ထားဝယ် ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
diz_admin
December 16, 2021ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ဒီဇင်ဘာလ ၁၄ ရက် ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ညနေ ၅ နာရီခန့်က ရေဝိုင်းရွာနှင့် မြင်းမတပ်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသက် ၄၅ နှစ်အရွယ် ဦးမြမွှေးနှင့် အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်း ဆိုသူတို့မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်နေပြီး စစ်ကောင်စီကို သတင်းပေးနေသဖြင့် တနင်္သာရီနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ အသတ်ခံရသူနှစ်ဦး၏ ရုပ်အလောင်းများမှာ ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အထက်ဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။ အသတ်ခံရသူနှစ်ဦး၏ မိသားစုဝင်များနှင့် Dawei […]


