အခြားမြို့နယ်နေသူများ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်သို့လာနိုင် ဟုဆို
diz_admin
August 21, 2021ထားဝယ်ခရိုင်ရှိ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့နယ်နေသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်မြို့ပေါ်သို့ လာခွင့်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ထားဝယ်မြို့နယ်၏ နေအိမ်တွင်သာနေထိုင်ရန် (Stay at Home )သတ်မှတ်ချက်မှာ ဩဂုတ်လ ၂၁ ရက်မှစပြီး စတင်အသက်ဝင်မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင်တစ်ဦးသာ အပြင်ထွက်ခွင့်လက်မှတ်ဖြင့် ထွက်ရမည်ဖြစ်သည်။ ထိုသို့ သတ်မှတ်ချိန်တွင် အခြားမြို့နယ်နေသူများအနေဖြင့် မည်သည့်အထောက်အထားဖြင့် မြို့အတွင်းဝင်ခွင့်ပြုမည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။ ထိုကြောင့် အထက်ပါကိစ္စကို Dawei Watch အနေဖြင့် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ထားဝယ်ကိုလာမယ်ဆိုရင်တော့ သက်ဆိုင်ရာကနေ (ရပ်/ကျေး) ထောက်ခံစာယူပြီးလာလို့ရပါတယ်။ အရေးအကြောင်း ကျန်းမာရေးကိစ္စတို့ ဘာတို့ရှိရင်လေ။ အထောက်ထားတစ်ခုခု ယူလာရမှာပေါ့လေ” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ကိုဗစ်ရောဂါအား ထိန်းချုပ်နိုင်ရန်အတွက် ထားဝယ်မြို့ပေါ်ရှိ […]


