မွန်တွင် ယနေ့ ကိုဗစ်လူနာ ခုနစ်ဦး သေဆုံး
diz_admin
March 8, 2022မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများ အနက် ခုနစ်ဦး ယနေ့ (မတ် ၈) ထပ်မံသေဆုံးသွားကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့်အပြင် သေဆုံးမှုလည်း တိုးလာ နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိပြီး ယခုမတ်လတွင် ၁၀ ဦးကျော်ရှိပြီ ဖြစ်ကြောင်း ကိုဗစ်ဖြင့် သေဆုံးသည့် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ပေးသည့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။ ယနေ့ သေဆုံးလူနာများတွင် ရောဂါအခံရှိသည့် အသက်ကြီးသူများ ပါဝင်သလို လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ “ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုကတော့ နေ့တိုင်းလိုလို ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]


