သုခ နယ်စပ်စခန်းမသိမ်းမီ စခန်းတာဝန်ခံဗိုလ်ကြီး KNU နှင့်ပူးပေါင်း
Dawei Watch
July 9, 2025ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုမီ လေးရက် ကြိုတင်ပြီး စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး (ခေါ်) စောမိုးဇက်သည် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များထံ ဘက်ပြောင်းခိုလှုံကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ဗိုလ်ကြီးမျိုးဆွေဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၂ က ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “သုခ မတိုက်ခင် လေးရက်ကြိုပြီးတော့ ကျွန်တော်တို့ဆီကို ဝင်လာတာပေါ့နော်” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ တော်လှန်ရေးတပ်များထံ ဘက်ပြောင်းပူးပေါင်းမှုနှင့် ပတ်သက်၍ ဗိုလ်ကြီးမျိုးဆွေဦး ပြောဆိုထားသည့် ရုပ်သံမှတ်တမ်း တစ်ခုလည်း အင်တာနက်လူမှုကွန်ရက်တွင် တွေ့ရသည်။ ပြည်သူလူထုအကျိုးစီးပွားကို ကြည့်ပြီး မှန်ကန်သည့်ဘက်တွင်သာ ရပ်တည်တော့မည်ဖြစ်ကာ […]


