ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင်လေးဦးဒဏ်ရာ

diz_admin

August 19, 2022

ကလိန်အောင်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် ယနေ့ (ဩဂုတ် ၁၉) နံနက် ၉ နာရီခန့်က ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အိမ်စီးကားဖြင့် ထားဝယ်ဘက်သို့ မောင်းနှင်လာစဉ် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ရွာကြား မိုင်တိုင်အမှတ် ၄၀ အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။ အဆိုပါကားပေါ်တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်အချို့ ပါဝင်ကာ နိုင်ငံရေးအမှု ရုံးချိန်းအတွက်သွားရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်တစ်ဦး အပါအဝင် လေးဦး သေနတ်ကျည် ထိမှန်ခဲ့ပြီး ၎င်းတို့ကို ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ စစ်တပ်ဆေးရုံကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “ကားမောင်းသူက အမှုစွဲချက်တင်သူ ဒုရဲအုပ်လို့တော့ပြောတယ်။ သူက သုံးလေးချက်ထိတယ်။ […]

ဖင်လန်ဝန်ကြီးချုပ် ပါတီပွဲတွင်ကခုန်နေ၍ အတိုက်အခံများ ဖိအားပေး

diz_admin

August 19, 2022

ပါတီတွင်တစ်ခုတွင် ကခုန်ပျော်ပါးနေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင် တစ်ယောက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သတင်းများက ဖော်ပြထားသည်။ အဆိုပါ ဗီဒီယိုထဲတွင် ဝန်ကြီးချုပ်သည် ဖင်လန်နာမည်ကြီးလူသိများ ဆယ်လီများအပါအဝင် မိတ်ဆွေများနှင့် ကခုန် သီချင်းဆိုနေသည်ကို တွေ့ရသည်။ အတိုက်အခံပါတီများက ဝေဖန်လျက်ရှီကြပြီး အတိုက်အခံခေါင်းဆောင်တစ်ဦးက ဝန်ကြီးချုပ်ကို မူးယစ်ဆေးသုံးထားမထား စစ်ဆေးသင့်သည်ဟု ပြောထားသည်။ အသက် (၃၄) နှစ်အရွယ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည့် ဖင်လန်လူငယ် အမျိုးသမီးနိုင်ငံရေးသမားသည် မူးယစ်ဆေးသုံးသည့်ကိစ္စကို ငြင်းဆန်ထားသည်။ ပျော်ရွှင်ခုန်ပေါက်ကာ ပါတီပေးခဲ့ခြင်း ဖြစ်ပြီး အရက်သာ သောက်ခဲ့ပါကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ကမ္ဘာ့အသက်အငယ်ဆုံး တိုင်းပြည်ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသည့် ဖင်လန်ဝန်ကြီးချုပ်သည် ပါတီပွဲ တက်ခြင်းကို လျို့ဝှက်မထားဘဲ ဂီတပွဲများတွင်လည်း ဓာတ်ပုံအရိုက်ခံခဲ့သည်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မီဒီယာများက မှတ်တမ်းတင်ခဲ့သည့် […]

ဆီမကုန်ခင် အလုအယက်

diz_admin

August 19, 2022

ထားဝယ်မြို့ပေါ်တွင် ဓာတ်ဆီအကန့်အသတ်ဖြင့် ရောင်းချနေမှုကြောင့် ဆီမကုန်ခင် အလုအယက်ဆီဝယ်ယူနေကြသည့် မြင်ကွင်းကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရစဉ်။ သီလဝါမှထွက်လာသည့် ဆီဘောင်ဆာကား ယနေ့ထားဝယ်သို့ ရောက်ရှိလာခြင်းကြောင့် ဆီရောင်းပေးနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၃၀၀၀ ကျပ်ဖိုး (တစ်လီတာကျော်ကျော်)၊ ကားတစ်စီးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း ဆီဆိုင်များမှစုံစမ်းသိရှိရသည်။ ထားဝယ်မြို့ စျေးကွက်အခြေအနေအရ ဆီဘောင်ဆာကားတစ်စီးစာ ပါရှိလာသည့် လောင်စာဆီမှာ အချိန်အနည်းငယ်အတွင်း ကုန်သွားမည်ဖြစ်သောကြောင့် ပြည်သူများမှာ အလုအယက် သွားရောက်ဝယ်ယူနေကြခြင်းဖြစ်သည်။ ယနေ့ဆီပေါက်စျေး 95 တစ်လီတာ – ၂၅၀၅ ကျပ် 92 တစ်လီတာ – ၂၄၂၀ ကျပ်

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရ

diz_admin

August 18, 2022

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်း ဩဂုတ်လ ၁၇ ရက် ညပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့တို့ထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က သေနတ်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။ ရဲတို့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေနတ်သမားဘက်က တစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။ “ညက သေနတ်သံတော့ကြားတယ် ၁၅ ချက် အချက် ၂၀ လောက်ရှိမယ် ပစ်တာ။ မနက်ကျမှ ရဲစခန်းမှာ ဖြစ်တာ သိရတယ်။ လာပစ်တဲ့ဘက်က တစ်ယောက်သေသွားတယ်လို့တော့ ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ သံဖြူဇရပ်မြို့မရဲစခန်းကို သံဖြူဇရပ် […]

ပုလောတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးပစ်ခတ်ခံပြီး ဆေးရုံရောက်၊ တစ်ဦးစိုးရိမ်ရ

diz_admin

August 18, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ကုသနေရကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်က လက္ကူးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် အပစ်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် ပုလောဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။ လက္ကူးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “ဆိုင်ကယ်စစ်ဆေးဖို့ နားခိုင်းတာ။ မနားလို့ပစ်လိုက်တာ။ တစ်ယောက်ကတော့ အတော်စိုးရိမ်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အနောက်က ပစ်ခတ်ခဲ့သည့်အတွက် ဆိုင်ကယ်အနောက်မှ ထိုင်လာသူမှာ ကျည်ဆံ ခါးမှဖောက်ထွက်သွားပြီးမောင်းလာသူတွင် ဆီးခုံမှဖောက်ထွက်သွားသည်ဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။ လူငယ်နှစ်ဦး နောက်ဆက်တွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei Watch ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့်လက […]

ထိုင်ဝမ်နှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းနေဟု အမေရိကန်ကြေညာ

diz_admin

August 18, 2022

ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် သီတင်းပတ်များ အကြာတွင် ထိုင်ဝမ်နှင့် တရားဝင်ကုန်သွယ်ရေး ညှိနိူင်းမှုများ ဆောင်ရွက်နေကြောင်း အမေရိကန်ဘက်က ကြေညာခဲ့သည်။ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲကို ဆောင်းရာသီ အစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားသည်။ အမေရိကန်-ထိုင်ဝမ် တရားဝင် ဆွေးနွေးရာတွင် ကုန်သွယ်ရေး ချောမွေ့စေရန် စိစဉ်ခြင်း၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ ပါဝင်မည်ဖြစ်သည်။ ထိုင်ဝမ်သို့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌသွားရောက်ခဲ့ပြီးနောက် အမေရိကန် တရုတ် ဆက်ဆံရေးက တင်းမာနေလျက်ရှိသည်။ အမေရိကန်နှင့် ထိုင်ဝမ် ကုန်သွယ်ရေး အခင်းအကျင်းအသစ်ကို ပြီးခဲ့သည့် ဇွန်လ က စတင်ဖွင့်လှစ်ခဲ့ပြီး အပြန်အလှန်သဘောတူညီမှုများ တိုးတက်ဖြစ်ထွန်းနေသည်ဟု နှစ်ဖက်လုံးက ပြောကြားထားသည်။ အမေရိကန်နှင့် ထိုင်ဝမ်ကြား ကုန်သွယ်မှု တန်ဖိုး […]

စက်သုံးဆီစျေးကြီးသဖြင့် အမြန်ရေယာဉ် ထက်ဝက်နီးပါးယာယီရပ်နား

diz_admin

August 18, 2022

စက်သုံးဆီစရိတ်ကြီးခြင်း၊ ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့် မြိတ်မြို့နှင့် ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်ထက်ဝက်ခန့် ယာယီရပ်နားထားရသည်ဟု အမြန်ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှသိရသည်။ မြိတ်မြို့နှင့်ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၁၀ စီးရှိပြီး ၄ စီးသည်ရပ်နားထားကာ လက်ရှိ ၆ စီးသာပြေးဆွဲလျက်ရှိကြောင်း အမြန်ရေယာဉ်လုပ်ငန်းရှင်များက ပြောသည်။ “လုပ်ငန်းရပ်ပစ်လိုက်တာတော့ မဟုတ်ဘူး။ လှေဒေါင့်တင်မယ်။ ပြင်ဆင်မယ်ဆိုပြီး ခဏနားထားတာ။ တစ်ကယ်တော့ ဆီဝယ်ယူလို့ခက်ခဲတာရယ်။ စျေးကြီးတာရယ်ကြောင့် အရှံးပေါ်နေလို့ ပြင်ဆင်မယ်ဆိုပြီး ယာယီနားနေကြတာပါ”ဟု အမြန်ရေယာဉ် ပိုင်ရှင်တစ်ဦး ကပြောသည်။ မြိတ်မှကျွန်းစုသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးအနက် လက်ရှိတွင် ၂ စီးသာပြေးဆွဲနေပြီး ကျန် ၁ စီးမှာပြုပြင်နေကြောင်း ၎င်းတို့ထံမှသိရသည်။ ၎င်းအပြင် မြိတ်မှစခန်းသစ်ရွာနှင့် ကံမော်ရွာသို့ ပြေးဆွဲနေသည့် ၂ စီးအနက် […]

ကော့သောင်းတွင် ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအထိရှိလာ

diz_admin

August 18, 2022

ကော့သောင်းမြို့တွင် ၁၅ ရက်အတွင်း ( ဩဂုတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ) ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိသူ ၂၁ ဦးအထိရှိခဲ့ကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအနက် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးကျော်အနက် အမျိုးသား ၁၂ ဦးတွင် ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိခဲ့သည်။ ထို့ပြင် ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း ကိုဗစ်ပိုးတွေ့သူ ၉ ဦးရှိကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နာပေါ်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦးအနက် ၈ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နာပေါ်တွင် […]