ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သီလဝါဆိပ်ကမ်းမှ ထွက်လာသည့် ဆီဘောင်ဆာကားတစ်စီး မနက်ဖြန်ထားဝယ်ရောက်မည်

diz_admin

August 18, 2022

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောင်ဆာကားတစ်စီး ထားဝယ်မြို့သို့ ဆင်းလာနေပြီဖြစ်ကြောင်း ရနံ့သစ်စက်သုံးဆီဆိုင်မန်နေဂျာက ပြောဆိုသည်။ ဩဂုတ်လ ၁၈ ရက် မနက် ၄ နာရီအချိန်မှစပြီး ရန်ကုန်မြို့မှ ထွက်ခွာ‌လာခြင်းဖြစ်ပြီး လမ်းတွင်တစ်ညအိပ်ရမည် ဖြစ်သောကြောင့် ထားဝယ်မြို့သို့ ဩဂုတ်လ ၁၉ ရက် (မနက်ဖြန်)တွင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၎င်းဆီဘောင်ဆာကားတစ်စီးဖြင့် ထားဝယ်ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ ‌“အခုဆင်းလာနေတာက ကားတစ်စီးပဲဆိုတော့ ချ ‌‌ေရာင်းတာနဲ့ကုန်မှာပဲ။ ဆင့်ပါးစပ်နှမ်းပက် တာလောက်ပဲဖြစ်မယ်” ဟု ၎င်းကဆိုသည်။ ယခုဆင်းလာနေသည့် ဆီဘောင်ဆာကားတွင် စက်သုံးဆီမည်မျှ တင်ဆောင်လာသည်ကိုမူ မသိရပေ။ ယနေ့ ထားဝယ်မြို့ထဲတွင် စက်သုံးဆီတစ်လီတာ ၃၅၀၀ ကျပ်အထိ ဈေးပေါက်နေသော်လည်း ဝယ်မရဖြစ်နေကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ဆီဆိုင်တစ်ဆိုင်မှာ ရောင်းပေးနေတာတွေ့ရင် အားလုံးစုပြုံပြီး ဝင်ဝယ်နေကြရတယ်။ တစ်ချို့ကလည်း ဆီရှာရင်းနဲ့ […]

ဓာတ်ဆီရ‌ရေး အပြေးအလွှား

diz_admin

August 18, 2022

ထားဝယ်တွင် ဓာတ်ဆီ(လောင်စာဆီ) ပြတ်လပ်နေမှုကြောင့် ဆိုင်ကယ်များ ဆီအလုအယက် လိုက်ဝယ်နေပြီး အချို့မှာ ဆီလိုက်ဝယ်ရင်း ဆီပြတ်သွားသဖြင့် ဆိုင်ကယ်တွန်းသွားရသလို၊ ဆိုင်ကယ်အစား စက်ဘီးပြောင်းစီးသူများလည်း ယနေ့ မြင်တွေ့ရသည်။

မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရ

diz_admin

August 18, 2022

မြိတ်မြို့ အောင်ချမ်းသာရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်သန်း သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်က မြိတ်ကမ်းနားလမ်း Sea View Condo အနီးတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “ဆိုင်ရောင်းနေတုန်း လာပစ်သွားတာ။ နဖူးမှာမှန်ပြီး ပွဲချင်းပြီးသေတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။ သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဆယ်ပြား (ခေါ်) ဦးအောင်သန်းဖြစ်ပြီး မြိတ်ကမ်းနားလမ်းတွင် ဝက်သားတုတ်ထိုး ရောင်းချနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးအောင်သန်းသည် စစ်ကောင်စီခန့် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၏ တပည့်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင် လည်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) […]

မလေးရှားသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ရှစ်ဦးအဖမ်းခံရ

diz_admin

August 17, 2022

မလေးရှားနိုင်ငံ စယ်လာရမ်းဒေသအနီးရှိ Kuala Lumpur wholesale market ပတ်ဝန်းကျင်တွင် မကြာသေးမီက တရားမဝင်လမ်းကြောင်းဖြင့် ရောက်ရှိလာသော မြန်မာအလုပ်သမား ရှစ်ဦးကို ယနေ့ (ဩဂုတ် ၁၇) တွင် ဖမ်းမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံအတွင်း လူနေတိုက်ခန်းများ၊ ဈေးဆိုင်များအတွင်း တရားမဝင် နေထိုင်လုပ်ကိုင် လျက်ရှိသော နိုင်ငံခြားသားများကို အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးစစ်ဆေးရာမှ ယင်းသို့ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ အော်ပရာစီစီမံချက်မှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ရှာဖွေဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၂၀ မှ ၄၀ နှစ်အရွယ်ထိရှိပြီး (tekong) ဟုခေါ်သော လူမှောင်ခိုပို့သည့် မလေးရှားနိုင်ငံသား ပွဲစားတစ်ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကွာလာလမ်ပူ ဒုရဲမှူး Datuk Yahaya Othman […]

ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများပါသောကား သစ်ပင်ဝင်တိုက်၊ သုံးဦးသေဆုံး

diz_admin

August 17, 2022

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများလိုက်ပါလာ သည့်ကား ယနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်မိသဖြင့် မြန်မာအလုပ်သမားသုံးဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ကျူလာဖွန် (Chulabhorn) ဒေသရှိ အမှတ် ၄၂ အာရှလမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကားမှာ ရနောင်းခရိုင်မှတဆင့် မောင်းနှင်လာခြင်းဖြစ်သည်ဟုဆိုသည်။ ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး သုံးဦးသေဆုံးသည့်အပြင် လေးဦးထက် မနည်းလည်း ဒဏ်ရာပြင်းထန်စွာရရှိကာ အလုပ်သမားအများစုမှာ ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းတွင် ရေးသားထားသည်။ သေဆုံသူများနှင့် ဒဏ်ရာရရှိသူများကို အနီးအနားရှိ ကျူလာဖွန်ဆေးရုံ၊ လွန်ဖိဘုန်ဆေးရုံ နှင့် မဟာရတ်နခွန်စီထမရတ်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ကားတိုက်မှုဖြစ်ရာနေရာတွင် အဖြူရောင်ပစ်ကပ်ကားသည် လမ်းဘေးရှိ […]

ချောင်းဆုံတွင် တောင်မြေပြိုမှု ဆက်တိုက်ဖြစ်

diz_admin

August 17, 2022

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက်နေ့ညကစပြီး အဆက်မပြတ် သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် တောင်မြေပြိုမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တောင်မြေပြိုမှုကြောင့် ကလော့ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။ “အိမ်တွေက တောင်အောက်မှာရှိနေတော့ အိမ်ပေါ်ကို ပြိုကျသွားတာပေါ့။ လူတော့ ထိခိုက်တာမရှိဘူး” ဟု ကလော့ရွာခံတစ်ဦးက ဆိုသည်။ ချောင်းဆုံမြို့နယ် ကဒါကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက တောင်မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ တောင်ပြိုမှု ထပ်ဖြစ်လာမည်ကို […]

ရေးတွင် မီတာခဈေးထပ်တက်၊ လျှပ်စစ်မီး အချိန်ပိုင်းသာရ

diz_admin

August 17, 2022

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ ကျပ်နှစ်ရာ ဈေးထပ်တက်သဖြင့် တစ်ယူနစ် ကျပ် ၁၅၅၀ အထိ ပေးဆောင်နေရပြီး လျှပ်စစ်မီးမှာလည်း အချိန်ပိုင်းသာရတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန် ခက်ခဲလာခြင်းကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၁၃၅၀ ကျပ်ကနေ ၁၅၅၀ ကျပ်သို့ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့က ကြေညာထားသည်။ ၎င်းအပြင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကိုလည်း ၂၄ နာရီပေးနေရာမှ အချိန်ပိုင်းသာ ဖြန့်ဖြူးတော့မည်ဟုလည်း မီးလင်းရေးကော်မတီက ကြေညာထားသည်။ လျှပ်စစ်မီးမှာ နံနက် ၄နာရီမှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁နာရီမှ ည ၁၀ နာရီအထိ တစ်ကြိမ် ရရှိကြောင်း […]

ဆေးခြောက်ထုတ်လုပ်ရေးနှင့် တောခွေးဝှေးစေ့ တရုတ်ပို့ရေးအစီအစဉ်ဖြင့် ကင်ညာသမ္မတလောင်းမဲဆွယ်

diz_admin

August 17, 2022

ကင်ညာ သမ္မတရွေးကောက်ပွဲတွင် ထိပ်သီးသမ္မတလောင်းနှစ်ဦးက ဦးဆောင်နေပြီး တတိယနေရာက လိုက်နေသူသည် တိုင်းပြည်စီးပွါးရေးပြဿနာ ဖြေရှင်းရန်အတွက် ဆေးခြောက်ထုတ်လုပ်ရေးကို မဟာဗျူဟာ ကျကျ ဆောင်ရွက်ရန်နှင့် အာဖရိကတောခွေး ဟိုက်အီးနား များ၏ ဝှေးစေ့ကို နိုင်ငံခြားသို့ တင်ပို့ရန် အစီအစဉ်များ ချပြမဲဆွယ်လျက် ရှိသည်။ သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ခဲ့ရာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ နှင့် ဒုတိယသမ္မတ ဝီလီယမ်ရူတို တို့က ပြိုင်ဆိုင်မှု ပြင်းထန်စွာ ဦးဆောင်နေလျက်ရှိသည်။ တတိယနေရာက လိုက်နေသော ရက်ဂေးအနုပညာရှင် သမ္မတလောင်း ဂျော့ဝါဂျက်ကိုရာ ကမူ တိုင်းပြည်၏ ကြွေးမြီပြဿနာကို ဖြေရှင်းမည့် ကိုယ်ပိုင်နည်းလမ်းဖြင့် မဲဆွယ်လျက်ရှိသည်။ နိုင်ငံရေးသမားများ ကိုင်တွယ်ရန် ပျက်ကွက်လျက်ရှိသော အကျင့်ပျက်ခြစားမှု၊ ငွေဖောင်းပွမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု တို့ကို […]