ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

KNU တပ်မဟာ ၄ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြန်လွတ်

diz_admin

September 16, 2021

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လယ်ဒိုစိုးမြို့နယ် (ထားဝယ်မြို့နယ်) ဥက္ကဋ္ဌ ဖဒိုစောဆီးပြန်လွတ်လာပြီဖြစ်ကြောင်း မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးထံမှ သိရသည်။ လယ်ဒိုစိုးမြို့နယ် ဥက္ကဋ္ဌ ဖဒိုစောဆီးကို စက်တင်ဘာ ၉ ရက်နေ့က စစ်တပ်က လက်နက်ကိုင်ဆောင်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။ “ဖမ်းသွားတာကတော့ သူက အဓိက ကားပေါ်မှာ သေနတ်ပါလို့ပါ၊ အဲဒါကြောင့်မို့လို့ ပြောရမယ်ဆိုရင် လက်နက်ကိုင်ဆောင်မှုပေါ့၊ ပြန်လွတ်လာဖို့အတွက် အထွေအထူးတော့ မရှိပါဘူး၊ အဲဒါကတော့ (ခေါင်းဆောင်ပိုင်းတွေ) ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ စကားပြောရတာပေါ့၊ ဆွေးနွေးရတာပေါ့” ဟု ဖဒိုဝင်းခိုင်က ဆိုသည်။ ဖဒိုစောဆီးကို ထီးခီးမှ အပြန် ထားဝယ်မြို့နယ်၊ […]

လောင်းလုံး နခံတောတွင် သမီးဖြစ်သူကိုမတွေ့သဖြင့် မိဘနှစ်ပါးကို ဖမ်းဆီး

diz_admin

September 16, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ နခံတောရွာတွင် သမီးဖြစ်သူကိုမတွေ့သဖြင့် မိဘနှစ်ပါးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း အနီးဝန်းကျင်တွင်နေထိုင်သူ ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်က လက်နက်အင်အားအပြည့်အစုံနှင့် စစ်ကားတစ်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဆယ်ကျော်နှင့် ဆိုင်ကယ်စီးကာ လမ်းပြခေါ်ဆောင်လာသူ အမျိုးသားတစ်ဦးက နခံတောကျေးရွာတွင် မဇင်မာဖြိုးကို လာရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို မတွေ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူမ၏ မိဘနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အိမ်နီးချင်း လူငယ်အမျိုးသားက ပြောသည်။ “တံခါးတွေကို ရိုက်ဖွင့်ပြီး မဇင်မာဖြိုးကို ရှာတယ်။ မဇင်မာဖြိုးမရှိဘူးဆိုတော့ မိဘနှစ်ပါးကို ဖမ်းဆောင်သွားတယ်။ မျက်နှာကို ပိတ်ပြီး ခေါ်ဆောင်သွားတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။ သူမ၏ မိဘနှစ်ပါးမှာ အသက် ငါးဆယ်ကျော်ဝန်းကျင်ပါးခန့်ရှိမည်ဖြစ်ပြီး […]

သထုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 16, 2021

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပိန္နဲတောကျေးရွာရှိ စစ်တပ်စခန်းရှေ့တွင် စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုများပြုလုပ်နေခဲ့သည်။ ထိုသို့ တားဆီးစစ်ဆေးနေစဉ် အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးက တားဆီးစစ်ဆေးနေမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဖြတ်သွား ဖြတ်လာသူတွေကို စစ်ဆေးနေတဲ့အချိန်မှာ အစစ်မခံဘဲ ဆိုင်ကယ်မောင်းပြေးသွားလို့ဆိုပြိးပစ်လိုက်တယ်လို့ သိရတယ်၊ တစ်ယောက်ကတော့ သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရသည့် လူနှစ်ဦးတွင် တစ်ဦး သေဆုံးသွားပြိး ကျန်တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သေဆုံးသူအလောင်းကို စစ်တပ်က သယ်ယူသွားကြောင်း သိရသည်။ လတ်တလောတွင် စစ်တပ်ဖွဲ့ဝင်တို့က လုံခြုံရေးဟုဆိုကာ မြို့ပေါ်များအပြင် ရပ်ကွက်ကျေးရွာအချို့တို့တွင်လည်း စစ်ဆေးမှုများ […]

လောင်းလုံးရှိ ကျေးရွာအချို့၏ ကိုဗစ်စင်တာအချို့ အပိတ်ခံရ

diz_admin

September 16, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်စင်တာအချို့အား လာရောက်ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ စုံစမ်းမေးမြန်းချက်အရ လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ရေဖြူ၊ ကဒက်ကြီး ကျေးရွာသုံးရွာရှိ ကိုဗစ်စင်တာကို ပိတ်ရန်အတွက် ရဲနှင့် စစ်သားများ ရွာအတွင်းလာရောက်စစ်ဆေးစဉ် မှာသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကျေးရွာတို့သည် ကျေးရွာစာသင်ကျောင်းတွင် ကိုဗစ်စင်တာများဖွင့်လှစ်ထားရှိပြီး လူနာများအား ထားရှိကုသပေးလျက်ရှိသည်။ ရေဖြူကိုဗစ်စစ်တာအား စက်တင်ဘာလ ၂၄ ရက်မတိုင်မီ ပိတ်ရန်မှာထားခဲ့ပြီး ဝေဒီကိုဗစ်စင်တာတွင်မူ မနက်ဖြန် စက်တင်ဘာလ ၁၆ ရက်မတိုင်မီ ပိတ်ရန် မှာထားခဲ့သည်ဟုဆိုသည်။ “အခုကိုဗစ်လူနာတွေကို စာသင်ကျောင်းကနေ ရွှေ့ပြောင်းနေကြတယ်” ဟု ဝေဒီကျေးရွာက ဒေသခံတစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောကြားသည်။ လောင်းလုံးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွန့်ဝင်းကမူ ကျေးရွာကိုဗစ်စင်တာများ ပိတ်သိမ်းခိုင်းသည့်ကိစ္စအား ကျန်းမာရေးဌာနအနေဖြင့် သိရှိခြင်းမရှိဟုဆိုသည်။ ပန်းဒလဲကျေးရွာ […]

ထားဝယ်တွင် KBZ Pay အကောင့် အချို့ အပိတ်ခံရ

diz_admin

September 15, 2021

ထားဝယ်တက္ကသိုလ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သူများကို ကူညီပေးရန် အလှူခံနေသည်ဆိုသည့် KBZ Pay အကောင့် တစ်ခုနှင့် ထားဝယ်မြို့နယ် အခြေခံကျောင်းသားများ သမဂ္ဂ၏ ဘဏ္ဍာရေးကိစ္စဆောင်ရွက်နေသည့် KBZ Pay အကောင့်တို့ အပိတ်ခံ (Freeze) လိုက်ရကြောင်း သိရသည်။ ယင်းအကောင့် နှစ်ခုစလုံး အပိတ်ခံလိုက်ရကြောင်း စက်တင်ဘာလ ၁၃ ရက်က ထားဝယ်တက္ကသိုလ် CDM ထောက်ပံ့ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ကျောင်းသား ကျောင်းသားများသမဂ္ဂ တို့က သတင်းထုတ်ပြန်ထားသည်။ ထားဝယ်တက္ကသိုလ် CDM အတွက်အလှူခံနေသော အကောင့်တွင် လက်ကျန်ငွေမရှိသော်လည်း ထားဝယ်မြို့နယ် အခြေခံကျောင်းသားများသမဂ္ဂ၏ အကောင့်တွင်မူ ငွေကြေးတချို့ကျန်ရှိနေသည်ဟုဆိုသည်။ မည်မျှရှိသည်ကိုမူ မသိရပေ။ “ထားဝယ်တက္ကသိုလ်က CDM တွေအတွက် အလှူခံနေတဲ့ အကောင့်ပိတ်ခံရပေမယ့် ပိုက်ဆံတော့မပါသွားဘူး” လို့ ယင်းတက္ကသိုလ်က CDM […]

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်သူ ငါးရာကျော် နေရပ်မပြန်နိုင်သေး

diz_admin

September 14, 2021

တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုရှိသည့် ဒေသသုံးခုမှ စစ်ဘေးရှောင် ဒေသခံငါးရာကျော်ခန့် ယနေ့အချိန်အထိ နေရပ်မပြန်ရဲသေးကြောင်း စုံစမ်း သိရှိရသည်။ KNU တပ်မဟာ ၄ ထိန်ချုပ်နယ်မြေရှိ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ပုလောမြို့နယ် ပိန္နဲတောင်၊ ဆားခဲကျေးရွာအနီး၊ ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာတို့တွင် ပြီးခဲ့သည့်လက စစ်ရေးလှုပ်ရှားမှုတို့ကြောင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် အရှေ့တောဒေသတွင် လူဦးရေ ၁၀၀ ဝန်းကျင်၊ ဆားခဲကျေးရွာအနီးတွင် ၃၅၀ ဝန်းကျင်၊ ကျေးဇူးတော်ကျေးရွာတွင် ၁၀၀ ဝန်းကျင်ရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်သူများကို ကူညီပေးနေသူအချို့က ပြောသည်။ ပုလောမြို့နယ် ဆားခဲကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတွင်မူ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးဦးရှိနေပြီး တစ်ဦးမှာ မီးဖွားလုနီးနေပြီဟုဆိုသည်။ စစ်ရှောင်ပြည်သူများအနက် ပုလောရှိ စစ်ရှောင်ပြည်သူများမှာ လူဦးရေပိုများသဖြင့် စားနပ်ရိက္ခာ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။ […]

မြိတ်ဖုန်းဆိုင် ဖောက်ခံရပြီး တရားခံဖမ်းမိ

diz_admin

September 14, 2021

မြို့မြို့ရှိ ဖုန်းအရောင်းဆိုင် အဖောက်ခံရပြီးနောက် ရက်ပိုင်းအတွင်း တရားခံကို ဖမ်းဆီးရခဲ့မိကြောင်း ဖုန်းဆိုင်ပိုင်ရှင် ထံမှသိရသည်။ မြိတ်မြို့၊ တလိုင်းစုရပ်ကွက်ရှိ လူကြီးမင်းဖုန်းဆိုင်သည် စက်တင်ဘာလ ၇ ရက် နံက် ၃ နာရီက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ ညနေတွင် တရားခံအား မြိတ်မြို့ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဖုန်းဆိုင်ပိုင်ရှင် ကိုစိုးမင်း ကပြောသည်။ “ရဲစခန်းက ကျွန်တော့ကို ဖုန်းဆက်ပြီး တရားခံ ဖမ်းမိပြီလို့ အကြောင်းကြားလာတယ်”ဟု ၎င်းကပြောသည်။ ဖုန်းဆိုင်အဖောက်ခံရသည့် ညက ဖုန်းဆယ်လုံးခန့်နှင့် ငွေသားကျပ်သိန်းခြောက်ဆယ် ပါသွားပြီး တရားခံအားဖမ်းမိသည့်အချိန်တွင် ဖုန်းအားလုံးပြန်ရခဲ့ပြီး ငွေသားသိန်းခြောက်ဆယ်မှာ ငွေသားအတိုင်း ရှိမနေတော့ကြောင်း ကိုစိုးမင်း ကပြောပြသည်။ “သူကရွှေတွေ ဝယ်ထားတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးလည်း ဝယ်ထားတယ်”ဟု ၎င်းကပြောသည်။ ဖုန်းဆိုင်ဖောက်ထွင်းသူသည် […]

သရက်ချောင်း သဲချောင်းကြီး ရဲစခန်းကို PDF ဝင်စီးရှာဖွေ

diz_admin

September 12, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရဲစခန်းကို စက်တင်ဘာ ၁၀ ရက် နေ့လယ် ၁၀ နာရီခွဲခန့်က ဝင်‌ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF) က သတင်းထုတ်ပြန်ထားသည်။ သဲချောင်းကြီးရဲစခန်းမှာ စစ်တပ်များ အဓိကထား စခန်းချသည့်နေရာဖြစ်သောကြောင့် စခန်းကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့ခြင်းဖြစ်ပြီး စခန်းတွင် စစ်တပ်များ မရှိဘဲ၊ ပန်းရံလုပ်နေသူများသာရှိကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “ရုံးခန်းထဲ ဝင်ကြည့်တာတော့ လူနေထိုင်ထားတာရှိတယ်၊ နောက်ပြီး ဖဲဝိုင်းတဝိုင်းရှိတယ်၊ ထမင်းတွေချက်ထားတာရှိတယ်၊ ကျွန်တော်တို့ ဝင်စီးချိန်မှာတော့ သူတို့တွေထွက်ပြေး‌သွားတာပေါ့၊ ကျွန်တော်တို့က သေနတ်ပစ်ဖောက်ပြီး ဝင်တာကိုး” ဟု ၎င်းက ပြောသည်။ ရဲစခန်းတွင် တပ်ဖွဲ့ဝင်များ မရှိသော်လည်း ရဲမှတ်တမ်း စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ထို့အပြင် တပ်ကောင်စီခန့် သဲချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မိုးနှင့် ဦးမင်းထွေးမှာ သတင်းရသဖြင့် ကြိုရှောင်သွားသည့်အနေအထားရှိပြီး […]