ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်း လုံ/နယ်၀န်ကြီး အပြောင်းအလဲဖြစ်

diz_admin

November 12, 2021

တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးနေရာအား နို၀င်ဘာလ ၆ ရက်နေ့တွင် အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။ လုံနယ်၀န်ကြီး ဗိုလ်မှူးကြီးသက်စိုးအစား ဗိုလ်မှူးကြီးသိန်းလင်းအား အစားထိုးခန့်လိုက်ကြောင်း တိုင်း‌ဒေသကြီး ကောင်စီ ၀န်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။ “လုံနယ်အသစ်က ရောက်နေပြီ။ အခမ်းအနားတွေတောင် တက်နေပြီ” ဟု ဦးမြတ်ကိုက ဆိုသည်။ ပြောင်းရွေ့သွားသည့် ဗိုလ်မှူးကြီးသက်စိုးသည် ပြီးခဲ့သည့် သြဂုတ်လဆန်းက လုံနယ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး လေးလအကြာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးသက်စိုး တာဝန်မယူမီက NLD အစိုးရလက်ထက်တွင် နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကို မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် ထုတ်ပြန်ခဲ့သည်။

မြိတ်တွင် ထိန်းသိမ်းခံထားရသည့် ဇနီးမောင်နှံ ပြန်လွတ်

diz_admin

November 12, 2021

မြိတ်မြို့မှ အထိန်းသိမ်းခံထားရသည့် ဇနီးမောင်နှံ ပြန်လွတ်လာပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်ညက မြိတ်မြို့၊ မြို့သစ်ရပ် အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲပြီးနောက် ယင်းအနီးနေ မိသားစုဝင် လေးဦးအား စစ်တပ်နှင့်ရဲများမှ လာရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် အိမ်ထောင်ဦးစီး၏ သမီးဖြစ်သူနှင့် မြေးဖြစ်သူအား နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် နိုဝင်ဘာ ၁၁ ရက်ညတွင် မိမိတို့ လင်မယားနှစ်ဉီးစလုံးအား ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ ဦးထွန်းမင်း ကပြောသည်။ “ကိုယ်ကဘာမှ လုပ်မထားတော့ ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေး စစ်ဆေးမေးမြန်းတာ လောက်ပါပဲ”ဟု ၎င်းကပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် အနီးအနားနေအိမ်များအား ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းသည် NLD ပါတီ၏ အမာခံတစ်ဦးဖြစ်သည်ဟူသော ထင်မြင်ချက်ဖြင့် ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရကြောင်း ဦးထွန်းမင်းက ဆိုသည်။ ပြန်လွှတ်ပေးခဲ့ရာတွင် […]

ထားဝယ်နှင့် မြိတ်မြို့နယ် Stay at Home ပယ်ဖျက်

diz_admin

November 11, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် နေအိမ်တွင်သာနေထိုင်ရန် Stay at Home ကို ပယ်ဖျက်လိုက်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်လူနာလျော့ကျလာခြင်း၊ တစ်ဦးမှတစ်ဦး အစုလိုက်ကူးစက်မှု လျော့နည်းခြင်းများကြောင့် ယင်းကဲ့သို့ ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။ ထားဝယ်နှင့်မြိတ်မြို့နယ်တွင် ကိုဗစ်ကပ်ဘေးကူးစက်မှုများပြားခဲ့သည့်အတွက် ဩဂုတ်လ တတိယအပတ်မှစကာ အိမ်တွင်သာ နေရန် Stay at Home သတ်မှတ်ထားခဲ့သည်။ ထိုသို့သတ်မှတ်ထားသဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက အပြင်ထွက်ခွင့်လက်မှတ်ဖြင့်သာ သွားလာရပြီး အိမ်ထောင်စုတစ်ခုလျှင် တစ်ဦးသာ ထွက်ခွင့်ပြုထားခြင်းဖြစ်သည်။ လက်ရှိတွင် Stay at Home ပယ်ဖျက်လိုက်သည့်အတွက် အပြင်ထွက်ခွင့်လက်မှတ် မလိုအပ်တော့ပေ။ Stay at Home သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပြီးဖြစ်သော်လည်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း […]

တနင်္သာရီတိုင်း မြို့နယ် လေးခုတွင် စစ်ရှောင် ထောင်ချီ

diz_admin

November 11, 2021

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်လေးခုတွင် အိုးအိမ်တွေနှင့် ဥယျာဉ်ခြံများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် သုံးထောင်ကျော်ရှိကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော မြိုနယ်လေးခုတွင် ဒေသခံများသည် စစ်တပ်ရန်ကို စိုးရိမ်သဖြင့် အိုးအိမ်နှင့် ဥယျာဉ်ခြံတွေကို ပစ်ပြီး နီးစပ်ရာ တောတောင်၊ ဥယျာဉ်ခြံ၊ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေထိုင်ရကြောင်း သိရှိရသည်။ ထားဝယ်မြို့နယ်တွင်းရှိ အမှတ်(၂) သတ္တုတွင်းရှိရာ ဟာမြင်းကြီးကျေးရွာအုပ်စု မြေးခန္တီရွာနှင့် ရေဖြူမြို့နယ် သစ်ကတုံးရွာ၊ ထန်းတလုံးရွာ၊ လေးအိမ်စုရွာ၊ ရေပုန်းရွာ စသည့် အနီးကျေးရွာများတွင် စစ်ရှောင်နေရသူ ဒေသခံရွာသူ ရွာသား ၅၀၀ ဝန်းကျင်ရှိကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ထားဝယ်မြို့ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီနဲ့ ရေဖြူမြို့နယ် သစ်ကတုံးရွာကြားမှာ နိုဝင်ဘာလ ၃ ရက် နံနက် […]

ထားဝယ် မောင်မယ်ရှောင်ရွာတွင် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

diz_admin

November 11, 2021

ဒလန်ဟု ရပ်ရွာအတွင်း သိရှိထားသူ ယာဉ်မောင်းတစ်ဦး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်တွင် ယနေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းဒေသခံ အချို့ထံမှ သိရသည်။ မောင်မယ်ရှောင်ရွာရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယာဉ်မောင်းပစ်သတ်ခံရသည့် လိုက်ထရပ်ကားမှာ မောင်မယ်ရှောင်ကျေးရွာအပိုင် ကင်းကုန်းရွာမှဖြစ်ပြီး ထားဝယ်မြို့ပေါ်မှ အပြန် ပစ်ခတ်ခံရသည်ဟု သိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါကားပေါ်တွင် ခရီးသည်အချို့ လိုက်ပါလာပြီး အခင်းဖြစ်ချိန်၌ နီးစပ်ရာ ဈေးဆိုင်များအတွင်း ပြေးဝင်ခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသွားသည့်ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းခန်း ယာဉ်မောင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ “ဘေးပတ်ဝန်းကျင်က ပြောတာကတော့ ကားတာယာပေါက်သံလို တစ်ချက်ကြားရတယ်လို့ ပြောတယ်” […]

လောင်းလုံးတွင် ကားမိုင်းဆွဲခံရ

diz_admin

November 11, 2021

ပျူစောထီးဟု နာမည်ကျော်သူတစ်ဦး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာကြားတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ဘက်မှ မောင်းနှင်လာစဉ် ထိုသို့ မိုင်းဆွဲခံရခြင်း ဖြစ်ပြီး မိုင်းဆွဲခံရသူမှာ ပန်းဒလဲ ကျေးရွာနေ ကိုဇော် ဆိုသူဖြစ်သည်။ ၎င်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်လေ့ရှိပြီး ပျူစောထီးဟုနာမည်ကြီးကြောင်း ဒေသခံတို့က ဆိုသည်။ “ဟုတ်ပါတယ်။ သူ့ကားဆိုတာ သေချာတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အမျိုးသားတွင် ထိခိုက်ဒဏ်ရာရမှုမရှိဟု သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ယင်းကျေးရွာနှစ်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးနေပြီး သေနတ်သံများလဲကြားရတယ်ဟု ဒေသခံများကပြောသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင်ဆိုသူအား တိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်ပြီး ဒေသခံများနှင့် မသက်ဆိုင်ကြောင်း Underground […]

ထားဝယ်တစ်ခရိုင်လုံးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခွင့် ပိတ်ပင်

diz_admin

November 11, 2021

အမျိုးသားနှစ်ဦးတည်း ဆိုင်ကယ်အတူစီးခွင့်ကို ထားဝယ်ခရိုင်တစ်ခုလုံးတွင် ပိတ်ပင်တားမြစ်လိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုသည်။ တိုင်းရဲတပ်ဖွဲ့မှ ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ပြီး ထိုသို့ တားမြစ်ရခြင်း အကြောင်းကို တိတိကျကျ မသိရသေးပေ။ ဆိုင်ကယ်မောင်းသူသည် အမျိုးသားတစ်ဦးတည်း (သို့) ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးနှင့် နောက်မှ ထိုင်လိုက်သူ အမျိုးသမီးတစ်ဦး အတူတူတွဲစီးခြင်း၊ အမျိုးသမီးနှစ်ဦးတွဲ၍ စီးခြင်းရသော်လည်း အမျိုးသားနှစ်ဦးတည်း ဆိုင်ကယ် အတူစီးခြင်းကိုမူ ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ “မသိဘဲနဲ့ စီးလာရင်နောက်နေ့ကျရင် အရေးယူမယ်လို့တော့ ပြောတာပဲ၊ ဘယ်လို အရေးယူမယ်လို့တော့ ဘာမှတော့ ပြောထားတာမရှိဘူး၊ ဒီနေ့တော့ လူကိုနောက်ပြန်ဆုတ်ခိုင်းတယ်၊ စီးလာတဲ့တစ်ယောက်ပါရင် နောက်ပြန်လွတ်တယ်၊ အရေးမယူဘူးပေါ့” ဟု ထားဝယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းသို့ တားမြစ်ချက်ကို တိုင်းအစိုးရညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ […]

ဦးမြင့်‌မောင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

diz_admin

November 11, 2021

တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးမြင့်မောင်အား အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချခံရကြောင်း ၎င်းနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးထံမှ သိရသည်။ ဦးမြင့်‌မောင်အား မတူညီသည့် ဥပဒေပုဒ်မ ၃ ခုဖြင့် ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က အမိန့်ချခံရခြင်းဖြစ်သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥ‌ပဒေပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ်၂ နှစ် အမိန့်ချခဲ့ကြောင်း အထက်ပါ မိတ်ဆွေက ဆိုသည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို စနစ်တကျသုံးစွဲခြင်းမရှိဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရကြောင်း ၎င်းကရှင်းပြသည်။ ရာဇသတ်ကြီးပုဒ်မ-၄၀၉ မှာ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော […]