာပေါ့”ဟု မဇောကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ဒဏ်ရာရသူများအား မြိတ်မြို့၊ စစ်ဆေးရုံသို့ တင်ဆောင်သွားပြီး ယာဉ်မောင်းနှင့်ယာဉ်ကိုမူ စစ်ဆေးနေကြောင်း အထက်ပါတာဝန်ရှိသူ ကဆိုသည်။

ထားဝယ်တွင် နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦး အဖမ်းခံရ

diz_admin

November 28, 2021

ထားဝယ်မြို့နေ စိုက်ပျိုးရေးဌာန နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီမှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဖမ်းခံရသူများ၏ မိတ်ဆွေများ ထံမှ သိရသည်။ ထိုလူငယ် ၅ ဦးသည် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ ၎င်းတို့၏သူငယ်ချင်းနေအိမ်သို့ အလည်ရောက်ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း ၎င်းတို့၏ မိတ်ဆွေများထံမှ သိရသည်။ နိုဝင်ဘာလ၂၈ မနက် ၅ နာရီ ခန့်တွင် ထားဝယ် ညောင်ရမ်းတောင်ရပ်ကွက်ရှိ ကိုဘိုဘိုမင်း၏ နေအိမ်သို့ အထက်ပါသူငယ်ချင်းများ ရောက်ရှိနေစဉ် ရဲယူနီဖောင်းဝတ်နှင့် အရပ်ဝတ်လူ ၅ ဦးတို့ ရောက်ရှိလာကာ အထက်ပါလူငယ် ၅ ဦး အပါအဝင် အိမ်ရှင် ကိုဘိုဘိုမင်း၏မိခင်၊ အမျိုးသမီးငယ် ၃ ဦး၊ ကလေးငယ် […]

မြိတ်လျှပ်စစ်မီတာခ ၅၀၀ ကျပ်နီးပါးရောက်

diz_admin

November 28, 2021

မြိတ်မြို့တွင်လျှပ်စစ်မီတာသုံးစွဲခ ယခုလအတွင်း တစ်ယူနစ်လျှင်၅၀၀ကျပ်နီးပါးအထိပေးဆောင်နေရပြီဖြစ်ကြောင်းလျှပ်စစ်မီးသုံးစွဲသူတို့ထံမှသိရသည်။ မီတာခဈေးနှုန်းများအနေဖြင့်ယခုနှစ်အစဇန်နဝါရီလကတစ်ယူနစ်လျှင် ၂၃၅ကျပ်မှဖေဖေါ်ဝါရီလတွင်၂၅၈ကျပ်၊ မတ်လတွင်၂၈၀ကျပ်၊ဧပြီလ၂၉၅ကျပ်နှင့်မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ကျပ်၊ ဩဂုတ်လတွင် ၃၉၈ကျပ်နှင့် စက်တင်ဘာလတွင် ၄၂၀ကျပ်အထိပေးဆောင်ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလအတွက်တစ်ယူနစ်လျှင်၄၇၀ကျပ်သို့ တိုးမြင့်ကောက်ခံနေခြင်း ဖြစ်သည်။ “ဒီဇယ်ဈေးကလည်းတက်နေတယ်။ တောက်လျှောက်ပဲ” ဟု Petro & Trans Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင်ဒီဇယ်လောင်စာဆီတစ်လီတာလျင်၁၃၀၀ကျပ်နှုန်းဖြင့်ဝယ်ယူနေရသဖြင့်မီတာခဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူက ပြောပြသည်။ မီတာခဈေးနှုန်းမြှင့်တက်လာနေသဖြင့်တွင်ခုံလုပ်ငန်း၊မော်‌တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းစသဖြင့်အသေးစားလုပ်တစ်ချို့ရေရှည်ရပ်တည်နိုင်ရန်အတားအဆီးတစ်ခုဖြစ်နေရကြောင်းယင်းလုပ်ငန်းလုပ်ကိုင်သူအချို့ကဆိုသည်။ မြိတ်မြို့နယ်အတွက်တစ်ယူနစ်၂၉၂ကျပ်နှုန်းဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co.,Ltd ကပြီးခဲ့သည့်အစိုးရလက်ထက်ကတင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေး ပြန်တပ်လှန့်နေချိန် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်

diz_admin

November 27, 2021

ဗိုင်းရပ် မျိုးဗီဇပြောင်းပြီး ကိုဗစ်စတုတ္ထလှိုင်း ပြန်စနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေချိန်တွင် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြို့အဝင်ဂိတ်များကို ဖြတ်သန်းရာတွင် ဆိုင်ကယ်၊ မော်တော်ယာဉ်ဖြင့်လာသူများအား ခြေလျင်ဖြတ်ခိုင်းပြီး နှာခေါင်းစည်းချွတ်ရန် ပြောဆိုနေကြောင်း ဂိတ်ဖြတ်သန်းပြီး သွားလာနေသည့် ဒေသခံများက ပြောသည်။ ထားဝယ်မြို့တွင် မြို့အဝင်အထွက်ဂိတ် လေးခုရှိပြီး ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ရန် စာရေးထားကြောင်း ၎င်းတို့က ဆိုသည်။ ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ထားရန်နှင့် အခြားနေရာရောက်မှသာတပ်ရန် ပြောဆိုခဲ့ကြောင်း ဗျောတောဝဂိတ်အား ဖြတ်သန်းရသည့် မေတ္တာမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “ကိုဗစ်ကူးနေတဲ့အချိန်ကြီးမှာ နှာခေါင်းစည်းဖြုတ်ခိုင်းတာတော့ တစ်ကယ်အံ့သြမိတယ်”ဟု ၎င်းက ဆိုသည်။ ပေါက်တိုင်းတံတားတွင်လည်း နှာခေါင်းစည်းဖြုတ်ပြီးမှ ဖြတ်ကြရန် အော်ပြောနေသည်ကို ကြုံရကြောင်း သုံးဘီကားမောင်းသူတစ်ဦးက ပြောသည်။ ဂိတ်ဖြတ်ရာတွင် CCTV ကင်မရာတပ်ထားသည့်အတွက် နှာခေါင်းစည်းမတပ်ရန် […]