မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးမှုလျော့ကျ
diz_admin
August 31, 2021မြိတ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုလျော့ကျလာကြောင်း နာရေးကူညီမှုပရဟိတအသင်းများ ထံမှ သိရသည်။ မြိတ်မြို့တွင် သြဂုတ်လအစောပိုင်းကသေဆုံးမှုမြင့်တက်ခဲ့သော်လည်း လက်ရှိတွင် သိသိသာသာ လျော့ကျလာသည်ဟု နာရေးကူညီနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။ “အခုက သိသိသာသာ လျော့ကျလာတာ သုံးရက်လောက်တော့ ရှိပြီပေါ့”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် ဇူလိုင်လအထိ ပိုးတွေ့လူနာ သေဆုံးမှု တစ်နေ့လျှင် သုံးဦးခန့်သာရှိခဲ့ရာမှ သြဂုတ်လအစောပိုင်းတွင် သေဆုံးသူ ဆယ်ဂဏန်းအထိမြင့်တက်လာခဲ့သည်။ အဆိုပါ အရေအတွက်မှာ ဆေးရုံနှင့်နေအိမ်များတွင် သေဆုံးသည့် ပမာဏဖြစ်သည်။ လက်ရှိတွင်မူ သေဆုံးမှု ထက်ဝက်နီးပါး လျော့ကျ ကြောင်း ၎င်းတို့ထံမှ သိရသည်။ “မနေ့ကဆို ဆေးရုံရော ရပ်ကွက်ပါပေါင်းမှ ခြောက်ဉီးပဲရှိတော့တယ်”ဟု ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန် […]


