ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်နာရီလျှင် အောက်ဆီဂျင် လေးလုံးအထိ ထုတ်နိုင်သည့်စက် ထားဝယ်သို့ ထပ်ရောက်မည်

diz_admin

July 16, 2021

တစ်နာရီစက်လည်ပတ်ပါက အောက်ဆီဂျင် ၄၀ လီတာအိုး လေးလုံးအထိ ထွက်ရှိနိုင်သည့် ရွေ့လျားအောက်ဆီဂျင်စက်တစ်လုံး ထားဝယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ အဆိုပါရွေ့လျားအောက်ဆီဂျင်စက်ကို ရန်ကုန်မြို့နေ ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းခြင်းဖြစ်ပြီး ဇူလိုင်လကုန်တွင် ရောက်မည်ဟု ခန့်မှန်းထားကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စက်ရောက်ရှိလာပါက အလှူရှင်၏ ဆန္ဒအတိုင်း ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။ “(စက်က) ကွန်တင်နာပုံးနဲ့။ လမကုန်ခင်ရောက်မယ်လို့ ပြောထားတယ်” ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။ အောက်ဆီဂျင်စက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့တွင် အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ ၂၄ နာရီ စက်လည်ပတ်ပါက အောက်ဆီဂျင် […]

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်သို့ ခရီးသည်တင်ယဉ်များ ပြေးဆွဲခွင့် ကန့်သတ်

diz_admin

July 16, 2021

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ပြေးဆွဲခွင့် မပြုတော့ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးက ပြောသည်။ “အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင်တော့ ပြန်ဖွင့်ပေးမှာ ပေါ့” ဟု ဦးသန်းစိုးဦးက ဆိုသည်။ ကုန်တင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေသွားလာရမည့်သူများကိုမူ တိုင်းအတွင်းဖြစ်စေ၊ တိုင်းပြင်ပဖြစ်စေ အကန့်အသတ်ဖြင့် သွားလာခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် မဖြစ်မနေ ခရီးသွာမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင် တို့၏ ခွင့်ပြုချက်၊ ကိုဗစ်ကင်းရှင်းကြောင်း […]

ထားဝယ် ကညနရုံးဝန်ထမ်း တစ်ဆယ်ကျော်တွင် ကိုဗစ်ပိုးတွေ့၍ ရုံးယာယီပိတ်

diz_admin

July 14, 2021

တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်းတစ်ဆယ်ကျော် ကိုဗစ်ကူးစက်ခံရသည့် အတွက် ရုံးကိုယာယီပိတ် ထားကြောင်း ယင်းဌာနထံမှ သိရသည်။ ရုံးဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည့်အတွက် ဝန်ထမ်းအားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့လယ်က စစ်ဆေးလိုက်ရာ နောက်ထပ်ဆယ်ဦးတွင် ကိုဗစ်ပိုးတွေ့ရကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ အရင်ဆုံး ပိုးတွေ့သော ဝန်ထမ်းနှစ်ဦးမှာ ဖျားနာသည့် လက္ခဏာပြနေသည့် အတွက် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကိုဗစ်ပိုးတွေ့သည့်အတွက် ထားဝယ်မြို့ရှိ ကညနဌာန၏ ရုံးလုပ်ငန်း အားလုံးကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားကြောင်း ၎င်းက ပြောသည်။ “လာတဲ့ပြည်သူတွေကိုလည်း ကူးမှာကြောက်တော့ တိုင်းကောင်စီကို တင်ပြပြီးတော့ ခေတ္တရပ်ဆိုင်းထားတယ်ခင်ဗျား” ဟု တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။ ယာယီရပ်နားသည့်အချိန်ကာလကို ယာယီအားဖြင့် […]

ကမ်းဝေး ငါးဖမ်းလှေ ထက်ဝက် ပင်လယ်ပြင် ငါးဖမ်းထွက်ခွင့်ပြု၊ သတ်မှတ်ချိန်ထက် စောထွက်ခွင့်ပေး

diz_admin

July 14, 2021

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နူန်းအား ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ လက်ရှိမြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေ ၇၀၀ ကျော်ရှိသည့်အနက် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ လှေ ထက်ဝက်ခန့်မှာ ငါးဖမ်းထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး ကပြောသည်။ “လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီးထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းကပြောသည်။မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရရာသီကို နှစ်စဉ်ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများကို သတ်မှတ်ထားသော်လည်း တပ်ကောင်စီတက်ပြီးနောက် ယခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင် သို့ပြောင်းလဲခဲ့သည်။ နော်ဝေသုတေသနသင်္ဘော၏ လေ့လာတွေ့ရှိချက်အရ ငါးသားပေါက်သည့် ရာသီတင်မကဘဲ ငါးမျိုးဥ ဥနေသည့် ရာရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် ပိတ်မှသာ ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဟု […]

ကိုဗစ်ကြောင့် မော်လမြိုင် ရတနာထွန်းပွဲရုံတန်း ယာယီပိတ်

diz_admin

July 13, 2021

ကိုဗစ်ကူးစက်မှု မြင့်တက်လာနေသဖြင့် မော်လမြိုင် ဈေးကြိုရပ်ရှိ ရတနာထွန်းပွဲရုံတန်းကို ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း ပွဲရုံတန်းမှ ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်နေသောကြောင့် ရတနာထွန်းပွဲရုံတန်းနယ်မြေအတွင်းရှိ ဆိုင်ခန်းများအားလုံး ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယာယီပိတ်ထားရန် သက်ဆိုင်ရာက စာထုတ် ညွှန်ကြားထားသည်ဟု ပွဲရုံတန်းထံမှ သိရသည်။ ပွဲရုံတန်းကို တစ်ပတ်ကြာ ပိတ်သည့်အတွက် ကုန်စည်စီးဆင်းမှု မထိခိုက်နိုင်သော်လည်း ရက်ရှည်ပိတ်ခံရမည်ဆိုပါက ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။ “တစ်ပတ်ဆိုတော့ ပြဿနာမရှိဘူး၊ တကယ်လို့ အကြာကြီးပိတ်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တယ်” ဟု ရတနာထွန်းပွဲရုံတန်းမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ မော်လမြိုင် ရတနာထွန်းပွဲရုံသည် မွန်ပြည်နယ်အပြင် အခြားတိုင်းနှင့် ပြည်နယ်အချို့တို့နှင့်လည်း ကုန်စည်ရောင်းဝယ်မှုရှိသည်ဟုလည်း ကုန်သည်များက ပြောသည်။ မွန်ပြည်နယ်အတွင်း ဆက်တိုက်မြင့်တက်လာသည့် ကိုဗစ်ကူးစက်မှုနှုန်းကို […]

တွေ့ဆုံဆွေးနွေးရန်ဟု ဖိတ်ကြားကာ ရဲစခန်းနှင့် စစ်တပ်အတွင်း စစ်မေး

diz_admin

July 13, 2021

ဆွေးနွေးစရာရှိသည်ဟုဆိုကာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆင့်ခေါ်ခဲ့သူလေးဦးကို ရဲစခန်းနှင့် စစ်တပ်ဝင်းတို့အတွင်း စစ်ဆေးမေးမြန်းနေကြောင်း သရက်ချောင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရသည်။ အဆိုပါလေးဦးအနက် အမျိုးသား သုံးဦးအား စစ်တပ်ထဲတွင်လည်းကောင်း အမျိုးသမီးတစ်ဦးအား ရဲစခန်းတွင်လည်းကောာင်း စစ်ဆေးမေးမြန်း နေကြောင်း ၎င်းထံမှ သိရသည်။ သရက်ချောင်းမြို့ မြို့မရပ်ကွက်နေ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိူးမင်းဦး ခေါ် ကိုအန့်ကူ၊ ဦးအောင်မျိုးသက်၊ ဦးပြည့်စုံဦး၊ ဒေါ်အေးအေးမွန်တို့ လေးဦးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ ၁၂ ရက်စွဲဖြင့် စာပို့ဖိတ်ကြားခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ဖိတ်ကြားထားသော အချိန်မှာ ယင်းနေ့ ညနေ ၅ နာရီဖြစ်သည်။ ယင်းနေ့ ညနေသုံးနာရီခန့်တွင် ရောက်လာသော ဖိတ်ကြားစာအရ ဖိတ်ခေါ်ခံရသူလေးဦးသည် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ကြောင်း […]

စက်ရုံအတွက် ဝယ်ထားသည့် အောက်ဆီဂျင်အိုးခွံများ ယနေ့ရောက်မည်

diz_admin

July 13, 2021

ထားဝယ်ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဧရာဝတီဘဏ်အနီးရှိ အောက်ဆီဂျင် ရောင်းချသည့် ဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။ “ရန်ကုန်မှ မဟုတ်ဘူး၊ တရုတ်ပြည်လည်း မှာမရဘူး၊ ယိုးဒယားကိုလည်း မှာမရဘူး၊ အိန္ဒိယကိုလည်း မှာမရ။ ဘယ်မှာလည်း မှာ မရဘူးဖြစ်နေတယ်။ ဘယ်မှာလည်း ပစ္စည်းမရှိဘူး” ယင်း အမျိုးသားက ဆိုသည်။ ကိုဗစ်တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုမြင့်မားလာသဖြင့် ရန်ကုန်နှင့် အခြားမြို့များတွင် အောက်ဆီဂျင်ဝယ်ယူမှုမြင့်တက်လာပြီး စက်ရုံများနှင့် အရောင်းဆိုင်များတွင် အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ ဖြစ်လာခြင်းဖြစ်သည်။ ပြည်တွင်းစက်ရုံများနှင့် နိုင်ငံခြားမှ တင်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ပိန္နဲတောရပ်ကွက် ရေးလမ်းရှိ အောက်ဆီဂျင်အိုး ရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးရှိ ပြည်တွင်းစက်ရုံများအပြင် […]

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ‌သေနတ်ပစ် ဖမ်းရန် ကြိုးပမ်း

diz_admin

July 13, 2021

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်နေသည့် လူငယ်လေးဦးကို အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းမှုတစ်ခု ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောသည်။ လူငယ်သပိတ်စစ်ကြောင်းနှင့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရန်အတွက် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် မတူညီသော လမ်းကြောင်း နှစ်ခုမှ စုရပ်သို့ ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။ ပထမလူငယ်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ် ပုံကျွန်းရပ်ကွက်သို့ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်ယောင်ခံလိုက်လာကြောင်း ၎င်းကပြောသည်။ ယင်းနောက် လူပြတ်သည့်နေရာဖြစ်သော မြောင်းပုလဲရပ်ကွက်ရှိ တံတားတစ်ခုအရောက်တွင် လက်နက်ကိုင်ထားသည့် ဆိုင်ကယ်က အရှေ့မှ ပိတ်ရပ်ကာ တားဆီးခဲ့သည်ဟု ဆိုသည်။ “သူတို့ဆိုင်ကယ်ပိတ်ရပ်ပြီးတာနဲ့ ခါးထဲကနေ ပစ္စတို(သေနတ်) […]