စားသောက်ဆိုင်ရှင် ထိုင်းရဲတပ်ကြပ်ကြီးက မြန်မာအမျိုးသမီးလုပ်သားကို အဓမ္မပြုကျင့်
Dawei Watch
July 8, 2025ထိုင်းနိုင်ငံ၊ နခွန်နယွတ်ခရိုင်တွင် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားကို အတင်းအဓမ္မပြုကျင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်နယွတ်ခရိုင်၊ ပါ့ဖလီဒေသရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်ပြီး ငါးရက်မြောက်ဖြစ်သည့် ဇူလိုင်လ ၇ရက်တွင် မြန်မာအမျိုးသမီး အလုပ်သမား တစ်ဦးတည်းရှိနေချိန် အလုပ်ရှင်က အိပ်ခန်းထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် အဓမ္မပြုကျင့်ခံရသူအပါအဝင် ဆိုင်တွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီးသုံးဦးသည် ဇူလိုင်လ ၇ရက် မွန်းလွဲ ၁နာရီခန့်တွင် အလုပ်ရှင် မရှိချိန် ဆိုင်ထဲမှ ထွက်ပြေးလာပြီး လမ်းပေါ်သွားလာနေသော ကားများကို တားဆီး၍ အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။ မြန်မာအမျိုးသမီးများက လက်ပြတားဆီးသော်လည်း ကားမရပ်ပေးကြသဖြင့် လမ်းလယ်သို့ ထွက်ပြေး၍ တားဆီးခဲ့စဉ် ကားများ ရုတ်တရက် ဘရိတ်နင်း၍ ရပ်တန့်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားသမားများက […]


