ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့လယ်ခေါင် လမ်းဆုံကြီးတွင် ဗုံးပေါက်

diz_admin

December 26, 2021

ထားဝယ်မြို့လယ်ခေါင် လမ်းဆုံကြီးမီးပွိုင့်တွင် ချိတ်ဆွဲထားသည့် သပိတ်စာပြားကို ယနေ့ နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာဖြုတ်စဉ် ဗုံးပေါက်ကွဲကြောင်း မြို့ခံတစ်ဦးက ပြောသည်။ လမ်းဆုံကြီးမီးပွိုင့်တွင် ချိတ်ဆွဲထားသည့် ‘သွေးကြေးဆပ်မည်’ ဆိုသည့် သပိတ်စာပြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (ဒီဇင်ဘာ ၂၆) နံနက်က လာဖြုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားပြည်သူ ထိခိုက်မှုရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း သီးခြားအတည် မပြုနိုင်သေးပါ။ အရပ်သားပြည်သူတွင် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။

မြိတ် လျှပ်စစ်မီတာခ လတိုင်းနီးပါး ဈေးတက်၊ ၁၁လအတွင်း ဈေးတစ်ဆကျော်ခုန်တက်

diz_admin

December 26, 2021

ယခုနှစ်အစက စပြီး မြိတ်မြို့ရှိ လျှပ်စစ်မီတာခဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ လတိုင်းနီးပါး တက်မြဲအတိုင်း တက်နေကြောင်း လျှပ်စစ်မီတာသုံးစွဲသူတို့ထံမှ သိရသည်။ မီတာခဈေးနှုန်းများမှာ ယခုနှစ်အစ ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်အထိ ပေးဆောင်ခဲ့ ရကြောင်း ၎င်းတို့ထံမှ သိရသည်။ လျှပ်စစ်မီတာခ ဈေးမကျသည့်အပြင် နိုဝင်ဘာလအတွက် တစ်ယူနစ်လျှင် ‌၄၇၈ ကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း မီးသုံးစွဲသူတို့မှ သိရသည်။ နိုဝင်ဘာလ ဈေးနှုန်းသည် နှစ်အစ […]

သရက်ချောင်းတွင် စစ်ကား လေးစီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံး မီးရှို့ခံရ

diz_admin

December 26, 2021

သရက်ချောင်းမြို့နယ်ဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား လေးစီးသည် သရက်နှစ်ခွ ကျေးရွာနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် သင်းကျွန်းရွာက ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သရက်နှစ်ခွရွာအထွက်နှင့် သင်းကျွန်းရွာကြားတွင် ပေါက်ကွဲသံကြားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က လမ်းတစ်လျှောက် သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သရက်နှစ်ခွရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “(မိုင်းကွဲလို့) တွင်းနှစ်တွင်း ပေါ်နေတယ်။ ပထမတစ်လုံး ပေါက်ကွဲသံ ကြားပြီးမှာပဲ သေနတ်တွေ ဆက်တိုက်ပစ်တာ” ဟု ၎င်းက ဆိုသည်။ မိုင်းဖောက်ခွဲခံရသည့်နေရာအနီး သရက်နှစ်ခွရွာတွင် နေသည့် ဦးဌေးဝင်းကို ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်းအိမ်မှ ဆွံ့အ၊ နားမကြားသည့် မသန်စွမ်းအမျိုးသားတစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရာ […]

တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

diz_admin

December 25, 2021

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ “PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက […]

သရက်ချောင်း ပိန်းတောရွာတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှု ဖြစ်

diz_admin

December 25, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ (ဒီဇင်ဘာလ ၂၅) ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သရက်ချောင်းမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကားနှစ်စီး ပိန်းတောကျေးရွာ မှန်ကျောင်း (ဘုန်းကြီးကျောင်း) အနီးသို့ အရောက်တွင် ပေါက်ကွဲမူတစ်ခုဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် မိနစ်သုံးဆယ်ခန့်ကြာ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ပိန်းတောဒေသခံတစ်ဦးက ပြောသည်။ “ပေါက်ကွဲသံကတော့ ဝုန်းကနဲ တစ်ချက်ကြားလိုက်တယ်။ ပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုင်းကြားရတယ်။ကြားရသလောက်ကတော့ တစ်ဖွဲ့တည်းကနေ ပစ်နေတာမျိုးတော့ မဟုတ်ဘူး။ အပြန်အလှန်ပစ်နေတဲ့ ပုံစံမျိုးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီနှင့် မည်သည့်အဖွဲ့တို့ ပစ်ခတ်နေသည်ကို မသိရသလို ထိခိုက်မူအခြေအနေကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ […]

စမ်းလှမ်းရွာလမ်းတွင် ပစ်သတ်ခံရသူမှာ စိတ်ဝေဒနာရှင်ဖြစ်

diz_admin

December 25, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် လောင်းလုံး-စမ်းလှမ်းသွား လမ်းပိုင်းတနေရာတွင် ညင်းမော်ရွာသားတစ်ဦး ပစ်သတ်ခံရပြီး ယင်းမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ‌အသက် ၂၈ နှစ်အရွယ် ကိုကန်းကြေ (ခေါ်) ကိုသီဟ ဆိုသူဖြစ်ပြီး စိတ်ဝေဒနာ ခံစားနေ ရသဖြင့် လျှောက်သွားနေတတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် ဒီဇင်ဘာလ ၂၄ ရက်က စမ်းလှမ်းတောင်ခြေရင်း တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့စဉ် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကနဦးတွင် သေဆုံးသူမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရဘဲ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အွန်လိုင်းပေါ်သို့ ရုပ်အလောင်းပုံ […]

သရက်ချောင်းနှင့် ပလောက်နယ်မြေကို ည ၇ နာရီနောက်ပိုင်း လုံးဝ မသွားကြရန် တားမြစ်

diz_admin

December 24, 2021

ခရီးသည်တင်ကား ပစ်ခတ်ခံရပြီးနောက် သရက်ချောင်းနှင့် ပလောက်နယ်မြေကို ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ကားများ၊ ကုန်စည်ပို့ဆောင်ရေးကားများအားလုံး ည ၇နာရီ နောက်ပိုင်း လုံးဝ မသွားလာကြရန် တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၄) တားမြစ်လိုက်သည်။ ခရီးသည်တင်ကားနှင့် ကုန်ကား ငါးစီး ယနေ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ယာဉ်မောင်းတစ်ဦး သေဆုံးပြီးနောက် ယင်းသို့ တားမြစ်သည့် ညွှန်ကြားစာ ထုတ်လိုက်ခြင်းဖြစ်သည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များကို ပြေးဆွဲနေသည့် ခရီးသည်တင် ကားလိုင်းများနှင့် ကုန်ကားများ၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်ဟုဆိုကာ သရက်ချောင်းမြို့နယ်နှင့် ပလောက်မြို့နယ် ကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်း မသွားလာကြရေး သက်ဆိုင်ရာဌာနများက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန် အဆိုပါဌာနက ညွှန်ကြားထားသည်။ ယနေ့ နံနက် ၄ […]

တနင်္သာရီတိုင်းတွင် ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်းသုံးခု ခွင့်ပြု

diz_admin

December 24, 2021

စစ်ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်း သုံးခုကို ခွင့်ပြုပေးလိုက်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ၊ ထားဝယ်မြို့နယ် အမြားကျေးရွာနှင့် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာတို့တွင် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ ယင်းဟိုတယ်လုပ်ငန်းသုံးခုကို ယခုလအတွင်း ခွင့်ပြုပေးကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာတွင် ပြင်သစ်နိုင်ငံသားပိုင် Myanmar Beach Hotel ကုမ္ပဏီအား မြေအကျယ်အဝန်း လေးဧကကျော်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ ပြင်သစ်နိုင်သားပိုင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုပမာဏမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်း ဖြစ်ကြောင်း အဆိုပါကော်မတီစာရင်းအရ သိရသည်။ Myanmar Beach Hotel ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် […]