ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

ထားဝယ်မြို့ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် တွေ့ရသည့်မြင်ကွင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

လောင်းလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

လောင်းလုံးမြို့ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီကျော်တွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

မောတောင်နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်း

diz_admin

December 10, 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်(မြို့) နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော် ကျဆင်းနေဆဲဖြစ်ကြောင်း ယင်းနယ်စပ်နေသူတစ်ချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ပိတ်ခဲ့ပြီးနောက် အိမ်ခြံမြေအရောင်းအဝယ် စတင် ကျဆင်းလာရခြင်းဖြစ်ကြောင်း မောတောင်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ဖူးသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပြသည်။ “အရောင်းအဝယ်ကတော့ ပါးပါးလေး‌တော့ ဖြစ်နေကြသေးတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။ မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မပိတ်မီအချိန်က တစ်လလျှင် အိမ်ခြံမြေအရောင်းအဝယ် ပျမ်းမျှ ခုနှစ်ခုခန့် ရှိနေရာမှ လက်ရှိတွင် သုံးခုခန့်သာ အရောင်းအဝယ်ဖြစ်နေရကြောင်း မောတောင်နေသူအချို့က ဆိုသည်။ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ထိုင်းသို့ လည်ပတ်ခွင့် မရှိခြင်း၊ ဒေသခံတို့သည် မောတောင်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ စင်ခွန်းဈေးတွင် ဒေသထွက်ကုန်တို့အား သွားရောက်ရောင်းချခွင့် မရှိခြင်းနှင့် […]

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 9, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ယမန်နေ့ညက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်က သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ထိပ်တန်း အရက်ချက် စက်ရုံရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၅၀ နှစ်အရွယ် ဦးသားငယ်ဆိုသူကို ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းအနီးပတ်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်ကင်း ရှိနေချိန် ဆိုင်ကယ် မောင်းနှင်လာခြင်းဖြစ်သဖြင့် စစ်သားများက ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ရာ ပတ်ဝန်းကျင် အနီးဝန်းကျင်က ဒေသခံများနှင့် မိသားစုဝင်အချို့က ယူဆကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးသားငယ်တွင် နောက်ကျောနှင့် ပေါင်တို့တွင် ကျည်ထိမှန်ကာ သေဆုံးကြောင်း ၎င်းက ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ […]

စစ်တပ်က ဖမ်းထားသည့် ပဝတ်ကုန်းရွာသား ၂၇ဦးအနက် ရှစ်ဦး ပြန်လွတ်

diz_admin

December 9, 2021

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုလောမြို့နယ် ပဝတ်ကုန်းရွာသား ၂၇ ဦးအနက် ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာသား ၂၇ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံက် ၁ နာရီခန့်တွင် စစ်တပ်က ရွာသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၇ရက်နေ့တွင် ရှစ်ဦးကို ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။ “ခံဝန်တွေထိုးပြီး ပြန်လွတ်လာတယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများအနက် အမျိုးသမီးများအပြင် အမျိုးသားအချို့ပါဝင်သည်သာ သိရသေးပြီး အမျိုသား၊ အမျိုးသမီးဦးရေ အတိအကျကိုမူ အတိအကျ မသိရသေးကြောင်း ပဝတ်ကုန်း ဒေသခံအချို့က ဆိုသည်။ ဖမ်းဆီးခံရသည့် ရွာသား ၂၇ […]

GGS ကုမ္ပဏီအကြွေးကျန်ကိစ္စ ပြည်ထောင်စုဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးကို အဂတိဖြင့်အမှုဖွင့်

diz_admin

December 9, 2021

ထားဝယ်ခရိုင်အား လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် GGS ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီးဟောင်းနှစ်ဦးတို့ကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်သည်။ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်းများဖြစ်သည့် ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဦးဝင်းခိုင်နှင့် ဒေါက်တာထွန်းနိုင်တို့သည် Global Grand Service (GGS) ကုမ္ပဏီအတွက် သဘာဝ ဓာတ် ငွေ့ဖိုး ငွေကျပ် ခြောက်ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြသည်။ […]

သံဖြူဇရပ် နာရေးကူညီမှုအသင်းဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ချ

diz_admin

December 9, 2021

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သားခြောက်ဦး၏ အလောင်းကို ဓာတ်ပုံရိုက်ပြီး Facebook တွင်တင်သည် ဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရုပ်အလောင်း ဓာတ်ပုံများ Facebook တွင် တင်သဖြင့် အသရေဖျက်မှုအပြင် ပုဒ်မ ၅၀၅ (က) ဖြင့်ပါ စစ်ကောင်စီက အမှုဖွင့်ကာ ဦးကျော်ဝင်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “စစ်သားအလောင်းတွေကို ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့တဲ့ ကိစ္စနဲ့ ဦးကျော်ဝင်းကို ဖမ်းဆီး တရားစွဲခဲ့တယ်။ မနေ့ (ဒီဇင်ဘာ ၈) က ထောင်တစ်နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသရေဖျက်မှုကို အောက်တိုဘာလကတည်းက ထောင်ဒဏ် သုံးလ အမိန့်ချခဲ့ပြီး […]

မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ

diz_admin

December 9, 2021

မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။ အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။ ငါးရာတန် ပါဆယ်ထမင်းတွင် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ငါး၊ ပဲကုလားဟင်း စသည့် ဟင်းတစ်မယ်နှင့် အသီးအရွက်ကြော်၊ ဗာလချောင်တို့ ပါဝင်မည်ဖြစ်ပြီး တစ်နေ့လျှင် ပွဲငါးရာရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ “ဘယ်အရောင်အသွေး ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှ မပါဘူး။ ရောင်းချသူရဲ့ ကိုယ်ကျိုးအတွက်လည်း မပါဘူး။ အခက်အခဲဖြစ်နေသူတွေအတွက် စေတနာသန့်သန့်နဲ့ လုပ်တာပါ” ဟု ဦးကျော်ကျော်လွင်က ပြောသည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခက်အခဲ ဖြစ်နေသူများစွာရှိနေသဖြင့် ၎င်းတို့၏ အခက်အခဲကို နိုင်သလောက်ကူညီရန် သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ […]