ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲခုနစ်ကြိမ်ဖြစ်၊ ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံး

diz_admin

August 23, 2022

တနင်္သာရီမြို့နယ်၊ ကော့မပြင်းအနီးတွင် တိုက်ပွဲ ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦး ကျဆုံးခဲ့ရကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၃) ထုတ်ပြန်သည်။ ကော့မပြင်းကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ရက်အတွင်း တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ကျဆုံးကာ သုံးဦးမှာ ထိခိုက်ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငါးဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဩဂုတ်လ ၂၁ ရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကော့မပြင်းရွာသားအချို့ကို မေးမြန်းချက်အရ သိရသည်။ “စစ်တပ်က ပြန်ဆုတ်သွားလို့ အပစ်အခတ်တွေ ပြန်ငြိမ်သွားတာပါပြီ” ဟု […]

ကဏန်းမဲဈေးပြန်တက်သော်လည်း စရိတ်ကြီးမြင့်မှုကြောင့်တွက်ခြေမကိုက်သေးဟုဆို

diz_admin

August 23, 2022

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းပြန်တက်နေသော်လည်း ကဏန်းဖမ်းရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်သေးကြောင်း ကဏန်ဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။ ပြီးခဲ့သည့် မေလအတွင်းက ကဏန်းမဲကို ထိုင်းသို့တင်ပို့နေကျဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ခဲ့သဖြင့် ကဏန်းမဲဆိုဒ်စုံတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်ကျပ်မှ ကိုးထောင်ကျပ်အထိ ထိုးကျခဲ့သည်။ ဩဂုတ်လ ၂ ရက်နေ့တွင် နယ်စပ်ဂိတ်ပြန်ဖွင့်ခဲ့သဖြင့် ၁၃၀၀၀ ကျပ်အထိ ဈေးပြန်တက်လာခဲ့သည်။ “ကိုယ့်ပစ္စည်း ဈေးပြန်တက်တာ ဝမ်းလာလို့မရသေးဘူး။ ကုန်ဈေးနှုန်းတက်နေတာ ကြည့်ကြည့်လေ။ ဒီဇယ်ဆို လိုသလောက်ဝယ်တာ မရသေးဘူး” ဟု အင်းလေးမြိုင်ရပ်နေ ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ကဏန်းမဲဖမ်းလုပ်ငန်း တစ်ရက်တာအတွက် ဒီဇယ်ဆီ၊ ဂဏန်းအစာ၊ စားသောက်စရိတ်စသဖြင့် ကျပ်နှစ်‌သောင်း ဝန်းကျင်အထိ ကုန်ကျနေပြီး တစ်ရက်ပျမ်းမျှ ရရှိသည့် ကဏန်းနှစ်ပိဿာအတွက် ငွေနှစ်သောင်း […]

ထိုင်းတွင် လျှပ်စစ်မီတာခဈေးမြင့်တက်မှု မြန်မာလုပ်သားများ ပိုခက်ခဲလာနိုင်

diz_admin

August 22, 2022

ထိုင်းနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် လျှပ်စစ်မီတာခပါ ဈေးတက်တော့မည်ဖြစ်ရာ မြန်မာအလုပ်သမားများအတွက် အခက်အခဲပိုမိုရင်ဆိုင်ရနိုင်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများကို မေးမြန်းချက်အရ သိရသည်။ ပြည်တွင်းတွင် ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ကျလာ၍ LNG (Liquefied Natural Gas) ဓာတ်ငွေ့ကို ပြည်ပမှ ဈေးကြီးပေးတင်သွင်းနေရသဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီတာခလက်ရှိဈေးနှုန်း၏ ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ တစ်ယူနစ်ဈေးနှုန်း ၄ ဘတ်မှ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြင့်ကောက်ခံမည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများနည်းတူ မြန်မာအလုပ်သမားများလည်း ပေးဆောင်ကြရမည်ဖြစ်ပြီး ဥပမာ မီတာခ တစ်လ ၁၀၀ဝဘတ် ကုန်ကျနေသူများသည် နှုန်းထားသစ်အရ ၁၁၈၀ ဘတ်ကုန်ကျတော့မည်ဖြစ်သည်။ ထိုင်းရောက်မြန်မာအလုပ်သမားများအတွက်မူ အခြေခံလုပ်ခလစာ မတိုးလာသော်လည်း ကုန်ကျစရိတ်နောက်တစ်ခု ထပ်မံတိုးလာခြင်းဖြစ်သည်။ “ဒီနှုန်းထားက OT (အချိန်ပိုကြေး) ပုံမှန်ရနေတဲ့သူတွေအတွက်ကိစ္စမရှိပေမယ့် OT မရှိဘဲ […]

စင်္ကာပူတွင် လိင်တူဆက်ဆံမှု တားမြစ်ထားသည့်ဥပဒေ ပုဒ်မ ၃၇၇ ကိုပယ်ဖျက်

diz_admin

August 22, 2022

ဝန်ကြီးချုပ် လီရှန်လွန်းက ကိုလိုနီခေတ်ဥပဒေဖြစ်သော လိင်တူစုံမက်ခြင်းကို ဥပဒေအရ ပိတ်ပင်ထားခြင်းကို ဖယ်ရှားလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် စင်္ကာပူသားအချို့ ပျော်ရွှင်ဝမ်းမြောက်စွာ အောင်ပွဲခံလျက် ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “လူသားမျိုးနွယ်အတွက် အောင်ပွဲတစ်ရပ်” ဖြစ်ကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူများက ယင်းသို့ ရရှိခြင်းကို ခိုင်းနိူင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်၏ မိန့်ခွန်းထဲတွင် အစိုးရအနေဖြင့် လက်ထပ်ခြင်းဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဥပဒေအရ ပိုမို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်ပြောသွားသဖြင့် လိင်တူလက်ထပ်ခြင်းကို တရားဝင် ပြုနိုင်ရေး ပိုမိုခက်ခဲသွားမည်လောဟု စိုးရိမ်မှုများလည်း ရှိသည်။ စင်္ကာပူနိုင်ငံသည် ရှေးရိုးစွဲသည့် အယူအဆများရှိသည်ဟု သတ်မှတ်ခံရပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက စတင်ကာ ကိုလိုနီခေတ်ဥပဒေ ပုဒ်မ၃၇၇ ကို ဖယ်ရှားပေးရန် တောင်းဆိုမှုများ မြင့်တက်လာသည်။ အိန္ဒိယ၊ ထိုင်ဝမ် နှင့် ထိုင်းနိုင်ငံတို့တွင် လိင်တူအခွင့်အရေးတောင်းဆိုမှုများ […]

လယ်သမားများ စရိတ်သက်သာရန် ရိတ်သိမ်းခြွေလှေ့စက်များ ချပေးမည်ဟုဆို

diz_admin

August 22, 2022

မြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများ စရိတ်သက်သာစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီးချပေးသွားမည်ဟု သိရှိရကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်ထွေး ထံမှသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြိတ်မြို့သို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ရောက်ရှိစဉ် လယ်သမားများအတွက် ရိတ်သိမ်းခြွေလှေ့စက် ဆယ်စီးအား ချပေးမည်ဟု ကတိပေးပြောဆိုသွားကြောင်း ၎င်းကပြောသည်။ “တောင်သူတွေရဲ့ အခက်အခဲကို တင်ပြပြီး တောင်းဆိုခဲ့တယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်ကလည်း ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားတယ်”ဟု ဆန်စက်လုပ်ငန်းရှင်ကြီး တစ်ဦးလည်းဖြစ်သည့် ၎င်းကပြောသည်။ မြိတ်ခရိုင်အတွင်းရှိ စပါးစိုက်တောင်သူများ ယခုနှစ်မိုးရာသီ စပါးစိုက်ကာလအတွင်း စက်သုံးဆီ၊ ဓါတ်မြေသြဇာနှင့် အထွေထွေသွင်းအားစုများ မြင့်တက်မှုကြောင့် အရှုံးခံကာ စိုက်ပျိုးခဲ့ကြရသည်။ ယင်းအပေါ် တောင်သူများ သက်သာစေရန် ရည်ရွယ်၍ တောင်းဆိုပေးခဲ့သည်ဟု ဦးမောင်ထွေး ကဆိုသည်။ “စက်တွေရောက်လာရင်တော့ အပြင်ပေါက်စျေးထက် အများကြီးသက်သာအောင်တော့ စီစဉ်ဆောင်ရွက်ပေးသွားဖို့ရှိတယ်”ဟု […]

ရပ်နားထားသော ဇမ္ဗူသီရိအဖွဲ့ မနက်ဖြန်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပတ်မည်

diz_admin

August 22, 2022

ရပ်နားထားသည့် ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီ‌သယ်ဆောင်ရေးအဖွဲ့  မနက်ဖြန်(ဩဂုတ် ၂၃)မှစပြီး အရေးပေါ်လူနာများကို ပြန်လည်ကူညီ သယ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့မှစပြီး ရန်ပုံငွေပြတ်လပ်မှုနှင့် စက်သုံးဆီ ဝယ်ယူရရှိနိုင်မှု အခက်အခဲကြောင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကို ယာယီရပ်နားထားခြင်းဖြစ်သည်။ သို့သော်ဒေသခံပြည်သူများ၏ အဆက်မပြတ် အကူအညီ တောင်းခံလာမှုကြောင့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး ပုံမှန်အတိုင်း ပြန်လည်ကူညီ ဆောင်ရွယ်ပေး‌တော့မည် ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အဓိကကတော့ ပြည်သူတွေအခက်အခဲကြောင့်ပေါ့ ဒီကာလမှာအခက်အခဲတွေ အများကြီး ကျွန်တော်တို့မှာ အကူအညီတောင်းခံလာတိုင်း ငြင်းဖို့မဝံမရဲဖြစ်မိတယ်။ ရန်ပုံငွေ မလောက်ရင် အိတ်စိုက်ပြီး တက်နိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ ရပ်နားထားသည့် ၁၁ ရက်ကြာကာလအတွင်း လစဉ်အလှူရှင်များနှင့် […]

ဆိပ်ခံတံတားပါ ထားဝယ်ငါးဈေး အောက်တိုဘာတွင် စဆောက်ပြီး သုံးလအတွင်းပြီးမည်ဟုဆို

diz_admin

August 21, 2022

ဆိပ်ခံတံတားပါဝင်သည့် ငါးဈေးတစ်ခုကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဈေးတည်ဆောက်မည့် Southern Dragons Myanmar ကုမ္ပဏီထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက် ကာစတန်အောက်ဘက်ရှိ ထားဝယ်ကူးသန်းရောင်းဝယ်ရေး အများပိုင်ကုမ္ပဏီ မြေပေါ်ရှိ လှေဒေါက်နေရာတွင် နှစ်ရှည်မြေနေရာငှားရမ်း တည်ဆောက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ အဆိုပါငါးဈေးအတွက် ထားဝယ် ကူးသန်းရောင်းဝယ်ရေးပိုင်မြေနေရာ ၃ ဧကကို နှစ် ၂၀ ငှားရမ်းပြီး Southern Dragons Myanmar ကုမ္ပဏီက သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ စီမံကိန်း အချက်အလက်အရ သိရသည်။ လက်ရှိတွင် ဆိပ်ခံတံတား၊ ငါးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ငါးဖမ်းလှေများအတွက် ရိက္ခာရောင်းချမည့် ကုန်ခြောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သိန်းပေါင်း နှစ်သောင်းခန့်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းစီမံကိန်းကို လာမည့်အောက်တိုဘာလတွင် […]

မြိတ်မြို့တွင် ဆန်ပြတ်မည်ကို စိုးရိမ်ရန်မရှိဟု ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပြော

diz_admin

August 21, 2022

မြိတ်မြို့တွင် ဆန်ပြတ်လပ်မည့်အရေးကို စိုးရိမ်ရန် မလိုကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လတ်တလောအခြေအနေတွင် ဈေးတက်ထပ်တက်မည်စိုးရိမ်ကာ ဒေသခံပြည်သူများ ဆန်ကို အပြေးအလွှား ဝယ်ယူနေကြသဖြင့် ဆန်ပြတ်လပ်သွားမည်ကို စိုးရိမ်ကာ ဝယ်ယူသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ဆန်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာမရှိဘူး။ လက်ရှိ ကုန်သွားတာတွေ ဆက်တိုက်ပြန်ဝယ်ဖြည့်နေတယ်။ ဈေးတက် ရင်လည်း တက်တဲ့အလိုက်ပေါ့။ မပြတ်အောင်တော့ စီစစ်ပြီးဆောင်ရွက်နေတယ်” ဟု မြိတ်ခရိုင်အတွင်း အကြီးဆုံးဆန်စက်လုပ်ငန်းဖြစ်သည့် OK ဆန်စက်ပိုင်ရှင်လည်းဖြစ်သူ ဦးမောင်ထွေးက ဆိုသည်။ လက်ရှိ OK ဆန်စက်တွင် ဒေသတွင်းနှင့် တိုင်းပြင်ပမှ ဝယ်ယူထားသည့် လုံးတီးခွဲနှင့် စပါးများအား ကြိတ်ခွဲ လျှက်ရှိနေပြီး တစ်နေ့ဆန်အိတ် လေးထောင်ခန့် နေ့စဉ်ထွက်ရှိနေကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းမှ ဆန်တင်သင်္ဘော သုံးစီး […]