ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး လူငယ်သပိတ် စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ

diz_admin

September 19, 2021

လောင်းလုံးမြို့နယ်လုံးဆိုင်ရာ လူငယ် သပိတ်စစ်ကြောင်းသည် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုခ်ဦးအနီး သေနတ် ပစ်ဖောက် ဖြိုခွဲခံလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ သပိတ်စစ်ကြောင်းထွက်နေစဉ် အရပ်ဝတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အိမ်စီးကားဖြင့် ရောက်လာပြီး သေနတ်မိုးပေါ်ထောင်ပစ်၍ ဖြိုခွင်းဖမ်းဆီးရန် ကြိုးစားရာ ခဲ့ကြောင်း သပိတ်တွင် ပါဝင်သူတို့ထံမှ သိရသည်။ “သပိတ်စစ်ကြောင်း ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ သေနတ်လာပစ်လိုက်တော့ အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။ အချို့လဲကျတဲ့သူတွေကို ထူပြီး ထွက်ပြေးလိုက်ကြရတာ” ဟု သပိတ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။ သပိတ်စစ်ကြောင်း ဖြိုခွဲခံရသောနေရာ အနီးရှိ ဆိုင်ကယ် ဆယ်ငါးစီးခန့်ကိုမူ စစ်ကောင်စီတပ်ဖွဲ့ သိမ်းဆည်းသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယနေ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရသော သပိတ်စစ်ကြောင်း […]

တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် ဆရာတော် ကိုဗစ်ရောဂါဖြင့် ပျံလွန်

diz_admin

September 18, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပမထေရ်သည် ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ သက်တော် ၁၀၃ နှစ်၊ ဝါတော် ၈၃ ဝါရှိ ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီသည် ဖျားနာရာမှ ကိုဗစ်ရောဂါ စစ်ဆေး တွေ့ရှိခဲ့သဖြင့် မြိတ်မြို့ တပ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်တစ်ဦးထံမှ သိရသည်။ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်အား အန္တိမဈာပန ပြုလုပ်ရန် တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။ ဆရာတော်သည် တနင်္သာရီတစ်မြို့လုံးအပါအဝင် ရပ်ဝေးရပ်နီးတို့ရှိ တပည့် တကာ၊ တကာမတို့၏ ကိုးကွယ်ကြည်ညိုမှုခံယူထားရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

diz_admin

September 18, 2021

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးရန်ရှင်းသည် ကျိုက်ထိုမြို့တွင် ပစ်သတ်ခံရကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရိခန့်က ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရန်ရှင်းကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဖောက်ထွက်ဒဏ်ရာရရှိခဲ့သည့် ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သေနတ်သမားနှစ်ဦးက လာပစ်သွားတယ်လို့ သိရတယ်၊ ဒဏ်ရာရရှိထားတဲ့ ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံကို ပို့တယ် အခြေအနေမကောင်းတော့ ရန်ကုန်ကိုပို့ရင်း ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးရန်ရှင်း ပစ်ခတ်ခံရသည့်နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ […]

လောင်းလုံး အောက်ရေဖြူတွင် လူငယ်တစ်‌ဦး ပစ်ခတ်ခံရ

diz_admin

September 18, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသား အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုသေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက် ည ၈ နာရီကျော်ခန့်တွင် စစ်တပ်၏ ပစ်သတ်ခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံ‌အချို့က ခန့်မှန်းပြောဆိုကြသည်။ “ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းကြီးကျောင်း) မှာ တပ်စွဲထားတဲ့ စစ်သားတွေက ည ၈ နာရီ‌ကျော်လောက်မှာသေနတ်ဆယ်ချက်လောက်ပစ်သံကြားရတယ်။ သူ့ဟာသူ ခြောက်ပစ်တယ်ပဲမှတ်နေတာ။ မနက်ကျမှ လူကိုပစ်မှန်းသိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ မောင်ရင်မင်းသန့် ခေါ် ပင်အပ်ဆိုသူ လူငယ်တစ်ဦးဖြစ်သည်။ ခန္ဒာကိုယ် ပိန်းပိန်းပါးပါးရှိသောကြောင့် ပင်အပ် ဟု ဒေသခံတို့က ခေါ်ဆိုကြသည်။ သေနတ်ပစ်သံကြားသော်လည်း မည်သူမျှ အပြင်ထွက်မကြည့်ရဲသဖြင့် မောင်ရင်မင်းသန့်အပစ်ခံရသည်ကို နံနက်ပိုင်းမှသိရပြီး သိရချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း […]

ထားဝယ်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဆက်တိုက် အဖမ်းခံရ

diz_admin

September 17, 2021

ထားဝယ်တက္ကသိုလ်မှ ဆရာမတစ်ဦး၊ ကျောင်းသူ၊ ကျောင်းသားငါးဦး စုစုပေါင်း ခြောက်ဦး သီတင်းနှစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို အဖမ်းခံလိုက်ရပြီး အချို့ပြန်လွတ်လာကြကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။ ထားဝယ်တက္ကသိုလ် သတ္တဗေဒပထမနှစ်ကျောင်းသူ မလဝန်းအိမ်သည် ပစ္စည်းသွားပို့ရင်း ကမြောကင်းလမ်းတွင် စက်တင်ဘာလ ၇ ရက်က အဖမ်းခံခဲ့ရသည်ဟုဆိုသည်။ စက်တင်ဘာလ ၈ ရက်တွင်မူ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သင်္ချာတတိယနှစ်ကျောင်းသူ မအိအိဖြူသည်လည်း ထားဝယ်မြို့တွင်းတစ်နေရာတွင် စက်တင်ဘာလ ၁၃ ရက်က အဖမ်းခံလိုက်ရသည်ဟုဆိုသည်။ စက်တင်ဘာလ ၁၄ ရက်တွင်မူ ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနမှ အချိန်ပိုင်း လုပ်အားပေးဆရာမ ဒေါ်မိုးပွင့်ဖြူမှာ နေအိမ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ စက်တင်ဘာလ ၁၆ ရက်တွင် ပြန်လွတ်လာခဲ့သည်။ စက်တင်ဘာလ ၁၅ ရက်တွင်မူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာနေ ထားဝယ်တက္ကသိုလ် […]

မော်လမြိုင်တွင် ဗုံးနှစ်ကြိမ် ဆက်တိုက်ပေါက်

diz_admin

September 17, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီနှင့် ၉ နာရီခွဲဝန်းကျင်ခန့်အကြားတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဈေးအနီး ကမ်းနားလမ်းဘက်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “၈ နာရီကျော်ကျော်မှာ တစ်ခါပေါက်တယ် နောက် ၉ နာရီခွဲလောက်မှာ တစ်ခါထပ်ပေါက်တယ် အကျယ်ကြီးပဲ အသံက အချိန်ကလည်း လူသွားလူလာများတဲ့အချိန်ဖြစ်နေတော့ ထိတ်လန့်ကုန်တာပေါ့” ဟု ဘိုကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့က ပြောသည်။ စစ်တပ်အာဏာသိမ်းပြိးနောက် မော်လမြိုင်မြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်များ […]

ထားဝယ်တွင် ကွမ်းသီး ဈေးကောင်း

diz_admin

September 16, 2021

ထားဝယ်ခရိုင်တွင် ရာသီအစ၌ ကွမ်းသီးဈေး မနှစ်ထက် ဈေးကောင်းနေကြောင်း မြို့ပေါ်ပွဲရုံနှင့် တောင်သူအချို့ထံက သိရသည်။ ပြည်ပ ဝယ်လိုအားများပြီး ပွဲရုံတွင် သိုလှောင်ထားသည့် ကွမ်းသီးနည်းသည့်အတွက်ကြောင့်လည်း ကွမ်းသီးအဟောင်းဈေး တစ်ပိဿာ ၉ ၅၀၀ ကျပ် အထိ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။ လက်ရှိတွင် အရည်အသွေးကောင်း ကွမ်းသီးအသစ် မပေါ်သေးဘဲ ရက်ပိုင်းသာ နေလှန်းထားသည့် ကွမ်းသီး အသစ်များသာ အရောင်းအဝယ် ရှိနေသည်။ ယမန်နှစ်ရာသီအစက ကွမ်းသီးအသစ် ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်ခန့်သာရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့်ပေါက်ဈေးရှိသည်ဟု ထားဝယ်မြို့၊ ဗလီသဘော့ဆိပ်ရပ်ကွက်ရှိ ကွမ်းသီးပွဲရုံပိုင်ရှင် ကိုအီစာက စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားသည်။ တစ်ရက် သို့မဟုတ် […]

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ကိုဗစ် ပျံ့နှံ့

diz_admin

September 16, 2021

မြိတ်ခရိုင်အတွင်း မြိတ်၊ ကျွန်းစု၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့ရှိ ကျေးရွာအချို့တို့တွင် ကိုဗစ်ပိုးကူးစက်မှု ပျံ့နှံနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် ကျွဲခရံအုပ်စု ပဲ့တိုင်ကျေးရွာတွင် ကိုဗစ်ပိုးတွေ့သူ ခုနှစ်ဦးအနက် သေဆုံးသူနှစ်ဦးရှိနေကြောင်း ယင်းရွာနေ ရေလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။ ထို့ပြင် ကျွဲခရံကျေးရွာအုပ်စုအတွင်းရှိ ဘုရားထွက်နှင့် ကျွဲခရံရွာတို့တွင် ကိုဗစ်ကူးစက်သူ အချို့ရှိနေကြောင်း အထက်ပါ အမျိုးသားက ပြောပြသည်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်တောင်ယာရွာကျေးရွာတွင် စက်တင်ဘာလ ၁၃ ရက်နေ့က ကိုဗစ်ပိုးရှိသူ လေးဆယ်ကျော်ရှိခဲ့သဖြင့် ထိတွေ့ဆက်စပ်သည့် နေအိမ် သုံးဆယ်နီးပါးအား အသွားအလာကန့်သတ်မှု ပြုလုပ်ထားရကြောင်း သိရသည်။ ယင်းကဲ့သို့ ကျေးရွာအချို့တွင် ကိုဗစ်ပိုးတွေ့ရှိနေသဖြင့် ရွာသို့ ဝင်ရောက်လာသူတို့အား ကျေးရွာရှိ စာသင်ကျောင်းတို့တွင် ၇ ရက် […]