ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ဝင်ပြိုင်
diz_admin
March 13, 2020ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီခြောက်ခုရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံမှ သိရ သည်။ လျှပ်စစ်တင်ဒါလျှောက်လွှာပိတ် သည့် မတ်လ ၆ ရက် ညနေပိုင်းအထိ ကုမ္ပဏီ ၆ ခုက လျှောက်ထားကြခြင်း ဖြစ်သည်။ တင်ဒါကို တိုင်းအတွင်းရှိကုမ္ပဏီ များအပြင် တိုင်းဒေသကြီးပြင်ပရှိ ကုမ္ပဏီ များလည်း လျှောက်ထားကြကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဦးအောင်သူရက ဆိုသည်။ ကော့သောင်းလျှပ်စစ်ကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူ ဘဲ အပြောင်းအလဲလုပ်ထားကြောင်း ၎င်းက ပြောသည်။ ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏ Profile (ကုမ္ပဏီအကြောင်း)၊ နည်းပညာ၊ တစ် ယူနစ်ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေး သည့်စနစ်ဖြင့် ရွေးချယ်ခဲ့သည်။ ကော့သောင်းမြို့နယ် လျှပ်စစ်တင် ဒါတွင်မူ ကုမ္ပဏီ၏ Profile […]