ကိုဗစ်ကပ်ဘေး ပြန်တပ်လှန့်နေချိန် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်
diz_admin
November 27, 2021ဗိုင်းရပ် မျိုးဗီဇပြောင်းပြီး ကိုဗစ်စတုတ္ထလှိုင်း ပြန်စနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေချိန်တွင် ထားဝယ်မြို့ဝင်ဂိတ်များ၌ နှာခေါင်းစည်းမတပ်ရန် တားမြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြို့အဝင်ဂိတ်များကို ဖြတ်သန်းရာတွင် ဆိုင်ကယ်၊ မော်တော်ယာဉ်ဖြင့်လာသူများအား ခြေလျင်ဖြတ်ခိုင်းပြီး နှာခေါင်းစည်းချွတ်ရန် ပြောဆိုနေကြောင်း ဂိတ်ဖြတ်သန်းပြီး သွားလာနေသည့် ဒေသခံများက ပြောသည်။ ထားဝယ်မြို့တွင် မြို့အဝင်အထွက်ဂိတ် လေးခုရှိပြီး ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ရန် စာရေးထားကြောင်း ၎င်းတို့က ဆိုသည်။ ဂိတ်ဖြတ်သန်းချိန်တွင် နှာခေါင်းစည်းချွတ်ထားရန်နှင့် အခြားနေရာရောက်မှသာတပ်ရန် ပြောဆိုခဲ့ကြောင်း ဗျောတောဝဂိတ်အား ဖြတ်သန်းရသည့် မေတ္တာမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “ကိုဗစ်ကူးနေတဲ့အချိန်ကြီးမှာ နှာခေါင်းစည်းဖြုတ်ခိုင်းတာတော့ တစ်ကယ်အံ့သြမိတယ်”ဟု ၎င်းက ဆိုသည်။ ပေါက်တိုင်းတံတားတွင်လည်း နှာခေါင်းစည်းဖြုတ်ပြီးမှ ဖြတ်ကြရန် အော်ပြောနေသည်ကို ကြုံရကြောင်း သုံးဘီကားမောင်းသူတစ်ဦးက ပြောသည်။ ဂိတ်ဖြတ်ရာတွင် CCTV ကင်မရာတပ်ထားသည့်အတွက် နှာခေါင်းစည်းမတပ်ရန် […]


