ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်
diz_admin
October 1, 2021လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]


