ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်သတင်းထောက် ကိုဇော်မိုးဦး ပြန်လွတ်

diz_admin

September 3, 2021

Eleven မီဒီယာ၏ မြိတ်အခြေစိုက် သတင်းထောက် ကိုဇော်မိုးဦး ယနေ့နေ့လယ်ပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။ ဒီကနေ့ စက်တင်ဘာလ ၃ ရက် နေ့လည် ၁၂ နာရီကျော်တွင် ပြန်လွှတ်လာပြီဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အဆိုပါမိသားစုဝင်ကပြောသည်။ “အားလုံးကောင်းကောင်း မွန်မွန်ပဲအိမ်ပြန်ရောက်နေပါပြီ။  အခုသူက အနားယူ(အိပ်နေ)လို့ပါ”ဟု ၎င်းကပြောသည်။ ကိုဇော်မိုးဦးကို စက်တင်ဘာလ ၁ ရက်နေ့ နံက် ၁ နာရီ ၃၀ အချိန်က စစ်သားနှင့်ရဲများမှ မေးမြန်းရန်ဟုဆိုကာ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်သည်။ ကိုဇော်မိုးဦး ပြန်လွှတ်လာသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး အသေးစိတ်ကိုမူ မသိရသေးပေ။ ကိုဇော်မိုးဦးသည် Eleven သတင်းဌာနတွင် လက်ရှိလုပ်ကိုင်နေပြီး ထုံးဖိုလူငယ်များ နာရေးကူညီမှုအသင်းတွင်လည်း လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။

မွန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

September 3, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် သဲအိမ်ကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက  တပ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က သဲအိမ်ကျေးရွာနေ လင်မယားနှစ်ယောက်ဖြစ်သည့် နော်အိသွယ်မိုးနှင့် မင်းနေလွင်တို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငါးသွားရှာသည့် ခင်ပွန်းဖြစ်သူ မင်းနေလွင် ပြန်အလာတွင် နော်အိသွယ်မိုးက နေအိမ်ရှေ့ ထွက်စောင့်နေရင်း ပစ်ခတ်ခြင်းခံရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရမှုကြောင့် ကိုယ်ဝန်လွယ်ထားရသည့် နော်အိသွယ်မိုးသည် နေရာတွင် သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ မင်းနေလွင်က ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံနေရသည်။ “အမျိုးသမီးကတော့ ကိုယ်ဝန်နဲ့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ယောကျာ်ဖြစ်သူကတော့ ဒဏ်ရာရတယ် ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက […]

ထားဝယ်တွင် ဧည့်စာရင်း ဆက်တိုက်စစ်

diz_admin

September 3, 2021

ထားဝယ်တွင် အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း ဧည့်စာရင်း ဆက်တိုက်စစ်ဆေးနေကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကျော်ခန့်ပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၁ ရက်နေ့က ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ဘုမ္မော်ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧည့်စာရင်းလိုက်လံစစ်နေသည့် အဖွဲ့တွင် လက်နက်အင်အားအပြည့်အစုံ၊ ရဲဝတ်စုံဝတ်ထားသူများပါသလို အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တယ်။ ပြီးရင် ဘီဒိုတွေဘာတွေကို သူတို့ကိုယ်တိုင် ဖွင့်ပြီးစစ်တယ်၊ ပြီးရင် အိမ်ထောင်စုစာရင်းတောင်းတယ်၊ အိမ်ထောင်စုစာရင်းထဲကလူတွေကို မေးတယ် ဒီလူရှိလား၊ ပြီးရင် ဒီလူတွေ ဘာအလုပ်အကိုင်လုပ်လဲဆိုမေးတယ်၊ အလုပ်သွားတယ်ဆိုပြောရင်လည်း […]

မြိတ်တွင် လုယက်မှု၊ လိမ်လည်မှု ဆက်တိုက်ဖြစ်

diz_admin

September 3, 2021

မြိတ်မြို့တွင် နေ့ခင်းကြောင်တောင် လုယက်မှုနှင့် လိမ်လည်မှုများ ဆက်တိုက် ဖြစ်လာနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်က မြို့သစ်ရပ်ကွက်သို့ အမည်မသိလူငယ်တစ်ဉီး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အိမ်တစ်ဆောင်အား မေးမြန်းခဲ့သည်။ အိမ်ရှင်ဖြစ်သူမှ အိမ်ရှေ့ထွက်ပြီး အဆိုပါအိမ်အား ညွှန်ပြစဉ် ၎င်းလူငယ်မှ အိမ်ရှင်ဝတ်ဆင်ထားသည့် တစ်ကျပ်သား ဆွဲကြိုးအား ဆွဲဖြတ်ပြီးလုယူကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့သည်။ အလားတူ ပြီးခဲ့သည့် လအတွင်းကလည်း ယင်းရပ်ကွက်အတွင်း၌ပင် ဆွဲကြိုးဆွဲထားသည့် အမျိုးသမီးငယ်အနီးသို့ ဆိုင်ကယ်ဖြင့် လူငယ်တစ်ဦးရောက်လာပြီး အလားတူ မေးမြန်းဟန်ပြုကာ ဆွဲကြိုးလုကာ ထွက်ပြေးသွားခဲ့သည်။ သြဂုတ်လ ၃၀ ရက်နေ့ကလည်း ကလွင်ရေပုန်းမြို့ပတ်လမ်းရှိ Wave Money ငွေလွှဲလုပ်ကိုင်နေသည့် နေအိမ်အား လူငယ်တစ်ဦး ရောက်လာပြီး သူသည် ပရဟိတအသင်းမှဖြစ်ပြီး […]

ကော့သောင်းတွင် ရွေ့လျားပုံစံဖြင့် ကိုဗစ်ရောဂါ စစ်

diz_admin

September 2, 2021

နယ်စပ်မြို့ဖြစ်သည့်အတွက်ကြောင့် အထူးအစီအစဉ် အနေဖြင့် ကော့သောင်းမြို့တွင် ရွေ့လျားစနစ်ဖြင့် စက်တင်ဘာလ ၁ ရက်မှစပြီး ကိုဗစ်ရောဂါပိုး စစ်ဆေးပေးနေကြောင်း သိရသည်။ ကိုဗစ်ရောဂါအဖြစ်များသည့် ရပ်ကွက်များထံသို့ မော်တော်ယာဉ်ဖြင့်သွားရောက်ပြီး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ကပြောသည်။ တစ်ပတ်ခန့်အကြာ စစ်ဆေးပေးမည့် ယင်းအစီအစဉ်မှ လူပေါင်းသုံးထောင်ခန့်ကို စစ်ဆေးပေးရန် လျာထားကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ “တစ်နေ့ကို အများကြီးတော့ မစစ်နိုင်ဘူး။ ရာသီဥတုအနေအထားကလည်းရှိသေးတယ်။ ပြီးတော့ တစ်ဖက်မှာ ကိုဗစ်ကာကွယ်ဆေးကလဲ ထိုးနေရသေးတယ်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ရွေ့လျားပုံစံဖြင့် စစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူများအား ကိုဗစ်လူနာထားရှိသည့် စင်တာများသို့ ခေါ်ယူထားရှိကုသရမည်ဖြစ်ကြောင်း ဆိုသည်။ ကျန်းမာရေးဌာန၏ စက်တင်ဘာလ ၂ ရက်အထိစာရင်းအရ ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တစ်ထောင်ကျော်ရှိပြီး လက်ရှိ ဆေးကုသမှုခံယူနေသူ ၆၄ […]

ထီးခီး နယ်စပ်ဂိတ် ပြန်ဖွင့်လို့ ထိုင်းဘက်ကပြော

diz_admin

September 2, 2021

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကြား ကုန်စည်သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ထီးခီးနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဖက်မှ စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ထိုင်းဘက်ကဆိုပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Jirakiat Phumsawat က မြန်မာပိုင်ထီးခီးနယ်စပ်ဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖုနန်ရွန်(Phu Nam Ron)စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ညွှန်ကြားခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ လတ်တလောအချိန်တွင် မြန်မာနယ်စပ်ဖက်ခြမ်း၌ ကိုဗစ်-၁၉ အခြေအနေမှာ ဖြစ်ပွားမှုနှုန်း လျက်ရှိနေပြီလို့ သူက ဆိုပါတယ်။နှစ်နိုင်ငံကြား ကုန်စည်ဖလှယ်စီးဆင်းမှုအတွက် ထီးခီးနယ်စပ်ဂိတ်ကို အဓိကအသုံးပြုကြပါတယ်။ ဒါကြောင့် ဒီနယ်စပ်ဂိတ်ကို ထိုင်းဖက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဘုရားသုံးဆူဖက်မှာတော့ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲဖြစ်တာကြောင့် အဲဒီဂိတ်ကို စက်တင်ဘာ ၁၄ ရက်နေ့အထိ ထိုင်းဖက်က ဆက်လက်ပိတ်ထားဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါ အမြင့်ဆုံးထောင်ဒဏ် […]

မြိတ်အခြေစိုက် သတင်းထောက် တစ်ဦး အဖမ်းခံရ

diz_admin

September 1, 2021

Eleven မီဒီယာ၏ မြိတ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးအား ယနေ့ မနက်အစောပိုင်းက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုဝင်ထံမှသိရသည်။ စက်တင်ဘာလ ၁ ရက် နံက် ၁ နာရီခွဲတွင် စစ်သားနှင့် ရဲသားများ ပါဝင်သော ကားသုံးစီးဖြင့် ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းကာ လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်း ၏ ဇနီးဖြစ်သူ ကပြောသည်။ “ရိုက်တာနှက်တာတော့မလုပ်ဘူး။ ဒီအတိုင်းပဲ  လိုက်ခဲ့ဖို့ခေါ်သွားတယ်”ဟုကိုဇော်မိုးဦး၏ ဇနီး ကပြောသည်။ လက်ရှိအချိန်တွင် ဦးဇော်မိုးဦးအား မြိတ်မြို့၊ မြို့မရဲစခန်းတွင် ထိမ်းသိမ်းထားသည်ဟု ကြားသိရပြီး ဆက်သွယ်ခွင့်ရရေး ကြိုးစားနေကြောင်း သူမကဆိုသည်။ ကိုဇော်မိုးဦးသည် မြိတ်အခြေစိုက် ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်းတွင်လည်း အသင်းဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ Eleven မီဒီယာသည် နေ့စဉ်ထုတ် သတင်းစာ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်နှင့် […]

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် စစ်သားများက လူစိမ်းဝင်စစ်

diz_admin

August 31, 2021

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်မြစ်ကမ်းဘေးရွာတစ်ရွာဖြစ်သည့် ဝေဒီကျေးရွာတွင် စစ်သားများက လူစိမ်းရှိ မရှိကို ဝင်ရောက်စစ်ဆေးနေကြောင်း ‌ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ ဩဂုတ်လ ၃၁ ရက် နေ့လယ် ၁ နာရီခန့်တွင် လာရောက်စစ်ဆေးနေခြင်းဖြစ်ပြီး မြစ်ကမ်းနံဘေး နေအိမ်များကို အဓိကထား ရှာဖွေ စစ်ဆေးခဲ့‌ကြောင်း ဒေသခံအချို့က ဆိုသည်။ “PDF တွေ ရေလမ်းကနေလာပြီး ဒီရွာမှာများ လာပုန်းနေတယ်ထင်ပြီး ရှာနေတာလို့ထင်တယ်။ ကမ်းနားက ထောင့်ကျတဲ့ အိမ်တွေကို စစ်ဆေးတာများတယ်။ အိမ်ထောင်စုစာရင်းပြခိုင်းပြီးတော့ စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၅ နာရီကျော်အချိန်အထိ မေးမြန်းချက်အရ စစ်သားများ ရွာထဲတွင် ရှာဖွေစစ်ဆေးနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများမရှိသေးကြောင်း အဆိုပါဒေသခံက ဆိုသည်။ ဩဂုတ်လ ၂၇ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းတစ်ဦး […]