မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် ကြက်ယက်တွင်းနှင့် မိန်းမချောရွာကိစ္စ ညှိနှိုင်းပေးမည်
diz_admin
January 6, 2020လောင်းလုံးမြို့နယ် ကြက်ယက် တွင်းရွာနှင့် မိန်းမချော(ဒေသအခေါ် မီးဇေား) ကျေးရွာတို့အကြား မြေယာပိုင် ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စကို ညှိနှိုင်းပေးမည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ ကျေးရွာအုပ်စုတစ်ခုတည်း ဖြစ်သည့် ကြက်ယက်တွင်းနှင့် မိန်းမချောကျေး ရွာနှစ်ရွာအကြားရှိ မြေကွက်လပ်တစ်ခု ကို သူပိုင်သင့်၊ ငါပိုင်သင့်ဟု အငြင်းပွား နေသည်။ “ဒီအပတ်က ပိတ်ရက်များနေတော့ ရှေ့အပတ်ထဲမှာတော့ ခေါ်ညှိဖို့ စီစဉ် ထားပါတယ်”ဟု ဦးကံထူးက ဆိုသည်။ ယခင်က အင်းကြီးတစ်ခုအဖြစ်ရှိနေသော ယင်းမြေကွက်လပ်ကို ယမန်နှစ်က ကျေးရွာနှစ်ရွာမှ ရွာသားများထည့်ဝင် ငွေဖြင့် ဖြေဖို့ခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ထံမှ သိရသည်။ ဖြေဖို့ပြီးရရှိလာသည့် မြေကွက်လပ်ကို နှစ်ရွာစလုံးအတွက် အသုံးပြုရမည့် ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံ […]