BREAKING
May 3, 2025

သတင်း

အိမ်ဆောက်ရာတွင် လမ်းနှင့် မလွတ်သဖြင့် တားမြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်သီးဖြင့်ထိုးပြီး ပုလင်းဖြင့် ရိုက်

diz_admin

February 6, 2020

ကော့သောင်းတွင် အိမ်ဆောက်ရာ၌ လမ်းနှင့် မလွတ်ကင်းသဖြင့် တားမြစ် သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လက်သီးဖြင့်ထိုးခံရပြီး ပုလင်းဖြင့် ရိုက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံ ကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နှစ်ပတ်ခန့် က အသက် ၃၀ နှစ်အရွယ် အမျိုးသားက ၎င်းအိမ်ဆောက်လုပ်ရာတွင် လမ်းနှင့် မလွတ်ကင်းသဖြင့် အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုနောက် ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းတွင် ရွာအတွင်း လမ်းချဲ့နေ သည်ကို ဆိုင်ကယ်ဖြင့်သွားကြည့်သည့် အုပ်ချုပ်ရေးမှူးကို ရွာလယ်လမ်းတွင် အထက်ပါအမျိုးသားက ဆိုင်ကယ်ရှေ့မှ တားကာ လက်ထဲကိုင်ဆောင်လာသည့် ဂျင်စင်းအအေးပုလင်းဖြင့် ရိုက်ခဲ့ကြောင်း […]

အဖမ်းခံထားရသည်ဆိုသည့် အမျိုးသမီး ချုပ်နှောင်ထားသည့် ဂိုဒေါင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာ ဟုဆို

diz_admin

February 6, 2020

ထားဝယ်မြို့အတွင်းရှိ နေအိမ်အနီး တွင် ဖမ်းခေါ်သွားခြင်းခံရပြီး ၎င်းကို ချုပ်နှောင်ထားသည်ဆိုသည့် ဂိုဒေါင် ကိုဖောက်ကာ ထွက်ပြေးလာရကြောင်း ကာယကံရှင်ဖြစ်သည့် အသက် ၂၂ နှစ် အရွယ်ရှိ မယုဇနဝေက ပြောသည်။ မယုဇနဝေသည် ကမ်းနားဈေးအနီး ရှိနေအိမ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။ ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းတွင် လူပျောက်မှု အမှတ်စဉ် ၃/၂၀၁၉ ဖြင့် အမှုဖွင့်ထား သည်။ ယင်းနောက် ယခုနှစ်ဇန်နဝါရီလ ၂၇ ရက်တွင် ရန်ကုန်တိုင်းအတွင်း ပြန်လည်တွေ့ရှိခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ဆိုသည်။ ထားဝယ်မြို့ ကမ်းနားဈေးရှေ့ရှိ နေအိမ်မှ ဒီဇင်ဘာလ ၁၉ ရက် ညနေ ပိုင်းတွင် ကမ်းနားပန်းခြံအနီးရှိ ၎င်းတို့ မိသားစုပိုင် အခြားနေအိမ်သို့လမ်း […]

မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပမည်

diz_admin

February 6, 2020

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ မြို့နယ်ပေါင်းစုံမှ အသင်း ၁၀ သင်း ဝင်ရောင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ် နှင့်တိုင်း ပြိုင်ပွဲသွားရန်အတွက် လူရွေးပွဲ အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။ “ဒီပြိုင်ပွဲပြီးရင် လူရွေးမယ်။ လူရွေး ပြီးရင် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ သွားမယ်” ဟု ဦးခင်မောင်ဌေးက ဆိုသည်။ အသင်းတစ်သင်းလျှင် ကစားသမား ငါးဦးနှင့် အရန်ကစားသမားငါးဦး ပါဝင် မည်ဟု ၎င်းက ပြောသည်။ ပြည်နယ်နှင့် တိုင်းပြိုင်ပွဲကို မတ်လ တွင် […]

ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ကျင်းပမည်

diz_admin

February 6, 2020

ထားဝယ်ခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေးမာရသွန် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညားစီးဌာနထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။ “အဓိကတော့ ကလေးတွေ ဆုလည်း ရစေချင်တယ်။ သွေးသစ်ကစားသမား လေးတွေကို တိုးတက်စေချင်တဲ့ ဆန္ဒပေါ့။ မျိုးဆက်သစ်ရစေချင်တာပဲ” ဟု ဦးခင် မောင်ဌေးက ဆိုသည်။ ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲ ခရီးရှည် မှာ သုံးမိုင်ခန့်သာရှိပြီး တိုင်းနှင့်ပြည်နယ် ပွဲများတွင် ဝင်ရောက်ကစားဖူးသူများကို ပါဝင်ခွင့်မပြုကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို တိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် […]

စိတ်ပညာ ဒုတိယနှစ်ကျောင်းသားထံမှ စိတ်ကြွဆေးမိ

diz_admin

February 6, 2020

စိတ်ပညာသင်ယူနေသည့် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားထံမှ စိတ်ကြွ ဆေး ၁၀ ပြား ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေး သတင်းအရ ဇန်နဝါရီလ ၂၉ ရက် နံနက် စောစောတွင် ရေဖြူဘက်မှ လောင်းလုံး ဘက်သို့ တက္ကသိုလ်ကျောင်းသား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိန်သစ်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသား၏ လက်အတွင်းကိုင်ထားသည့် WY စိတ်ကြွ ဆေး ၁၀ ပြားနှင့် ကျောင်းသားကတ် တစ်ခုကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အထက်ပါအမျိုးသားကို မေးမြန်း ရာ အဆိုပါစိတ်ကြွဆေးများကို တောင်မင်းပြောင်ရွာနေ အမျိုးသားတစ်ဦးထံမှ တစ်ပြားလျှင် ကျပ်လေးထောင်ဖြင့် […]

ထားဝယ်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းသည့် အလေ့ပြောင်းလာ

diz_admin

February 6, 2020

ယခင်က (ဆောက်လုပ်ရေးလုပ်ငန်း သုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည် အသွေးညံ့ ဆိုင်ကယ်ဦးထုပ် အဆောင်းများသည့် ထားဝယ်တွင် ဆိုင်ကယ် ဦးထုပ်ဆောင်းသည့် အလေ့ပြောင်းလာ ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်း ဆိုင်နှင့် ဆိုင်ကယ်စီးသူအချို့ထံမှ သိရ သည်။ ပြီးခဲ့သည့်နှစ်မှ စတင်ကာ ကြံ့ခိုင် မှု၊ လုံခြုံမှုရှိသော ဆိုင်ကယ်ဦးထုပ်များကို ရွေးချယ်ဆောင်း လာကြကြောင်း ၎င်းတို့က ပြောသည်။ (ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည်အသွေးညံ့ ဆိုင်ကယ်ဦးထုပ် ဆောင်းခွင့်မပြုဟု ပြောဆိုမှုများ ရှိလာသည့်အချိန်မှစ၍ ပိုမို ကြံ့ခိုင်မှုရှိသည့် ဆိုင်ကယ်ဦးထုပ် များကို ရွေးချယ်ဝယ်ယူလာကြသည်ဟု ထားဝယ်မြို့ မြောင်းပုလဲရပ်၊ ကမြောကင်း လမ်းရှိ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှ ကိုဇေယျာနိုင်က ပြောသည်။ “တော်တော်များများက လူငယ်တွေ အဆောင်းများတယ်”ဟု ကိုဇေယျာနိုင်က ဆိုသည်။ ဆိုင်ကယ်မတော်တဆဖြစ်လျှင် ဦးခေါင်းတစ်ခုလုံးလုံသည့် ဦးထုပ်က […]

တနင်္သာရီတိုင်းအတွင်း စီမံကိန်းများတွင် မသန်စွမ်းသူများကို ဦးတည်ဆောက်ရွက်ချက် အားနည်းဆဲ

diz_admin

February 6, 2020

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ က ဆောင်ရွက်နေသည့် ဒေသန္တရစီမံကိန်း များတွင် မသန်စွမ်းများကို ဦးတည်ဆောင် ရွက်သည့် ကိစ္စများကို ထည့်သွင်းဆောင်ရွက်ချက် အားနည်နေဆဲဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ထောက်ပြသည်။ ထို့အပြင် မြေပြင်အခြေအနေတွင်လည်း မသန်စွမ်းများ အကျိုးစီးပွားနှင့် ပတ်သက်ပြီး အများပြည်သူချပြနိုင်သည့် ရလဒ်များဖော်ဆောင်နိုင်ခြင်း မရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် မသန်စွမ်းများအတွက် ဘာသာရေးဆိုင်ရာ ကိစ္စများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အစိုးရ အနေဖြင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် ယင်း ကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တိုင်းအတွင်းရှိ […]

သွေးလွန်တုပ်ကွေးဖြစ်သူ ထားဝယ်တွင် ထိုးကျ၊ ပုလောတွင် မြင့်တက်

diz_admin

February 6, 2020

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းက ထားဝယ်မြို့နယ်တွင် ထိုးကျသွားပြီး ပုလောမြို့နယ်တွင် မြင့်တက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ အဆိုပါမြို့နယ်နှစ်ခုတွင် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ အရေအတွက်အရ သိရခြင်းဖြစ်သည်။ ထားဝယ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၂ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၅ ဦးအထိ ကျဆင်းသွားခဲ့ သည်။ ပုလောမြို့နယ်တွင်မူ ၂၀၁၈ ခုနှစ် တွင် ၁၄၉ ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၂၂၂ ဦးအထိ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ ထားဝယ်တွင်၂၀၁၉ခုနှစ်နှစ်ဆန်းပိုင်းကဖြစ်ပွားခဲ့သည့်ဆင်တုပ်ကွေးနှိမ်နင်းရေးအတွက် […]