တနင်္သာရီ ရမ်းဖိုရွာတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
Dawei Watch
July 11, 2025တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ခြေလျင်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခန့်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါစစ်ကြောင်းကို ရမ်းဖိုရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသက် ၃၀ အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဘုန်းကြီးကျောင်းနား လမ်းကင်းလာယူတယ်။ မိုင်းဆွဲခံရပြီး လူနေအိမ်ထဲ ဝင်ပြေးသွားကြတယ်။ လက်နက်ကြီး တွေလည်း ၆ချက်လောက်ပစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင် ရှိသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင်ထွက်ပြေးနေကြသဖြင့် လူမရှိသော နေအိမ်များအတွင်း […]


