ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်းမြို့နယ် လေညာတွင် တိုက်ပွဲဖြစ်နေ

diz_admin

April 23, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာမြို့နယ်ခွဲတွင် ယနေ့ (ဧပြီ ၂၃) ညပိုင်း တိုက်ပွဲဖြစ်ပွား နေကြောင်း ဒေသခံများထံမှ သိရသည်။ လေညာမြို့ လေညာ-ရတနာပုံလမ်းခွဲအနီးတွင် ယနေ့ည ၆ နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း လေညာဒေသခံများက ပြောသည်။ “တိုက်ပွဲကြမ်းတယ်။ လက်နက်ကြီးအသံတွေလည်း ဆက်တိုက်ကြားနေရတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်နေကြပြီး အထိအခိုက် အကျအဆုံး ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံများကဆိုသည်။ တိုက်ပွဲကြောင့် ပြည်ကြီးမဏ္ဍိုင်နှင့် လေညာဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံအချို့ကပြောသည်။ ည ၈ နာရီဝန်းကျင်တွင် တိုက်ပွဲက ပြန်လည်ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းစုတွင် နေအိမ်လေးလုံး မီးလောင်

diz_admin

April 23, 2022

မြိတ်ခရိုင် ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ယနေ့ (ဧပြီ ၂၃) မွန်းလွဲပိုင်းက နေအိမ် လေးလုံး မီးလောင်ကျွမ်းကြောင်း ယင်းကျေးရွာသားတို့ထံမှ သိရသည်။ ပဲ့တိုင်ကျေးရွာ ဘောလုံးကွင်းနံဘေးရှိ နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့သည့်မီးမှတစ်ဆင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကျေးရွာသားအချို့က ပြောပြသည်။ “မီးစလောင်တဲ့အိမ်မှာ လူမရှိကြဘူး။ တစ်အိမ်လုံး အလုပ်သွား‌နေကြတာ” ဟု ပဲ့တိုင်‌ရွာနေ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းသည့် အကြောင်းအရင်း စစ်‌ဆေးနေဆဲဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မီးလောင်ကျွမ်းသည့်နေအိမ်တို့အား ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ရွာသားများထံမှ သိရသည်။ မီးလောင်မှုကြောင့် ဓနိမိုး၊ ပျဉ်ခင်း နေအိမ်လေးဆောင် ပျက်စီးဆုံးရှုံးကြောင်း ရွာသားများထံမှ သိရသည်။ ပဲ့တိုင်ကျေးရွာသည် ပင်လယ်ကျေးရွာတစ်ရွာဖြစ်ပြီး မြိတ်မှ […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၁၅၀ နီးပါး အဖမ်းခံရ

diz_admin

April 23, 2022

ထိုင်းနိုင်ငံသို့ ဧပြီလ ၁၈ မှ ၂၂ ရက်အထိ ၅ ရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ နီးပါး ဖမ်းဆီးခံရကြောင်း ထိုင်းမီဒီယာများတွင် သတင်းဖော်ပြချက်များအရ သိရသည်။ ဧပြီလ ၁၈ ရက်နေ့ တာခ့်ခရိုင် ဝမ်ကျောင့်မြို့ရှိ တောတွင်းတစ်နေရာတွင် မြန်မာလုပ်သား ၇၃ ဦး၊ ဧပြီလ ၂၁ ရက် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ကား သုံးစီးပေါ်တွင် မြန်မာလုပ်သား ၃၈ ဦး၊ ဧပြီလ ၂၂ ရက် စွန်ခရာ ခရိုင်တွင် ၁၁ဦးနှင့် ချွန်ဖွန်ခရိုင် တောတွင်းတစ်နေရာတွင် ၂၆ ဦး စုစုပေါင်း ၁၄၈ဦးအထိ အဖမ်းခံရကြောင်း ယင်းဖော်ပြချက်များအရ သိရသည်။ ဧပြီလ ၂၂ […]

မြိတ်တွင် ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

diz_admin

April 23, 2022

မြိတ်မြို့တွင် ယနေ့ (ဧပြီ ၂၃) နံနက် ၁၀ ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက် အမှတ် (၉) အထက်တန်ကျောင်း အနောက်ဖက်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အသံကကြမ်းတယ်။ မီးခိုးလုံးတွေလည်း ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ လက်နှစ်ဖက်တွင် ဒဏ်ရာ အနည်းငယ်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ “ကျောပိုးအိပ်ကို သွားကောက်လိုက်ချိန် ပေါက်ကွဲသွားတယ်လို့ ကာယကံရှင် ဒဏ်ရာရသူကိုယ်တိုင်က ပြောပြတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရသူအား အရေးပေါ်ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း […]

ထားဝယ်တွင် တညင်းသီးအထွက်နည်း၍ ဈေးကောင်းရ

diz_admin

April 23, 2022

တနင်္သာရီတိုင်းတွင် ယခုနှစ်တညင်းသီး အထွက်နည်း၍ ထားဝယ်ထွက်တညင်းသီးများ စျေးကောင်းရနေကြောင်း ခြံပိုင်ရှင်များထံမှသိရသည်။ ယခုနှစ်ရာသီအစတွင် တညင်းသီးတစ်ခြင်း (ငါးထည့်ခြင်းအလတ်စားတစ်ခြင်း)ကို နှစ်သောင်းကျပ် အထိပေး၍ ရွာအထိဆင်းဝယ်နေကြပြီး ယမန်နှစ်က ရာသီအစထက် ငွေကျပ်ရှစ်ထောင်ခန့် ဈေးပိုရရှိသည်ဟု ခြံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်ခါမှ ဒီဈေးမရဖူးဘူး။ ပေါလာရင်တော့ ဈေးကျနိုင်တယ် “ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလခန့်က မိုးရွာခြင်း၊ နှင်းခါးထိခြင်းတို့ကြောင့် ယခုနှစ်တညင်းသီး အထွက်နှုန်းသိသိသာသာ လျှော့နည်းကြောင်း ခြံပိုင်ရှင်တစ်ဦးကလည်းဆိုသည်။ “အရင် တစ်ပင်ခူးရင်တောင် ငါးခြင်းလောက်ရတဲ့ပင်ရှိတယ်။ အခုက သုံးပင်ခူးတာတောင် သုံးခြင်းနဲ့တစ်ဝက်ပဲရတယ်”ဟု ၎င်းကပြောသည်။ ထားဝယ်တွင် တညင်းသီးကို သင်္ကြန်ပြီးအချိန်လောက်မှစပြီး ဆွတ်ခူးလေ့ရှိကြပြီး ကဆုန်လလောက်တွင် ခြံရှင်းခူးရောင်းလေ့ရှိကြသည်။ “မနှစ်က ဆယ်လုံးကို တစ်ရာလေ။ အခုနှစ်က ဆယ်လုံးကို ခုနှစ်ရာလောက်ပေးဝယ် နေရတယ်”ဟု ထားဝယ်မှ မုံရွာဘက်ပို့နေသော […]

ပုလောတွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၍ စစ်ကားနှစ်စီးပျက်စီးဟုဆို

diz_admin

April 23, 2022

တနင်္သာရီတိုင်း၊ ပုလောတွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရပြီး ကားနှစ်စီးမီးလောင်ပျက်စီးကာ အထိအခိုက်အကျဆုံးများရှိနိုင်ကြောင်း ဒေသခံများကပြောဆိုသည်။ ယနေ့ (ဧပြီ ၂၃) နံနက် ၁ နာရီဝန်းကျင်က ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနှင့် ကဒဲကျေးရွာ အကြား ကားလမ်းမကြီးပေါ်တွင် ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ၁ နာရီနီးပါးခန့်ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။ “ပထမပေါက်ကွဲသံက မိုးကြိုးပစ်လိုက်သလို အကျယ်ကြီးပဲ နောက်ပေါက်ကွဲတဲ့အသံတွေက နဲနဲတိုးတယ်”ဟု ရွာသားတစ်ဦးကဆိုသည်။ ပေါက်ကွဲသံများနှင့်အတူ အပြန်အလှန်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်သံများလည်း ၁ နာရီနီးပါးခန့်ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။ “မိုးလင်းလို့ထွက်ကြည့်တော့ သင်္ကန်းတောမှာကားတစ်စီးမီးလောင်ပြီး ပက်လက်လန်နေတာတွေ့ရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့နံနက်ပိုင်းတွင် ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။ မြိတ်ဘက်မှလာသည့် စစ်ကား ၁၂ စီးပါယာဉ်တန်းအား သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာသည့်ယာဉ်တန်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း […]

သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီး အသံဗုံးပေါက်

diz_admin

April 22, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီးတွင် ယနေ့ (ဧပြီ ၂၂) နံနက် ၇ နာရီခွဲခန့်တွင် အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က‌ ပြောသည်။ အဆိုပါ အသံဗုံးပေါက်ကွဲမှုမှာ မင်္ဂလာပွဲနှင့် ကိုက် ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ရန်တောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးဖောက်ခွဲသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ဖောက်ခွဲခဲ့သည်တို့ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဧပြီလ ၁၀ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာတွင် မင်္ဂလာပွဲအပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၁ ရက်တွင် ကြက်ယက်တွင်းကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေစဉ် အနီးဝန်းကျင်၌ ပေါက်ကွဲသံနှင့် သေနတ်သံများ ထွက်ပေါ်ခဲ့သေးသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့က ပျော်ပွဲရွှင်ပွဲများ၊ မင်္ဂလာပွဲများ မကျင်းပရန် မေတ္တာရပ်ခံထားပြီး […]

သိန္ဒောရွာတွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်

diz_admin

April 22, 2022

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး ရွာတွင် အစောင့်အဖြစ် ကျန်ရှိနေခဲ့သည့် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (ဧပြီ ၂၂) နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း ဒေသခံများထံမှ သိရသည်။ သိန္ဒောကျေးရွာတွင် မတ်လ ၃၁ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲကြောင့် ရွာသားများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွင် အိမ်စောင့်အဖြစ် ဒေသခံအချို့သာ နေထိုင်ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယနေ့တွင်မူ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင်း အစောင့်အဖြစ်ကျန်ခဲ့သူများလည်း ထွက်ပြေး တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ရှိတဲ့ရွာသားတွေလည်း ဒီနေ့တော့ အကုန်ပြေးကြပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ တိုက်ပွဲမှာ […]