အခြေခံပညာကျောင်းများတွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးရန် ညွှန်ကြား
diz_admin
February 11, 2020တိုင်းအတွင်းရှိ အခြေခံပညာကျောင်း များတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွား သော အဆုတ်ရောင်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က မြို့နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံး (ပညာရေးရာဌာန) ထံမှ သိရသည်။ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်း လမ်းများ စသည့် အသေးစိတ်အချက် အလက်များကို ကျောင်းသူ၊ ကျောင်းသား များအား အသိပညာပေးရန် ဖေဖော်ဝါရီ လ ၃ ရက်က အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်က ညွှန်ကြားထားသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် အခြေခံပညာကျောင်း များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အထက်ပါ […]