ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေး ကျပ်နှစ်ထောင်ကျော်အထိမြင့်တက်

diz_admin

April 19, 2022

တနင်္သာရီတိုင်းတွင် စက်သုံးဆီစျေးနှုန်း တစ်လီတာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာ‌‌ကြောင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။ ထားဝယ်မြို့တွင် လက်ရှိရောင်းချနေ‌ေသာစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (၉၂) တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၀၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ၂၄၃၀ ကျပ်အထိ မြင့်တက်သွားကြောင်း DDPC စက်သုံးဆီအရောင်းဆိုင်ထံမှ သိရှိရသည်။ “သင်္ကြန်အပြီး လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စက်သုံးဆီဈေး ၂၀၀၀ ကျော်နေပြီ” ဟု လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသူ တစ်ဦးမှ ဆိုသည်။ နှစ်ဆန်းတစ်ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၀၁၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၁၈၀ […]

သားအသတ်ခံရပြီး ၇ လအကြာအမေဖြစ်သူ ထပ်မံပစ်သတ်ခံရ

diz_admin

April 19, 2022

ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာတွင် နေထိုင်သည့်စစ်ကောင်စီ သတင်းပေးဆိုသူ ဦးမိုးဟိန်း အသတ်ခံရပြီး ၇ လအကြာ ဧပြီလ ၁၈ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က အမေဖြစ်သူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဦးမိုးဟိန်း၏အမေ အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိ ဒေါ်နှင်းရီဆိုသူဖြစ်သည်။ ယင်းနေ့ည ဆယ်နာရီခန့်က သေနတ်ကိုင် လူငယ်နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး သားမက်ဖြစ်သူ ဦးစိုးသိန်း နှင့် သမီးဖြစ်သူဒေါ်ချိုတို့၏ နာမည်များခေါ်ပြီး တံခါးဖွင့်ခိုင်းသည်ကို ကြားရကြောင်း၊ ယင်းနောက် စကားပြောသံများ၊ သေနတ်သံများ ကြားရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဦးစိုးသိန်းက လည်ပင်းရှပ်ထိဒါဏ်ရာနဲ့ သေချင်ယောင်ဆောင် နေတယ်လို့ပြောတယ်။ ဒေါ်နှင်းရီကတော့ နားအုံကို ထိသွားတယ်”ဟု ၎င်းကပြောသည်။ ၎င်းတို့မိသားစုသည် ညတွင်းချင်းတိမ်းရှောင်သွားသည်ဟု သိရပြီး ဒေါ်နှင်းရီကိုမူ သေသည်ဟုထင်ကာ နေအိပ်ပေါ်တွင် […]

မြိတ်တွင် မီးသွေးစျေး အဆမတန်မြင့်တက်

diz_admin

April 19, 2022

လျှပ်စစ်မီတာခများ စျေးနှုန်းမြင့်တက်နေသည့် တနင်္သာရီတိုင်း၌ မီးသွေးအသုံးပြုမှုများ ပိုမိုမြင့်တက်လာပြီး မြိတ်မြို့တွင် နှစ်တင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိ ပေးကာဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လမတိုင်မီက မြိတ်မြို့အတွင်း နှစ်တင်းဝင်မီးသွေးတစ်အိတ်လျှင် အိမ်အရောက်ပို့ ကျပ်ခြောက်ထောင်သာရှိခဲ့သော်လည်း ယခုဧပြီလတွင် အိမ်အရောက် ကျပ်တစ်သောင်းအထိ ပေးဝယ်နေရကြောင်း အိမ်ရှင်မများ ထံမှသိရသည်။ “မီးသွေးက အရင်လို ဝယ်ချင်တိုင်း ဝယ်လို့မရတော့ဘူး”ဟု မြိတ်မြို့နေအိမ်ရှင်မတစ်ဦးက ပြောသည်။ ကျွန်းစုမြို့နယ်ရှိ ရွာများတွင် မီးသွေးထုတ်လုပ်နေပြီး မြိတ်မြို့သို့လှေကြီးများဖြင့် လာရောက်ရောင်းချနေခြင်းဖြစ်ကာ ယခင်လို လက်တန်းဝယ်ရန်မလွယ်ကူတော့၍ ကြိုမှာထားရသည်ဟု မီးသွေးဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချသူ အမျိုးသားတစ်ဦးကဆိုသည်။ “လှေလာဆိုက်တာနဲ့ ကုန်ပြီ အားလုံးသူ့အော်ဒါနဲ့သူ လာယူလိုက်ကြတာ ကြိုမှာမှရတော့တယ်”ဟု ၎င်းကပြောသည်။ လျှပ်စစ်မီတာခများ စျေးမြင့်လာသည့်အတွက် မီးသွေးကို ဝယ်လိုအား ပိုများလာသဖြင့် စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် […]

သရက်ချောင်း တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါပြန်တွေ့၊ ဆေးဝါးအခက်အခဲဖြစ်

diz_admin

April 18, 2022

တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားနေပြီး ဆေးဝါးအခက်အခဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လမှစပြီး ငှက်ဖျားပိုးစတင်စစ်ဆေးတွေ့ရှိလာပြီး ဧပြီလ ၁၈ ရက်အထိ ပိုးတွေ့သူ ၂၀ ဦးခန့် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲတွင် ကျေးရွာဆယ်ရွာရှိပြီး ယခုငှက်ဖျားပိုး‌စစ်ဆေးတွေ့ရှိသူ ၂၀ ဦးမှာ ကျွဲခြံ၊ ဝမ်းကဖော်၊ ကျောက်အိုက်၊ မယ်ကဲ၊ ရေဗျတ်၊ အလယ်စု စသည့် ကျေးရွာခြောက်ရွာရှိ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “အခုလောလောဆယ်တော့ ငှက်ဖျားမိနေတဲ့သူ ငါဦးကျန်သေးတယ်။ ကျန်တဲ့သူတွေကတော့ သက်သာနေပြီ” ဟု ၎င်းက ပြောသည်။ တောင်ပျောက်တိုက်နယ်ထဲ အခြားကျေးရွာလေးရွာတွင် ငှက်ဖျားရောဂါဖြစ်ပွားမူ ရှိနေသော်လည်း လူဦးရေမည်မျှ ဖြစ်ပွားနေသည်ကို […]

တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း ဒလန်ဟုဆိုသူ ၂၀ နီးပါး အသတ်ခံရ

diz_admin

April 18, 2022

တနင်္သာရီတိုင်းတွင် ဧပြီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတင်းပေး ဒလန်ဟုဆိုကာ သတ်ဖြတ်ခံရသူ ၁၈ဦး ရှိကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းထားချက်၊ ထုတ်ပြန်ချက်များအရ သိရသည်။ ဧပြီလ နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ အသတ်ခံရသူများတွင် လောင်းလုံး မြို့နယ်က ၁၀ ဦးရှိပြီး ရေဖြူတွင် လေးဦး၊ ထားဝယ်တွင် နှစ်ဦး၊ ပုလောတွင် တစ်ဦး၊ မြိတ်တွင် တစ်ဦး ရှိသည်ကို တွေ့ရသည်။ လောင်းလုံးမြို့နယ်က တစ်ဦးမှာ တိုက်ခိုက်ခံရသော်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ အသတ်ခံရသူများမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ၊ စစ်ကောင်စီအားပေး ထောက်ခံသူ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ စစ်တပ်နှင့် ရဲသတင်းပေး ဒလန်ဟုဆိုသူများအပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း ပစ်ခတ်ရှင်းလင်းမှုများကို လုပ်ဆောင်ပြီးနောက် […]

ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ

diz_admin

April 18, 2022

ပုလောမြို့အဝင် အနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း ဧပြီလ ၁၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း အနီးဝန်းကျင်ကျေးရွာများက ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၇ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ထားဝယ်ဖက်က ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ပုလောမြို့ ၂၈၅ တပ်ရင်းအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကားခုနှစ်စီးအနက် နောက်ဆုံးသုံးစီး မိုင်းဆွဲခံရသည်ဟု ဒေသခံများက ဆိုသည်။ “တော်တော်ကို ထိသွားတယ်လို့ ကြားရတယ်။ (ကားလမ်းအနီး) တောင်ပေါ်ကိုလည်း သေနတ်တွေနဲ့ ပစ်ကြသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF နှင့် ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း PPDF က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ တပ်သား နှစ်ဉီး […]

ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးအတွင်း နှစ်ဆန်းတစ်ရက်နေ့ မြင်ကွင်းများ

diz_admin

April 17, 2022

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးအတွင်း ဘုရားဖူးဧည့်သည်းများဖြင့် စည်ကားလျက်ရှိသည်ကို မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ )ရက် ညနေပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ – Dawei Watch

သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာဧရိယာအတွင်း စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

April 17, 2022

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအလွန် ကမြိုင်ကျေးရွာ ဧရိယာအဝင် မြိတ်-ထားဝယ် ကားလမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက် ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။ အဆိုပါ စစ်တပ်ကား သုံးစီးမှာ မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သားများ ကားပေါ်မှဆင်း၍ ပစ်ခတ်စဉ် မိုင်းဆွဲတိုက်ခိုက်သူတို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ မိုင်းဆွဲခံရသည့်နေရာအနီးရှိ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးနေပြီး အနီးဝန်းကျင်ရှိ ရော်ဘာခြံအလုပ်လုပ်ကိုင်သူ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကားသုံးစီးနှင့် ကရိန်းကားတစ်စီးကိုတွေ့ရကြောင်း သရက်ချောင်းမြို့ဘက်မှ ကျွဲမင်းကုန်းရွာကို ပြန်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကားတစ်စီးကြေသွားတယ်၊ အခုကရိန်းကားနဲ့ လာဆွဲနေတာထင်တယ်၊ မနက်တုန်းက အရေးပေါ်ကားနဲ့တင်ဆောင်သွားတဲ့ လူနာတွေရှိတယ်” […]