ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားခုတ်ခံရပြီး သေဆုံး

diz_admin

June 29, 2021

မြိတ်ခရိုင် ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် လမ်းဘေးတစ်နေရာတွင် လဲနေသဖြင့် ပုလောဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ‌ပု‌လောလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးမြင်နိုင်မှာ တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း ဖြစ်သည်။ “ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စနဲ့တော့မဆိုင်ဘူး။ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးမို့လို့ တမင်သတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သေဆုံးသူသည် ၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း ဘော်လီဘော နည်းပြတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် ထောင်ကျခဲ့ဖူးပြီး ထောင်ကလွတ်လာသည်မှာမကြာသေးကြောင်း ၎င်းကပြောသည်။ ယင်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပုလောကုန်းရွာတွင် ဖမ်းဆီးစစ်ဆေးခံရနေရသူများလည်း ရှိနေကြောင်း […]

ရေးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

June 28, 2021

မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဇွန်လ ၂၈ ရက်နေ့နံနက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ယနေ့နံနက်ပိုင်းခန့်က အမည်မသိလူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားပြီးနောက် ရေး-မော်လမြိုင်လမ်းမကြီးဘေး ဆေးတောင်လမ်းဝအနီးတွင် ရုပ်အလောင်း ပြန်လည်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဆိုတော့ ပစ်သတ်သွားတယ်လို့ပဲ ယူဆရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ရေးမြို့နယ် ဟံဂံကျေးရွာအနီးတွင် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။ ၎င်းပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ […]

ထားဝယ် ဆင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်

diz_admin

June 28, 2021

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၂၇ ရက်ညက မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခန်းတစ်ခန်း မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိတွင် မီးငြိမ်းပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးက Dawei Watch သို့ ပြောသည်။ လက်ရှိတွင် မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးက ဆိုသည်။ ဆင်ဆိပ်ရပ်ကွက်သည် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုး

diz_admin

June 28, 2021

မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိတိုးလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့သည့် မွန်ပြည်နယ်တွင် ဇွန်လ ၂၇ ရက်နေ့အထိ ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိပြီး အတည်ပြုလူနာ ၆ ဦး သေဆုံးသွားခဲ့သည်။ အတည်ပြုလူနာ အများဆုံးတွေ့ရှိသည့် မြို့နယ်မှာ မော်လမြိုင်နှင့် သံဖြူဇရပ်ဖြစ်ပြီး အတည်ပြုလူနာ တစ်မြို့နယ်လျှင် အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိနေသည်။ “အခြေအနေကတော့ တစ်ယောက် Positive ဖြစ်တာနဲ့ သူနဲ့ ထိတွေ့သူတွေ အများစုကလည်း Positive ပြန်ထွက်နေတယ်၊ ကူးစက်တာမြန်တယ်၊ ကူးစက်မှုနှုန်းကလည်း မြင့်လာတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာများကို ဆေးကုသပေးနေသည့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Warb-3 နှင့် […]

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

diz_admin

June 26, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့် ပစ်ဖောက်၍ ဖြိုခွဲသော်လည်း ထိခိုက်မှုမရှိခဲ့ဘဲ ည ၇ နာရီ ဝန်းကျင်ခန့်တွင် ထိုသို့ သေနတ်ပြန်လာဖောက်ခဲ့ကြောင်း အသက် ၂၀ ကျော် အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။ “သပိတ်စစ်ကြောင်းကို လိုက်ဖြိုခွဲတာမဟုတ်ပါဘူး ခြိမ်းခြောက်ပစ်ခတ်တယ်လို့ယူဆရတယ်ဗျာ”ဟု အထက်ပါအမျိုးသားက ဆိုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့်လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရသူမရှိပေ။မြခါးပတ်ကျေးရွာသည် ထားဝယ်-ရှင်မော်တောင်ဘုရားသွား ကားလမ်းမပေါ်တွင် တည်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

diz_admin

June 26, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဥက္ကဋ္ဌဖြစ်သည်။ယခင်က ဒုတိယဥက္ကဋ္ဌ(၁)ရာထူးကို တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက တာဝန်ယူပြီး လက်ရှိတွင် တိုင်းဒေသကြီး နစက ကောင်စီအဖွဲ့ဝင် ဦးမောင်ကြီးကို တာဝန်ပေးထားသည်။ ယခင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်းမှာ လက်ရှိကော်မတီတွင်လည်း ယင်းရာထူးဖြင့်ပင် ပြန်လည်ပါဝင်လာသည်။တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် နကစကောင်စီ ဒုဥက္ကဋ္ဌက ပြောဆိုထားသည်။ အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်မှုကော်မတီများ ရှိသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် […]

လောင်းလုံးရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဝင်စီးခံရ

diz_admin

June 25, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (Youth Development Institute) ဝင်းအတွင်းသို့ ယနေ့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတို့ထံမှ သိရသည်။ ယင်းသင်တန်းကျောင်းနေရာတွင် လူငယ် ၃၀ ဦးခန့်အား ဆေးဖက်ဆိုင်ရာ ပြုစုကုသနည်းအကြောင်း သင်တန်းပေးရန် လုပ်ဆောင်နေစဉ် ရဲနှင့် စစ်သားများက သေနတ်ပစ်ဖောက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။ “သင်တန်းတောင်မစရသေးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်စကားပြောနေတဲ့အချိန်မှာ သူတို့က ဝင်လာကြတာ” ဟု ယင်းသင်တန်းတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက နေ့လယ် ၁၁ နာရီကျော်ခန့်ကပြောသည်။ အဆိုပါလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ ရေဖြူရွာအတွင်းပိုင်းရှိ တောရကျောင်း တစ်ကျောင်းအနီးတွင် တည်ရှိပြီး ဥယျာဉ်ခြံများရှိရာနေရာတွင် တည်ရှိသည်။ စစ်သားနှင့်ရဲ အင်အားငါးဆယ်ခန့်ဝင်ရောက်လာနေကြောင်း ကြိုတင်သတင်းရသဖြင့် သင်တန်းတက်ရောက်နေသူများမှာ […]

အဖမ်းခံရသည့် ကံပေါက်ဒေသခံ နှစ်ဦးပြန်လွှတ်၊ သုံးဦး ထောင်ပို့

diz_admin

June 24, 2021

ဇွန်လ တတိယအပတ်က ဖမ်းဆီးခံလိုက်ရသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံငါးဦးအနက် နှစ်ဦးကိုပြန်လွှတ်ပေးပြီး ကျန်သုံးဦးအား ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်နေ ကိုမြတ်သူရိန်အောင်(ခ) ရွှေအိုင်းသည် ဇွန်လ ၁၅ ရက်ညတွင်အဖမ်းခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းနောက် ရာဇသတ်ကြီး ဉပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲပြီး ထားဝယ်ထောင်သို့ပို့လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းအပြင် မြသီတာရပ်ကွက်နေ ဦးညီညီလွင်နှင့် ကိုပြည့်စုံဖြိုးတို့ သားအဖနှစ်ဦး၊ ဗိုလ်ချုပ်ရပ်ကွက်နေ ဦးမင်းလွင်နှင့် သမီးဖြစ်သူ မခိုင်ဆုသွယ်(ခ) မဖွေးဖွေးတို့ သားအဖနှစ်ဦးတို့သည်လည်း ဇွန်လ ၂၀ ရက်တွင် အသီးသီးအဖမ်းခံလိုက်ရကြောင်း မိသာစုဝင်တို့က ပြောသည်။ ယင်းသို့အဖမ်းခံရပြီးနောက် ဦးညီညီလွင်နှင့် ဦးမင်းလွင်တို့အား ပြန်လွှတ်ပေးလိုက်ပြီး ကျန်နှစ်ဦးကိုမူ ထားဝယ်အကျဉ်ထောင်သို့ပို့လိုက်ကြောင်း ၎င်းတို့က ပြောကြားသည်။ ၎င်းတို့သည် […]