ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သင်္ကြန်ကာလအတွင်း ကော့သောင်း ကျွန်းခရီးစဉ်အချို့ အခန်းပြည့်

diz_admin

March 9, 2022

တစ်ဦးလျှင် ကျပ်သိန်းဆယ်ချီပေးသွားလည်ပတ်ရသည့် ကော့သောင်းမြို့ ကျွန်းခရီးစဉ်သို့ သင်္ကြန်ကာလ အတွင်း လာရောက်လည်ပတ်ရန် ကြိုတင်စာရင်းသွင်းထားသူများဖြင့် အခန်းပြည့်နေပြီဖြစ်ကြောင်း ခရီးသွား ကုမ္ပဏီအချို့နှင့် ဧည့်လမ်းညွှန်အချို့ထံမှ သိရသည်။ ‌ယခုနှစ်မှစပြီး ခရီးစဉ်စတင်ဖွင့်လှစ်ထားသည့် ပိုးနီကျွန်း (Poni Island) နှင့် ညောင်ဦးဖီးကျွန်းသို့ သင်္ကြန်ကာလ လာရောက်လည်ပတ်ရန် ကြိုတင်စာရင်း ပေးထားသူများနှင့် အခန်းပြည့်နေကြောင်း ၎င်းတို့က ဆိုသည်။ “အဲဒီကျွန်းနှစ်ခုက သင်္ကြန်လေးရက်စလုံးက အခန်းတွေ ပြည့်နေပြီ။ ဘွတ်ကင် တင်ထားတဲ့သူတွေ အကုန်လုံးက မြန်မာပြည်အပေါ်ပိုင်းက လူတွေချည်းပဲ” ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။ အဆိုပါကျွန်း နှစ်ခုပေါ်ရှိ ဟော်တယ်မှာ ခန့်မှန်း လူဦးရေတစ်ရာဝန်းကျင်စီသာ တည်းခိုနိုင်သဖြင့် အခန်းပြည့် မြန်ခြင်းဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မူကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ လတ်တလောတွင် စက်သုံးဆီဈေးနူန်းကြီးမြင့်လာ‌သောကြောင့် ကျွန်းခရီစဉ်ဈေးနူန်း ပြောင်းလဲ သတ်မှတ် […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့်သူ လေးထောင်ကျော်သာရှိ

diz_admin

March 9, 2022

တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ နှစ်စဉ် နှစ်သောင်းကျော်ရှိသည့် တနင်္သာရီတိုင်းတွင် ယခုနှစ် စာမေးပွဲ ဖြေရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က (ကိုဗစ်စတင်ဖြစ်ပွားသည့်နှစ်) တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ကျောင်းသား၊ ကျောင်းသူ ၂၅၂၆၄ ဦးရှိခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် ပညာသင်နှစ်တွင် နိုင်ငံ အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားသဖြင့် စစ်မေးပွဲ စစ်ဆေးခြင်း မရှိခဲ့ပေ။ ယခုပညာသင်နှစ်တွင်မူ စာမေးပွဲဖြေမည့်သူ ၄၇၆၃ ဦးသာရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုပညာသင်နှစ်တွင် ကျောင်းလာအပ်သူနည်းသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ နည်းသွားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။ “အဓိကတော့ ကျောင်းလာ မအပ်လို့ပေါ့” ဟု […]

မွန်တွင် ယနေ့ ကိုဗစ်လူနာ ခုနစ်ဦး သေဆုံး

diz_admin

March 8, 2022

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများ အနက် ခုနစ်ဦး ယနေ့ (မတ် ၈) ထပ်မံသေဆုံးသွားကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့်အပြင် သေဆုံးမှုလည်း တိုးလာ နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိပြီး ယခုမတ်လတွင် ၁၀ ဦးကျော်ရှိပြီ ဖြစ်ကြောင်း ကိုဗစ်ဖြင့် သေဆုံးသည့် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ပေးသည့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။ ယနေ့ သေဆုံးလူနာများတွင် ရောဂါအခံရှိသည့် အသက်ကြီးသူများ ပါဝင်သလို လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ “ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုကတော့ နေ့တိုင်းလိုလို ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ထားဝယ်တွင် မြေအကွက်ရိုက်ရောင်းချမူ ပိုများလာ

diz_admin

March 8, 2022

နိုင်ငံရေး မတည်ငြိမ်သောကာလ အုပ်ချုပ်ရေးပိုင်း လျော့ရဲနေသည့်အချိန်တွင် ထားဝယ်ခရိုင်အတွင်း အိမ်မြေ အကွက်ရိုက်ရောင်းချမူ ပိုမိုများပြားလာကြောင်း ဒေသခံအချို့က ပြောသည်။ လယ်မြေကို မြေဖို့၊ ဥယျာဉ်ခြံမြေကို အပြောင်ရှင်းပြီး အကွက်ရိုက်ကာ အိမ်မြေအဖြစ် ရောင်းချနေကြခြင်း ဖြစ်သည်။ NLD အစိုးလက်ထက်ကမူ ယင်းကဲ့သို့ မြေအကွက်ရိုက် ရောင်းချခြင်းသည် တရားဝင်မှု မရှိသဖြင့် တားမြစ် အရေးယူခဲ့သည်။ ယင်းကဲ့သို့အရေးယူသဖြင့် အကွက်ရိုက်ရောင်းချမူ အတိုင်းအတာတစ်ခုအထိ လျော့နည်းခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကွက်ရိုက်မြေရောင်းချမူများ ပိုမိုတွင်ကျယ်လာခဲ့ ပြန်သည်။ ယခင်က အကွက်ရိုက်မြေ ရောင်းဝယ်ခြင်းများကို သိုသိုသိပ်သိပ်လုပ်ဆောင်ကြသော်လည်း လက်ရှိတွင် ဒေသတွင်း Facebook ဆယ်လီများကို ငှားရမ်းပြီး Facebook မှတစ်ဆင့် Live လွှင့် ရောင်းချသူများပင် ရှိနေသည်။ “တစ်ခါငှားပြီး‌ ကြော်ငြာခိုင်းရင် ငါးသောင်း (ကျပ်) […]

မီတာခ ဈေးတက်သဖြင့် အိမ်ရှင်မများ မီးသွေး အသုံးများလာ၊ မီးသွေးလည်း ဈေးတက်

diz_admin

March 8, 2022

လျှပ်စစ်မီတာခ ဈေးကြီးလာသည့်အတွက် အိမ်ရှင်မများ ချက်ပြုတ်ရာတွင် မီးသွေးကို ပိုမိုအသုံးပြု လာကြပြီး လက်ရှိတွင် မီးသွေးတစ်အိတ်လျှင်လည်း ကျပ်နှစ်ထောင်ဝန်းကျင် ဈေးတက်နေကြောင်း မြိတ်မြို့က အိမ်ရှင်များနှင့် မီးသွေးရောင်းသူများထံမှ သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က လျှပ်စစ်တစ်ယူနစ် ၂၃၅ ကျပ်သာရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ယူနစ်ကျပ် ၅၀၀ နီးပါး ပေးဆောင်နေရသည်။ လတ်တလောတွင်လည်း စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာလျှက်ရှိရာ မီတာဈေးနှုန်းများ သည်လည်း တစ်ယူနစ် ကျပ် ၈၀၀ အထိ မြင့်တက်လာနိုင်သည်ဆိုသည့် သတင်းထွက်ပေါ်နေပြန်ကြောင်း အိမ်ရှင်မများထံမှ သိရသည်။ “လျှပ်စစ်က မလိုအပ်ရင် မသုံးတော့ဘူး။ ချက်ပြုတ်ကြော်လှော်တာတွေအားလုံး မီးသွေးပဲ သုံးနေပြီ” ဟု မြိတ်မြို့ ကန်ဖျားရပ်နေ လူလတ်တန်းစား အိမ်ရှင်မတစ်ဦးက ပြောသည်။ လျှပ်စစ်သာမဟုတ် ဂတ်စ်ဈေးနှုန်းများလည်း တက်လာသဖြင့် ဂတ်စ်အိုးဖြင့် ချက်ပြုတ်ခြင်းအစား […]

ရေးတွင် မီတာခ ဈေးတက်၊ ကျေးရွာအချို့ တစ်ယူနစ် ကျပ် ၁၄၀ဝအထိ ပေးရ

diz_admin

March 7, 2022

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ပေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလအတွက် လျှပ်စစ်အသုံးပြုခကို ပေးရရာတွင် ယင်းဈေးအတိုင်း ပေးနေရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီတို့က လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏီ လျှပ်စစ်ဖြန့်ဖြူးရေး မရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူ ကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။ ပုဂ္ဂလိက ကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးနေသည့် ရပ်ကွက် ကျေးရွာ ၃၀ ကျော်ရှိသည်။ လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာ တို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ မှ ဖေဖော်ဝါရီလမှစပြီး တစ်ယူနစ် ကျပ် […]

စားအုန်းဆီဈေး သုံးဆနီးပါးတက်လို့ အခြေခံလူတန်းစားများ အခက်တွေ့

diz_admin

March 7, 2022

စားအုန်းဆီဈေးနှုန်းမှာ အာဏာမသိမ်းမီကဈေးထက် သုံးဆနီးပါးမြင့်တက်လာသည့်အတွက် အ‌ခြေခံ လူတန်းစားများ အခက်တွေ့နေရကြောင်း ငြီးတွားနေကြသည်။ ထားဝယ်ဈေးကွက်တွင် ၁၀ ပိဿာ ၄၀ ကျပ်သားဝင် ကော်ဆီပုံးဝါတစ်လုံးလျှင် ကျပ်ရှစ်သောင်းဝန်းကျင်၊ ပဲလုံးဆီ တစ်လီတာ တစ်ဘူးလျှင် လေးထောင်ငါးရာကျပ်ဝန်းကျင်နှင့် ပုဇွန်ဆီတစ်ဘူးလျှင် လေးထောင်ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။ အဆိုပါ ဈေးနှုန်းများမှာ မတ်လ ၇ ရက်နေ့ ပေါက်ဈေးများဖြစ်သည်။ အထက်ပါစားအုန်းဆီဈေးများမှာ အာဏာ မသိမ်းမီက သုံးသောင်းဝန်းကျင်သာရှိပြီး လက်ရှိမှာ ယင်းဈေးထက် သုံးဆနီးပါး မြင့်တက်နေခြင်းဖြစ်‌ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီဈေးမှာ နေ့တိုင်းနီးပါး ဈေးတက်နေပြီး အပြောင်းအလဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။ “ဆီဈေးက တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ ဒီနေ့ရောင်းတဲ့ဈေးက မနက်ဖြန် ကိုယ်ပြန်ဝယ်ရတဲ့ အရင်း ဖြစ်နေတာ” ဟု ၎င်းက […]

ထားဝယ်တွင် သုံးလသားကလေးအပါအဝင် လေးဦး ကိုဗစ်ဖြင့် သေဆုံး

diz_admin

March 7, 2022

ရေဖြူမြို့နယ် မူးဒူးရွာက အသက် သုံးလသား ကလေးတစ်ဦး အပါအဝင် လူလေးဦး မတ်လ ၆ ရက်နေ့က ကိုဗစ်‌ဖြင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် နာရေးကူညီမှု-ထားဝယ်တို့ထံမှ သိရသည်။ သုံးလသား ကလေးငယ်မှာ ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကုသနေစဉ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီခန့်တွင် သေဆုံးသွားကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဆိုသည်။ “ကိုဗစ်နဲ့ လသားအရွယ်သေတာ ထားဝယ်မှာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။ ကိုဗစ်ဖြင့်သေဆုံးသည့် အထက်ပါကလေးငယ်အား ယနေ့ (မတ် ၇) သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ သေဆုံးသွားသည့် ကလေးငယ်၏ မိဘတွင်မူ ကိုဗစ်ပိုးမတွေ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က အသက် ၈၃နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ […]