ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် အခြေခံစားသောက်ကုန်အချို့ ဈေးထပ်တက်

diz_admin

April 30, 2022

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းထပ်မံမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မရှိမဖြစ် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်တစ်အိတ်လျှင် ၃၀၀၀ ကျပ်ခန့်၊ ၁၈ လီတာဆံ့ စားသုံးဆီ ဆီသန့် တစ်ပုံးလျှင် ၁၅၀၀ ကျပ်ခန့်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာလျှင် ၂၀၀ ကျပ်ခန့်၊ ကြက်ဥတစ်လုံးလျှင် ၃၀ ကျပ်ခန့် ဈေးတက်သွားကြောင်း ကုန်စုံအရောင်းဆိုင်အချို့ထံမှ သိရသည်။ လတ်တလော မြိတ်-ရန်ကုန်ကားလမ်းမတစ်လျှောက်တွင် တိုက်ပွဲအချို့၊ ပစ်ခတ်မှုအချို့ ဖြစ်ပေါ်နေပြီး ကုန်စည်စီးဆင်းမှု နှေးနေသဖြင့် ကုန်ဈေးနှုန်းတက်နေရခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်ရှင်အချို့က ပြောသည်။ “လမ်းခရီး မအေးဘူးဆိုရင် ကုန်တွေထပ်တက်မယ်ထင်တယ်” ဟု မြိုသစ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်‌ဦးက ပြောသည်။ အဆိုပါ အခြေခံစားသောက်ကုန်တို့အနက် စားသုံးဆီဈေးနှုန်းထပ်မံမြင့်တက်လာမည်စိုးသဖြင့် စားသုံးဆီပုံး အချို့အား ကြိုတင်ဝယ်ယူထားရကြောင်း ရွှေပြည်တန်ရပ်ကွက်က ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ […]

ရာသီပေါ်ဒူးရင်းသီး ဈေးနှစ်ဆအထိ တက်ပြီးနောက် ဈေးပြန်ကျ

diz_admin

April 30, 2022

မြိတ်မြို့တွင် ရာသီပေါ်ဒူးရင်းသီးများ ယမန်နှစ်ထက် ဈေးနှစ်ဆအထိ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဈေးပြန်ကျလာကြောင်း ရောင်းချသူ၊ စားသုံးသူများထံမှ သိရသည်။ ယမန်နှစ်က ဒူးရင်းသီး ပေါ်ဦးစအချိန် မတ်လတွင် အကြီးဆုံးတစ်လုံးလျှင် ကျပ်တစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးကွက်အတွင်း ရောင်းချခဲ့ရကြောင်း ရောင်းချသူများက ပြောသည်။ ကျွန်းစုမြို့နယ်ရှိ ကျေးရွာများမှ မြိတ်မြို့သို့ ဒူးရင်းသီးတင်ပို့ရာတွင် ကား၊ ဘေးတွဲဆိုင်ကယ်ခနှင့် အမြန်ယာဉ်စသည်တို့ဖြင့် တင်ပို့ရပြီး တင်ပို့စရိတ်၊ အလုပ်သမားခ ဈေးကတက်သွားသဖြင့် ဒူးရင်းသီးဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ဒူးရင်းသီး ခြံရှင်တစ်ဦးက ပြောဆိုသည်။ “ကားခလှေခ၊ အလုပ်သမားတင်ချခ အရင်ကထက် ထက်ဝက်လောက် ပိုပေးနေရတယ်” ဟု ၎င်းက ဆိုသည်။ ရာသီအစ ဈေးနှစ်ဆတက်ခဲ့သော်လည်း ဧပြီလတတိယအပတ်တွင်မူ ဒူးရင်းသီးဈေး အနည်းငယ်ကျလာပြီး အမြင့်ဆုံး တစ်သောင်းခွဲသာ ဈေးရှိတော့ကြောင်း […]

သောကြာပြင်ရွာသားနှစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်

diz_admin

April 30, 2022

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်ပက်သက်၍ တရားစွဲခံထားရသော သောကြာပြင်ရွာသားနှစ်ဦးကို ထားဝယ်ထောင်တွင်းတရားရုံးက ဧပြီ ၂၆ ရက်နေ့ တွင် ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်လိုက်သည်။ အဆိုပါနှစ်ဦးမှာ ဦးစောရွှေနှင့် ဦးစိုးမင်း‌ထွေးတို့ဖြစ်ကြပြီး ကမြောကင်းကျေးရွာ‌အုပ်စု အုပ်ချုပ်‌ရေးမှူး ဦးထွန်းမင်း‌နေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်ခံလိုက်ခြင်းဖြစ်သည်။ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ဗုံးပေါက်‌ကွဲမှုအတွက် စုံစမ်းမေးမြန်းရန်ဟုဆိုကာ ဦးစိုးမင်းထွေးကို စက်တင်ဘာလ ၂၁ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဦးစောရွှေကိုလည်း နောက်တစ်နေ့ည စက်တင်ဘာ ၂၂ ရက်နေ့တွင်‌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုပြီး […]

ပျူစောထီးခေါင်းဆောင်၏ညီမဖြစ်သူ အသတ်ခံရအပြီး NLD ပါတီဝင် နှစ်ဦး ပစ်သတ်ခံရ

diz_admin

April 29, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးခေါင်းဆောင်၏ ညီမဖြစ်သူ ပစ်သတ်ခံရပြီးနောက် ယင်းနေ့ည ကိုးနာရီခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် ဦးဇော်၏ ညီမဖြစ်သူ ဒေါ်သန်းသန်းသက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းနေ့ညပိုင်းတွင် ယင်းရွာနေ NLD ပါတီဝင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ယင်းနောက်အမျိုးသားတစ်ဦး ထပ်မံပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “ကားတစ်စီးနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်နှိုးပြီးပစ်တယ်”ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည် ယင်းနေ့ည ပစ်ခတ်မှုမှာ ပျူစောထီးအဖွဲ့ဝင်အဖြစ်နာမည်ထွက်သူ ဒေါ်သန်းသန်းသက်(သေဆုံး)သူ ၏သား မောင်နိုင်လင်းအောင်ဦးဆောင်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများအကြား သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ “သူအမေလဲ မနက်ကပစ်ခံရလို့သေတယ် သူ့အမေလဲသေနတ်ကိုင်တယ်။ သူသားလည်းသေနတ်ကိုင်တယ်။ ရွာထဲမှာလည်း မကြာခဏသူတို့အုပ်စုနဲ့ အပေါင်းပါတွေပဲ […]

ပုလောမြို့အနီး ခရီးသည်တင်မှန်လုံကားနှစ်စီး ပစ်ခတ်ခံရ၍ သုံးဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

diz_admin

April 29, 2022

ထားဝယ်မှ မြိတ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှစ်စီး ဧပြီလ ၂၈ ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်တွင် ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း ယာဉ်မောင်းနှင့် အနီးဝင်းကျင်ရှိ ဒေသခံများထံမှ သိရသည်။ ရွှေလီရတနာနှင့် ရတနာတိုး ခရီးတင်ကားကြီးနှစ်စီးသည် ပုလောမြို့အနီး သစ်လှတောရွာ (အရပ်အခေါ် ၅ မိုင်)အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသူ အမျိုးသားသုံးဦးသေဆုံး၍ ခရီးသည် ၂၀ကျော် ဒဏ်ရာ ရကြောင်း ပစ်ခတ်ခံရသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခု၏ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော့်ကားမှာ တစ်ယောက်သေတယ်။ နောက်ကားမှာ တစ်ယောက် သေတယ်။ ဆေးရုံရောက်ပြီးမှ တစ်ယောက် ထပ်သေတယ်။ အားလုံး သုံးယောက်။ အားလုံးပေါင်း လူနှစ်ဆယ်ကျော်လောက် ဆေးရုံတင်ထားရတယ် မြိတ်ဆေးရုံမှာ” […]

မြိတ်တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

diz_admin

April 29, 2022

မြိတ်မြို့၌ ဧပြီလ ၂၅ ရက်နှင့် ၂၈ ရက်နေ့တို့တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦး အဖမ်းခံရပြီး ဧပြီလ ၂၈ ရက်နေ့တွင် နောက်ထပ် လူငယ်တစ်ဦး အဖမ်းခံရကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်တွင် နေထိုင်သူ ကိုစိုးသက်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၂၅ ရက်နေ့တွင် လာရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ဖမ်းဆီးပြီး သုံးရက်အကြာ ဧပြီလ ၂၈ ရက် နေ့လယ်တွင်လည်း မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ ၂ ရပ်ကွက်နေ မောင်ရဲမြတ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွား ကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံရသည့် မောင်ရဲမြတ်သူသည် […]

လောင်းလုံးမြို့အနီး အုပ်စုဖွဲ့ လုယက်မှု မကြာခဏဖြစ်

diz_admin

April 29, 2022

လောင်းလုံးမြို့နှင့် ညင်းမော်ကျေးရွာအကြား လူပြတ်သည့်နေရာကို အခွင့်ကောင်းယူပြီး အုပ်စုဖွဲ့လုယက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံအချို့နှင့် လုယက်ခံရသူတို့ထံမှ သိရသည်။ လုယက်သူများသည် လမ်းသွားလမ်းလာများကို တားဆီးပြီး လုယက်ရန်ကြိုးပမ်းလေ့ရှိပြီး အဓိကအားဖြင့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ လုယက်သူများမှာ အမျိုးသားများဖြစ်ပြီး မျက်နှာမပေါ်စေရန် ဦးထုတ်၊ နှာခေါင်းစည်းတို့ကို တပ်ဆင် ရုပ်ဖျက်ထားလေ့ရှိကာ တစ်ခါတရံ လေးဦးအထိအုပ်စုဖွဲ့ကာ လုယက်လေ့ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “ကျွန်မတွေ့တာက လေးယောက်ဆိုင်ကယ်နဲ့၊ တစ်ယောက်ကတစ်စီး၊ သုံးယောက်ကတစ်စီး စီးလာတာ။ တစ်စီးက ကျွန်မဆိုင်ကယ်ရှေ့မှာ ပိတ်ရပ်လိုက်ပြီးတော့မှ ပါလာတာတွေ ပေးဖို့တောင်းတယ်” ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့လုယက်ရန် ကြိုးပမ်းနေစဉ် လမ်းသွား၊ လမ်းလာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာသည်ကို တွေ့သဖြင့် လမ်းဘေးရှိ ဆီအုန်းတောထဲ ထွက်ပြေးသွားခဲ့သည်ဟု ၎င်းက […]

မြိတ်-ထားဝယ် ကားလမ်းတွင် ကားများ မှန်ချမောင်းနှင်ရန် PRDF မေတ္တာရပ်ခံ

diz_admin

April 28, 2022

မြိတ်-ထားဝယ် အဝေးပြေးကားလမ်းတွင် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ယနေ့ (ဧပြီ ၂၈) ထုတ်ပြန်လိုက်သည်။ ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်များကို PRDF က မိုင်းဆွဲတိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် ခရီးသွားလာသော မိဘပြည်သူများကို ထိခိုက်မှု မရှိစေရန် (ကွဲပြားခြားနားစေရန်) ခရီးသွားရာတွင် ရွာတွင်းဖြစ်စေ၊ လမ်းမကြီးပေါ်တွင်ဖြစ်စေ မှန်ချပြီးမှ မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း PRDF က ထုတ်ပြန်သည်။ ထို့အပြင် ကုန်ကားများ၊ ပြည်သူပိုင်ယာဉ်များပေါ်တွင်လည်း စစ်ကောင်စီတပ်များအား တင်ဆောင်မောင်းနှင်ခြင်း မပြုရန်နှင့် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်များ၊ ရိက္ခာများကိုလည်း လုံးဝသယ်ဆောင်ခြင်းမပြုပါရန်လည်း မေတ္တာရပ်ခံထားသည်။ ယင်းအချက်များကို လိုက်နာခြင်းမရှိဘဲ လုပ်ဆောင်လာ၍ […]