ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတိုက်ပွဲတွင် ပုလော PDF အဖွဲ့က ရဲဘော်ဖြူဖွေး ကျဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီက ကဒဲရွာရှိ ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲ တစ်နာရီခန့်ကြာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးအဖွဲ့ဘက်က တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။ ပုလော PDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ဖြူဖွေးကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း […]

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ဖမ်းဆီးခံရ

diz_admin

January 4, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သား ဖြစ်သူအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် ရှိနေစဉ် ဇန်နဝါရီလ ၃ ရက်နေ့ညပိုင်းက ဖမ်းဆီခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “လက်ရှိ သူတို့ကို ဘယ်မှာ ဘယ်လို ထိန်းသိမ်းထားလဲတော့ မသိသေးဘူး။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ပတ်ဝန်းကျင်နေသူတို့၏ ပြောပြချက်အရ ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားကို ဝင်ဖမ်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ပစ်ဖောက်မှုပါ လုပ်ခဲ့ကြောင်း သိရသည်။ လူထိခိုက်မှု ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းတို့က […]

စော်ဖျားတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

January 4, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီ ၄) နေ့လယ်ပိုင်းက အသတ်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၅ နှစ်ခန့်ရှိ ဦးဘိတ် (ခေါ်) ဦးဝင်းချိုမှာ စော်ဖျားရွာတောင်ဘက်ရှိ ကျောက်လှေကားရွာကို သွားစဉ် လမ်းပိုင်းတစ်နေရာတွင် အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး တောတွင်းတစ်နေရာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသတ်ခံရသူ အမျိုးသားမှာ ဒလန်ဟု အထက်ပါရွာသားက ပြောဆိုသလို အခြား ရွာခံအမျိုးသမီး နှစ်ဦးကလည်း အသတ်ခံရသူမှာ ဒလန်ဟု ကျော်ဇောသူဖြစ်ကြောင်း ပြောဆိုသည်။ စော်ဖျားရွာက အခြားဒေသခံရွာသားတစ်ဦးကမူ သေဆုံးသူအမျိုးသားမှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်အဆင့်ဖြင့် ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပျူစောထီးအဖွဲ့နှင့်လည်း လုံးဝ မသက်ဆိုင်ကြောင်း […]

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

diz_admin

January 4, 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့ အခြားနေရာအချို့တွင်လည်း အားကစားပြိုင်ပွဲအချို့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပကြပြီး ဝင်ပြိုင်သူ နည်းပါးကာ လာရောက်အားပေးသူလည်း အလွန်နည်းကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်နှစ်စီးကို သိမ်းပြီး ပြည်သူထံပြန်ပေးဟု PDF ထုတ်ပြန်

diz_admin

January 4, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ဆိုင်ကယ် ငါးစီးအား သိမ်းပိုက်ပြီးနောက် ပိုင်ရှင်ပေါ်ပေါက်သည့် နှစ်စီးကို မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် တကူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တကူဘုန်းကြီးကျောင်းတွင် ထားရှိသည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်များကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆိုင်ကယ်ငါးစီးအနက် နှစ်စီးမှာ ပိုင်ရှင်ပေါ်ပေါက်သဖြင့် ပြန်လည်ပေးအပ်လိုက်ပြီး စစ်ကောင်စီတပ် အသုံးပြုနေသည့် စက်လှေတစ်စီးနှင့် စက်နှစ်လုံးကိုမူ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တကူကျေးရွာတွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ဇန်နဝါရီလ ၃ရက်နေ့တွင်မူ မရှိကြဘဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် သရဘွင်ရွာဘက်သို့ ရောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က […]

အာဏာသိမ်းဂယက်အောက်မှ လွတ်လပ်ရေးနေ့ မောင်းမကန်

diz_admin

January 4, 2022

လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ်တွင် မောင်းမကန်ကမ်းခြေသို့ လာရောက်သူ နည်းပါးနေခဲ့သည်။ ယခင်နှစ်များက အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် လွတ်လပ်ရေးနေ့တွင် ကမ်း‌ခြေ၌ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လာရောက်အပန်း‌‌ဖြေသူ နည်းပါးနေသည်။

ပုလောတွင် ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်

diz_admin

January 4, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ယနေ့ တိုက်ခိုက်ကြောင်း ပုလောဒေသခံများက ပြောသည်။ ယနေ့ (ဇန်နဝါရီ ၄) နံနံက် ၅ နာရီခွဲခန့်က ပုလော PDF ပူးပေါင်းအဖွဲ့က ကဒဲကျေးရွာရှိ ပျူစောထီးအဖွဲ့ကို လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ “ပျူစောထီးဖက်က တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ PDF ဖက်ကလည်း တစ်ယောက် ကျသွားတယ်လို့တော့ ကြားရတယ်” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပဝတ်ကုန်းရွာနှင့် ကဒဲရွာတို့မှာ ရွာနီးစပ်ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ကဒဲရွာနှင့် ပဝတ်ကုန်းရွာတွင် နေထိုင်သည့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ ပုလောမြို့နယ်၊ […]