BREAKING
June 15, 2025

သတင်း

သရက်သီးစိုက်တောင်သူခြောက်ဦးသာ စိုက်ပျိုးအလေ့အကျင့်ကောင်း လက်မှတ်လျှောက်ထား

diz_admin

February 5, 2020

တနင်္သာရီတိုင်းတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကျင့်သုံးကြောင်း GAP (Good Agricultural Practices) လက်မှတ်လာရောက် လျှောက်သူ သရက်စိုက်ပျိုးထုတ်လုပ် ရောင်းချသည့် တောင်သူခြောက်ဦးသာ ရှိသည်ဟု တနင်္သာရီတိုင်းစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ရောင်းချသူသည် ရေနှင့် မြေ၊ အပင်နှင့် သီးနှံများတွင် ဓာတုဓာတ်ကြွင်းပါဝင်မှု သတ်မှတ်ထားသည့် ပဏာမထက်ကျော် လွန်ခြင်းရှိ/မရှိ စစ်ဆေးရမည့်အပြင် လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘ၀ သာယာ၀ပြောမှု၊ ထုတ်ပိုးကိုင်တွယ်ပုံ နည်းစနစ်၊ သိုလှောင်နည်းစနစ်၊ ပတ်ဝန်း ကျင်ထိခိုက်မှုရှိမရှိ စသည့် လုပ်ထုံးလုပ် နည်း အချက် ၁၆ နှင့် အညီ စိုက်ပျိုး ထုတ်လုပ်ရမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။ “ဒီ GAP Guideline (GAP […]

မြိတ်ဒေသမှရန်ကုန်သို့ဆန်အမှာ ထက်ဝက်ကျော်လျော့

diz_admin

February 5, 2020

ဒေသထွက် ဆန်များ ပိုမိုစားသုံး လာမှုကြောင့် မြိတ်ခရိုင်မှရန်ကုန်သို့ဆန် မှာယူမှု ထက်ဝက်ကျော်လျော့ကျလာကြောင်းမြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လွန်ခဲ့သည့်ဆယ်နှစ်နီးပါးခန့်က မြိတ်ခရိုင်အတွင်းတစ်လလျှင် ဆန်အိတ် တစ်သိန်းဝန်းကျင်ကို ရန်ကုန်နှင့်ဧရာ၀တီ တိုင်းမှပုံမှန် ဝယ်ယူခဲ့ရပြီးယခုအခါ တစ်လလျှင်ဆန်အိတ်လေးသောင်းခန့် သာ မှာယူရတော့ကြောင်းဦးမောင်ထွေး က ပြောသည်။ “အရင်က မြိတ်ကဆန်တွေကနီ ကြောင်ကျိုးကြေပြီးမဝယ်စားကြဘူး။ အခုကအားလုံးလိုလို ဒေသကထွက်တဲ့ ဆန်ကိုပဲစားနေကြပြီ”ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်းခေတ်မီဆန်စက် ကြီးများ တည်ဆောက်လာနိုင်ခဲ့သည့် အတွက် ဆန်များအရည်အသွေးပြည့်မီ လာပြီး ရန်ကုန်မှ မှာယူမှုလျော့ကျလာခဲ့ကြောင်း အိုကေဆန်စက်ပိုင်ရှင်တစ်ဦး လည်းဖြစ်သူဦးမောင်ထွေးက ဆိုသည်။ လျော့ကျလာသည့်အကြောင်းရင်း နောက်တစ်ခုကလည်းဒေသတွင်း ပုံမှန် စိုက်ပျိုးနေသည့် မျိုးစပါးထက် ဧရာ၀တီ တိုင်းမှမျိုးစပါးများမှာယူပြီး စိုက်ပျိုးလာသည့်အတွက် လယ်သမားများ ယခင်က ထက်စပါးအထွက်တိုး လာကြောင်း ၎င်း တို့က […]

တစ်ခါသုံး နှာခေါင်းစည်းများ အကန့်အသတ်ဖြင့် ရောင်း

diz_admin

February 5, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လတ်တလောတွင် ဝယ်ယူသူများသည့် တစ်ခါသုံး နှာခေါင်းစည်းများကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ဆေးဆိုင်အချို့ နှင့် ဈေးဆိုင်များမှ သိရသည်။ အဆိုပါ ဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန်မြို့မှ စတင်ပြန့်ပွားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်ပွားပြီး သုံးပတ်ခန့် အကြာတွင် တစ်ခါသုံး နှာခေါင်းစည်း ဝယ်ယူမှု များပြားလာခြင်း ဖြစ်သည်။ ထားဝယ်ဈေးကွက်ရှိ ဆိုင်အချို့တွင် နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာ ရည်များ ပစ္စည်းပြတ်လပ်မှု ရှိနေသည်။ တစ်ချိန်တည်းအတွင်ပင် အမြောက် အမြားဝယ်ယူကာ ဈေးတင်ရောင်းချမှုများလည်းရှိနေသဖြင့် တစ်ဦးလျှင် အခုငါးဆယ်ပါ မျက်နှာဖုံး နှစ်အုပ်အထိသာ ရောင်းချပေးသည်ဟု ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဆေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိ အမျိုးသားက ပြောသည်။ “တချို့ကလည်း ရသမျှယူမယ် ဆိုပြီး လာဝယ်တာရှိတယ်။ ထိန်းပြီး […]

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထားသဖြင့် ဖရဲသီး ရောင်းသူများ ထားဝယ်ပြန်ဦးလှည့်

diz_admin

February 5, 2020

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း ထားသဖြင့် ပဲခူးတိုင်းမှ ဖရဲရောင်းသူများ ထားဝယ်ဒေသသို့ ပြန်လည် ဦးလှည့်လာကြသည်။ တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်မီက ဖရဲသီးဈေးကောင်း ရသည့် မူဆယ်သို့ တင်ပို့မှုများသဖြင့် ဒီဇင်ဘာလအကုန်မှ ဇန်နဝါရီလ တတိယအပတ်ခန့်အထိ နေရပ်ပြန်သွား ခဲ့သည်ဟု ဖရဲသီးရောင်းသူများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မရသဖြင့် ထားဝယ်ဈေးကွက်သို့ ပြန်ဦးလှည့်လာ ခြင်းဖြစ်ကြောင်း ထားဝယ်ကမ်းနားဈေး တွင် ဖရဲသီးရောင်းချနေသူ ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်မှ ဒေါ်ခင်မာနီက ပြောသည်။ “ဖရဲသီးဝယ်လို့ မရတော့ ဆယ့်ငါး ရက်လောက် ပြန်နားလိုက်တယ်။ ဝယ်လို့ မရဆို အဲတုန်းက မူဆယ်က ဈေးကောင်းတော့ အဲဒီ အကုန်တင်တာ။ […]

တည်ဆောက်ရေးလုပ်ငန်းများ ငွေထုတ်ရာတွင် ရပ်ကျေးတည်ကော် လက်မှတ်မလိုတော့

diz_admin

February 5, 2020

တိုင်းအစိုးရဘတ်ဂျက်ဖြင့် ဆောက် လုပ်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်းအလိုက်ငွေထုတ်ရာတွင် ရပ်ကျေးတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့၏ လက်မှတ်မလို အပ်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ထိုသို့ သတ်မှတ်ခြင်းကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး (တိုင်းဒေသကြီး တည်/ကော်ဥက္ကဋ္ဌ) ဦးအောင် သူရက ဆိုသည်။ တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက် တွင် ရပ်ကျေးတည်/ကော်များကို စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် ဆက်ထားမည် ဖြစ်သော်လည်း QC နှင့် Work Done လက်မှတ်ထိုးရန် မလိုတော့ဘဲ ဖြေလျော့ လိုက်သည်ဟု ဖော်ပြထားသည်။ တည်ဆောက်ရေးကုမ္ပဏီများက တောင်းဆိုသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ […]

ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

diz_admin

February 5, 2020

ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတော် Mini Thailand Week 2020 Myeik ကို မြိတ်ကမ်းနားလမ်းရှိ မြိတ် ကုန်တိုက်တွင် ဖေဖော်ဝါရီလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြိတ်ကုန်တိုက်မှ သိရသည်။ အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များနှင့် အီလက်ထရွန်းနစ်၊ ဖက်ရှင်အသုံးအဆောင်၊ စားသောက်ကုန်၊ အလှကုန်၊ အဆင့်မြင့်လူသုံးကုန်များနှင့် ထိုင်းနိုင်ငံထုတ် နာမည်ကျော် ပစ္စည်းများအား ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ Dawei Watch

အီတာလျံထိုင်းကုမ္ပဏီက ဒေါ်လာကိုးသန်း အကြွေးမပေးသေး

diz_admin

February 5, 2020

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းကို အကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်းကုမ္ပဏီက အမေရိကန် ဒေါ်လာကိုးသန်း အကြွေးမပေးသွင်း သေးကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။ လက်ရှိတွင် ကနဦးစီမံကိန်းအဖြစ် လုပ်ငန်း ၉ ခုလုပ်ဆောင်နေပြီး ယင်း အတွက် လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းကို ကော်မတီထံပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီက ပထမတစ်နှစ်အတွက်သာ ပေးသွင်း ပြီး ကျန်သုံးနှစ်အတွက် ဒေါ်လာကိုးသန်း မပေးသွင်းသေးကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။ “လုပ်ငန်းဆောင်ရွက်တယ်ဆိုရင် ဆောင်ရွက်သူက အစိုးရကို ပိုက်ဆံသွင်း ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် နို့တစ် (သတိပေးစာ) […]

ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရေး လွှတ်တော်တွင် မေး

diz_admin

February 5, 2020

မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်း၏ အနောက်ဘက် နှင့်တဆက် တည်းရှိ ကန်ဖျားကုန်စိမ်းဈေးဟောင်း မြေနေရာအား ကျောင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ မရှိကို မြိတ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အမှတ် ၅ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား/သူ ၁၄၀၀ ဦးကျော်အား စာသင်ဆောင် ၅ ဆောင်၊ စာသင်ခန်း ၂၈ ခန်းဖြင့်သာ ပညာသင် ကြားနေရသဖြင့် စာသင်ခန်းအချိုး မျှတ မှုမရှိသည့်အတွက် တစ်နေ့လျှင် စာသင်ချိန် […]