ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

diz_admin

November 24, 2021

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။ မြိတ်နှင့်တနင်္သာရီမြို့တို့ အကြားရှိ ဝိုင်းတောင်ဂိတ်၊ တနင်္သာရီမြို့အဝင်တံတားဂိတ်နှင့် မြိတ်မြို့ အနီးရှိ သမုတ်-လော့လော့တံတားဂိတ်များတွင် ကောက်ခံနေကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ “အဓိကကတော့ တံတားကြီးတွေမှာပဲ ကောက်တာပါခင်ဗျား”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုကြောင့် လက်ရှိတွင် ဖြတ်သန်းခကောက်ခံသည့် စုစုပေါင်း တံတား ၄ စင်းရှိနေသည်။ အဆိုပါတံတားများတွင် ဖြတ်သန်းသည့်ကားအရွယ်အစားအပေါ်မူတည်ပြီး ကောက်ခံနေခြင်းဖြစ်သည်။ ထို့အပြင် တိုင်းအတွင်း လမ်းအသုံးပြုခကောက်ခံသည့်နေရာ ၅ ခုရှိသည်။ ထားဝယ်မြို့နယ်တွင် ၂ နေရာ၊ ကော့သောင်းတွင် ၁ နေရာ၊ […]

ရာသီဥတုကြောင့်မွန်ဆားအထွက်နောက်ကျနိုင်

diz_admin

November 24, 2021

မွန်ပြည်နယ်တွင်ဆားထုတ်လုပ်ရန်ပင်လယ်ရေစလှန်းသည့်နိုဝင်ဘာလအတွင်းမိုးရွာသွန်းချမှုကြောင့်ဆားထုတ်လုပ်မှုနောက်ကျနိုင်သည်ဟုပြည်နယ်အတွင်းရှိဆားလုပ်ငန်းရှင်တို့ထံမှသိရသည်။ ဆားလုပ်ငန်းကိုပုံမှန်အားဖြင့်မိုးအကုန်စက်တင်ဘာလလယ်ခန့်မှစတင်ပြင်ဆင်ကြကာနိုဝင်ဘာလဆန်းတွင်ပင်လယ်ရေတင်ပြီးစတင်နေလှန်းသည်။ ရာသီဥတုအခြေအနေ ကောင်းမွန်ပါကဒီဇင်ဘာလဒုတိယအပတ်ခန့်တွင်ဆားစတင်ထုတ်လုပ်ကြသည်ဟုဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ယခုနှစ်တွင်ပင်လယ်ရေစလှန်းသည့်အချိန်မိုးရွာချသည့်အတွက်ဆားကွင်းများပျက်စီးပြီးပုံမှန်ဒီဇင်ဘာလတတိယအပတ်ခန့်တွင်ထွက်သည့်ဆားသည်ဇန်နဝါရီလဆန်းပိုင်းခန့်မှသာထုတ်လုပ်နိုင်တော့မည်ဟုလည်းဆားလုပ်ငန်းရှင်တို့ကပြောသည်။ “ပင်လယ်ရေသွင်းထားတာမိုးရွာချလိုက်တော့အဲဒီရေတွေကမရတော့ဘူး၊ဖောက်ထုတ်ပြီးတော့အသစ်ပြန်သွင်းရတယ်။ ၁၅ရက်လောက်နောက်ဆုတ်သွားမယ်၊ဆားထုတ်ဖို့ဆားထွက်ဖို့နောက်ကျသွားမယ်”ဟုပငဆားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုနှစ်ဆားထုတ်လုပ်ရာသီတွင်ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်ဆားထုတ်လုပ်မှုစရိတ်ယမန်နှစ်များကထက်ပိုမိုကုန်ကျထားရသည့်အပြင်ဖျက်မိုးကြောင့်လုပ်ငန်းနှစ်ခါပြန်လည်လုပ်ကိုင်ရသည့်အတွက်ဆားလုပ်ငန်းရှင်များအခက်အခဲကြုံတွေ့လျက်ရှိသည်။ ၎င်းပြင်ရာသီဥတုကြောင့်ဆားကွင်းပျက်စီးမှုရှိထားသည့်အတွက်ဆားအထွက်နှုန်းလည်းလျော့ကျသွားနိုင်သဖြင့် အရှုံးပေါ်မည်ကိုဆားလုပ်ငန်းရှင်တို့ကစိုးရိမ်နေကြသည်။ “ဆားဈေးကောင်းရင်တော့အဆင်ပြေမယ်။ ဆားဈေးမကောင်းဘူးဆိုရင်တော့ရှုံးမှာပဲ၊ရှုံးလည်းရပ်ထားလို့မှမရတာ၊ လုပ်နေရတယ်” ဟုရေးမြို့နယ်မှဆားလုပ်ငန်းရှင်တစ်ဦးကပြောသည်။ လက်ရှိတွင်ဆားကြမ်းဈေးတစ်ပိဿာကျပ်၁၅၀ဝန်းကျင်ပေါက်ဈေးရှိနေပြီးဆားအထွက်များလာသည့်အခါဆားဈေးကျသွားလေ့ရှိသည်ဟုလည်းဆားဈေးကွက်မှသိရသည်။ မွန်ပြည်နယ်တစ်လုံးတွင်ဆားကွင်းဧကပေါင်း၄၀၀၀ခန့်ဆားထုတ်လုပ်နေကြသည်ဟုသိရသည်။ မွန်ပြည်နယ်မှထွက်သည့်ဆားများကိုပြည်နယ်အတွင်းအသုံးပြုပြီးပိုလျှံသည့်ဆားများကိုအထက်မြန်မာပြည်မန္တလေးဈေးကွက်နှင့်တနင်္သာရီတိုင်းဒေသကြီးဘက်ရှိငါးလုပ်ငန်းဈေးကွက်တို့သို့အဓိကတင်ပို့ရောင်းချသည်။ မွန်ပြည်နယ်တွင်သံဖြူဇရပ်မြို့နယ်ရှိပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့်စက်စဲ၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းရွာနှင့်ရေးမြို့နယ်ပလိုင်ကီးကျေးရွာတို့တွင်နေလှန်းဆားအများအပြားထုတ်လုပ်သည်။

ကင်းမွန်လုပ်ငန်း ရှေရည် ရပ်တည်ရန် ခက်ခဲဟုဆို

diz_admin

November 24, 2021

ဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းတို့ကြောင့် မြိတ်ဒေသတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်း ရှေရည်တွင် ရပ်တည်မှု ခက်ခဲလာနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလ (နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ) သုံးခု ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာနေခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် ကင်းမွန်ဈေးနှုန်း ထက်ဝက်နီးပါး ကျဆင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် နှစ်အစတွင် ကင်းမွန်တစ်ဗန်းလျှင် မူလဈေးနှုန်း တစ်သိန်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရောက်ရှိခဲ့ကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ဗန်းလျှင် ကျပ်တစ်သိန်းခွဲကျော်မှ တစ်သိန်းနှစ်သောင်းကျပ်အထိ ကျဆင်းနေကြောင်း သိရသည်။ “ဈေးလည်းကျ ကင်းမွန်လည်း အရနည်းလို့ စရိတ်ပါ ရှုံးနေကြတာ” ဟု မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ […]

မြိတ်တွင်အမျိုးသားငါးဦးနှင့် လက်နက်များဖမ်းမိ ဟုဆို

diz_admin

November 24, 2021

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နိုဝင်ဘာ လ ၂၃ ရက်နေ့က အမျိုးသားငါးဦးနှင့်အတူ လက်နက်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ မြိတ်မြို့၊ မြို့သစ် ၄ ရပ်ကွက်နှင့် မြို့သစ် ၅ ရပ်ကွက်နေ အမျိုးသားငါးဦးကို ရဲနှင့် စစ်သားများမှ လာရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်အောက်တွင် ဆာလာအိတ်ဖြင့် ဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းသွားခဲ့သည်ဟု မျက်မြင် ဒေသခံများ ကပြောသည်။ “သေနတ်တွေက လက်လုပ်ယမ်းထောင်း (တူမီး) တွေလို့သိရတယ် အလက်တစ်ဆယ်ကျော်လောက်တော့ ရှိနိုင်တယ်”ဟု မြို့သစ် ၄ ရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ အဆိုပါငါးဦးအနက် အသက် နှစ်ဆယ်ကျော်လူငယ်တစ်ဦးအား ဦးစွာဖမ်းဆီးခဲ့ပြီးနောက် ကျန်လေးဦးအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများကပြောပြသည်။ “လက်နက်မိတဲ့အိမ်ကို တစ်နေ့လုံးသုံးကြိမ်တောင် လာပြီးရှာကြတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြသည်။ […]

လောင်းလုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိတ်ပိတ်ခံရ

diz_admin

November 23, 2021

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် လောင်းလုံး ကိုယ်စားလှယ် နှစ်ဦးဖြစ်သူ ဦးဗိုလ်ထွေးနှင့် ဦးမြင့်စန်းတို့၏ နေအိမ်များ နိုဝင်ဘာလ ၂၂ ရက်နေ့ညတွင် ချိတ်ပိတ်ခံလိုက်ရကြောင်း ၎င်းတို့နှင့် နီစပ်သူများထံမှ သိရသည်။ လောင်းလုံးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ကျောက်ဆင်ကျေးရွာ နေအိမ်ကို နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် ချိတ်ပိတ်ကြောင်းဗွီနိုင်းပြားအား အိမ်ခြံဝင်းတံခါးတွင် လာကပ်သွားကြောင်း မျက်မြင်အချို့က ပြောသည်။ ဦးဗိုလ်ထွေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီအဖွဲ့(CC)အဖွဲ့ဝင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ.ဖြစ်ပြီး ၎င်းနှင့် မိသားစုမှာ မတ်လဆန်းပိုင်းကတည်းက ၎င်းနေအိမ်တွင် မနေထိုင်တော့ကြောင်း ရွာသားများက ပြောသည်။ မင်းရပ်ကျေးရွာရှိ နေအိမ် ချိတ်ပိတ်ခံလိုက်ရသော ဦးမြင့်စန်းမှာ NLD မြို့နယ် အတွင်းရေးမှူးဖြစ်ကာ […]

ကျိုက်နဲရေလယ်ဘုရာဖူး ရေနစ်မြုပ်ပျောက်ဆုံးသူရှိဆဲ

diz_admin

November 23, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက်နဲရေလယ်ဘုရားဖူးရေနစ်မြုပ်မှုတွင် နောက်ဆုံး အခြေအနေအရ သေဆုံးသူ ၂၀ ဦးအထိရှိပြီး ပျောက်ဆုံးနေသူများ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာအကြား ပင်လယ်ပြင်ရှိ ကျိုက်နဲဘုရား သွားဖူးရန် ပေါ်လာသည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်းရိုတ်ခတ်ခံရပြီး ဘုရားဖူးများ ရေထဲမျော်ပါနစ်မြုပ်ခဲ့ကြခြင်းဖြစ်သည်။ ရေထဲမျော်ပါနစ်မြုပ်သွားသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက် နှစ်ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ခဲ့ရာ သေဆုံးရုပ်အလောင်း ၂၀ လောင်း တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူလည်း ၄ ဦးထက်မနည်း ရှိနေသေးသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဖြစ်သွားတဲ့နေ့မှာ ၁၅ လောင်း […]

တနင်္သာရီ တကူရဲစခန်း မိုင်းဆွဲမီးရှို့ခံရ

diz_admin

November 23, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်းမိုင်းခွဲ မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် မိုင်းဆွဲကာ မီးရှို့ခံရခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “ညကကြားရတာ အသံလည်း သိပ်မကျယ်ဘူး”ဟု တကူရွာသားတစ်ဉီး ကပြောသည်။ မီးရှို့ခံရသည့်အချိန်တွင် ရဲစခန်းအတွင်း ရဲတပ်သားတစ်ဦးမျှမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရွာသားများ ကပြောသည်။ “မိုင်းဆွဲတဲ့အချိန်က စစ်သားတွေက မနေ့က မီးလောင်တဲ့ ကောတော ဖက်ရောက်နေတယ်”ဟု အဆိုပါရွာသားကပြောပြသည်။ ယင်းရဲစခန်း မိုင်းဆွဲမီးရှို့မှုနှင့်ပတ်သက်ပြီး ဓူဝံတော်လှန်ရေးတပ်ဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ညနေ ၄ နာရီခန့်ကလည်း တကူကျေးရွာ၊ ကောတောရပ်ရှိ စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်

diz_admin

November 22, 2021

တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံက ထုတ်ပြန်ကြေညာထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုက်ခတ်လာသော လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းမှ သွယ်တန်းထိုးဆင်းလာသော လေအေးများ တွေ့ဆုံမှုကြောင့် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်နေ့အတွင်း တိုင်းအတွင်း နေရကွက်ကျားမှ နေရာကျဲကျဲတွင် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်၊ ရှမ်း၊ ကယားပြည် စသည့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် […]