ဧကနိရွာတွင် ဒလန်ဟုဆိုသူအမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
May 6, 2022ရေဖြူမြို့နယ် ဧကနိရွာက သတင်းပေးဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး မေလ ၅ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူမှာ အသက်၅၅ နှစ်အရွယ် ဦးကြည်စိုး ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “(ကျည်) လေးငါးခြောက်ချက်လောက် ထိတယ်ပြောတယ်” ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။ အလောင်းမှာ နေ့လယ်ပိုင်းအထိ နေအိမ်တွင်ရှိနေခဲ့ပြီး မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ ဦးကြည်စိုးသည် ရွေးကောက်ပွဲကာလများတွင် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် လုပ်ဆောင်ပေး သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ၎င်းသည် စစ်ကောင်စီတပ် ဧကနိကျေးရွာတွင် တပ်စွဲစဉ်က တူတော်စပ်သူတစ်ဦးကို ဖမ်းခိုင်းဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တူဖြစ်သူမှာ စစ်ကောင်စီကို ဆန့်ကျင်သည် […]


