ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 4, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက ယနေ့ ဇန်နဝါရီလ ၄ရက်(လွတ်လပ်ရေးနေ့)တွင် ‘သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

တနင်္သာရီ တကူရဲစခန်းကို PDF များ ဖျက်ဆီး

diz_admin

January 4, 2022

တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ ရဲစခန်းကို တနင်္သာရီ PDF များက လာရောက် ရိုက်ချိုးဖျက်ဆီးသွားကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၃) မွန်းလွဲ ၃ နာရီခန့်က PDF အများအပြား ရွာထဲသို့ ဝင်ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်ရိုက်ချိုး ဖျက်ဆီးသွားကြောင်း ရွာသားများက ပြောသည်။ “ရဲတွေက ဒီစခန်းမှာ မရှိတာကြာပြီ” ဟု ယင်းရွာနေအမျိုးသားတစ်ဦးက ပြောသည်။ တကူကျေးရွာသံတိုက်တွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ယနေ့တွင်မူ မရှိကြဘဲ သရဘွင်ရွာဖက်သို့ ရောက်နေကြကြောင်း ရွာသားများကဆိုသည်။ “မီးရှို့တာ မဟုတ်ပါဘူး။ ဒီအတိုင်း ဝင်ပြီး ရိုက်ဖျက်သွားကြတယ်လို့ ကြားရတယ်” ဟု တကူကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။ PDF များက ရဲစခန်းအား ရိုက်ချိုးဖျက်ဆီးပြီးနောက် ရွာအတွင်း လှည့်လှည်သွားလာပြီး […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အသတ်ခံရ

diz_admin

January 3, 2022

မောတောင်နယ်စပ်မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်သည့် နေရာ တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ကန်ချနဘူရီဒေသတွင်းသတင်းများက ရေးသားဖော်ပြ သည်။ ကန်ချနဘူရီခရိုင် စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းတခု၏ ရေချိုးခန်းတွင် အသက် ၂၉ နှစ်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ အဆိုပါ မြန်မာအမျိုးသမီးသည် ၎င်း၏သမီး၊ မောင်ဖြစ်သူနှင့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့နှင့်အတူ လွယ်အစ်ခရိုင်တွင် အလုပ်လုပ်ကိုင်ကြပြီး စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းသို့ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အပန်းဖြေစခန်း၏ အခန်းတစ်ခုတွင် အတူပါလာသည့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားက အမျိုးသမီး၏ […]

တနင်္သာရီတိုင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးအေးနိုင် တိမ်းရှောင်နေစဉ် ကွယ်လွန်

diz_admin

January 3, 2022

တနင်္သာရီတိုင်း NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးနိုင် တိမ်းရှောင်နေရစဉ် တောထဲတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအေးနိုင်သည် တောထဲတစ်နေရာတွင် တိမ်းရှောင်နေစဉ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ရုတ်တရက် သွေးတိုးပြီး ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ရုတ်တရက် သွေးတိုးတက်ချိန်တွင် ကျန်းမာရေးဝန်ထမ်းကို ခေါ်ယူခဲ့သေးသော်လည်း ညဦးပိုင်းအချိန် ဖြစ်သောကြောင့် သွားလာရေး ခက်ခဲသဖြင့် အချိန်ကုသခွင့် မရခဲ့ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။ ဦးအေးနိုင်၏ ရုပ်အလောင်းအား ၎င်း၏ဇာတိရွာဖြစ်သည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် (ယနေ့ ဇန်နဝါရီ ၃) ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဦးအေးနိုင်သည် တနင်္သာရီတိုင်း NLD ပါတီအလုပ်အမူဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ စည်းကမ်း […]

တနင်္သာရီ သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဗုံးခွဲခံရ

diz_admin

January 3, 2022

တနင်္သာရီမြို့နယ် သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဇန်နဝါရီလ ၂ ရက်ညတွင် ဗုံးခွဲခံရကြောင်း ယင်းကျေးရွာနေ ဒေသခံပြည်သူများထံမှ သိရသည်။ တနင်္သာရီမြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် အဆိုပါကျေးရွာရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်အား ဇန်နဝါရီ ၂ ရက်ည ၇ နာရီခွဲခန့်က အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက်ဗုံးခွဲသွားကြောင်း ဒေသခံရွာသားများက ပြောသည်။ “ဆိုင်ကယ်တွေနဲ့ လာပြီးခွဲသွားတာ။ ဘယ်သူတွေမှန်းတော့ မသိရဘူး” သရဘွင်ရွာနေ အမျိုးသားတစ်ဦး က ပြောသည်။ ဗုံးခွဲခံရမှုကြောင့် တာဝါတိုင် အောက်ခြေရှိ စက်ယန္တယားများ မီးလောင် ပျက်စီးသွားခဲ့ပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်သွားကြောင်း ရွာသားများက ပြောပြသည်။ ဗုံးခွဲခံရပြီးနောက် တာဝါတိုင်အား စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိ ဇန်နဝါရီ ၃ ရက်နံနက်အထိ စစ်ကောင်စီတပ်ဖွဲ့က ရွာသားများအား […]

မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတွင် ပြည်သူများ ကားမှန်ချမောင်းရန် PDF စာထုတ်

diz_admin

January 2, 2022

မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတစ်လျှောက် သွားလာနေကြသည့် မော်တော်ယာဉ်များ မှန်ချပြီး မောင်းနှင်သွားလာကြရန် တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တနင်္သာရီမြို့နယ် TYF-PDF) ထုတ်ပြန်ကြေညာထားသည်။ ဇန်နဝါရီလ ၂ ရက်နေ့မှ စ၍ မည်သည့်အဖွဲ့အစည်းပိုင် မော်တော်ယာဉ်မဆို မှန်ချပြီးမောင်းနှင်ကြရန်၊ စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မလိုက်ကြရန် ထုတ်ပြန်ထားသည်။ အကယ်၍ ကားမှန်မချဘဲ သွားလာလျှင် စစ်ကောင်စီတပ်က အသုံးပြုနေသည့် ယာဉ်များနှင့် မှားယွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များသည် ကျေးရွာအချို့သို့ တပ်ချိန်း တပ်ပြောင်းလုပ်ရာတွင်လည်းကောင်း၊ တပ်အင်အား ဖြည့်တင်းခြင်းနှင့် တပ်ရိက္ခာသယ်ဆောင်ရာတွင်လည်းကောင်း ယင်းလမ်းမကြီးကို အသုံးပြုနေကြသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထားဝယ်တွင် ၁၂ရက်အတွင်း ၂၅ဦး ပြစ်ဒဏ်ချခံရ၊ အာဏာသိမ်းမှုဆန့်ကျင်၍ ပြစ်ဒဏ်ချခံရသူ ၁၂၀ ကျော်ရှိပြီ

diz_admin

January 2, 2022

ထားဝယ်ထောင်တွင် ၁၂ ရက်အတွင်း ပြစ်ဒဏ်ချခံရသူ ၂၅ ဦးအထိရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြစ်ဒဏ်ချခံရသည့် အမျိုးသား ၁၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က (DPPN) က ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်းချိန်မှ စတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမိန့်ချခံရသည့် အမျိုးသားသီးသန့် စာရင်းဖြစ်ကြောင်း DPPN တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်းတွင်မူ ထောင်ဒဏ်ချခံရသူ ၂၅ ဦးရှိကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။ “အမိန့်ချခံရသူစာရင်းက ဒီထက်ပိုရင်လည်း ပိုနိုင်မှာပါ။ ဖမ်းဆီးခံရသူ စာရင်းကတော့ (အပြည့်အစုံ) ရဖို့ ခက်ခဲတယ်။ အခု အမိန့်ချခံရပြီးသူ စာရင်းတောင် ကျွတော်ပြန်လွတ်လာမှ လုပ်ရတာ” ဟု […]

တိုင်းအတွင်း CDM ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်နေရာတွင် တစ်ရာကျော်သာပြန်ခန့်နိုင်သေး

diz_admin

January 2, 2022

တနင်္သာရီတိုင်းတွင် CDM ပြုလုပ်သည့် အခြေခံ ဆရာ၊ ဆရာမ ခုနှစ်ထောင်ကျော်၏ လစ်လပ်နေရာတွင် ဆရာ၊ ဆရာမအသစ် တစ်ရာကျော်သာ စစ်ကောင်စီက ပြန်ခန့်နိုင်သေးကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ တိုင်းအတွင်း အခြေခံပညာ ဆရာ၊ ဆရာမ ၁၅၀၀၀ ကျော်ရှိပြီး စစ်တပ် အာဏာသိမ်းပြီးနောက်တွင် ဆရာ၊ ဆရာမ ၇၀၀၀ ကျော်မှာ CDM လုပ်ကြကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ CDM ပြုလုပ်သည့် ဆရာ၊ ဆရာမများ၏ လစ်လပ်နေရာကို အစားထိုးခန့်အပ်နိုင်ရန်အတွက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာက ဆရာ၊ ဆရာမအသစ်များကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး လျှောက်လွှာခေါ်ယူခဲ့သည်။ ယင်းသို့ခေါ်ယူရာတွင် တိုင်းအတွင်း လျှောက်ထားသူ ၅၀၀ ကျော်ရှိကြောင်း အထက်ပါဌာနထံက သိရသည်။ […]