ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူး ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ

diz_admin

April 2, 2022

ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း-ထားဝယ်အား ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ထားသည်။ ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကိုသန့်ဇင်ထူး အပါအဝင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်အဖွဲ့သား ခုနစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီကျော်တွင် ထားဝယ်မြို့ရှိ ရုံးခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်ထူးမှာ PDF များကို ဆေးဝါးလှူဒါန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှူဒါန်းသည့်ကိစ္စတွင် မပါဝင်သည့် ကျန်အဖွဲ့သား ခြောက်ဦးကို ဇန်နဝါရီလ […]

တနင်္သာရီတွင် ခဲမိုင်းတွင်း မြေဇာပုံပြိုကျပြီး လုပ်သားငါးဦးသေဆုံး

diz_admin

April 1, 2022

တနင်္သာရီမြို့နယ်၊ သဘောလိပ်ကျေးရွာရှိ ခဲမိုင်းတွင်း မြေဇာပုံ ယနေ့ (ဧပြီ ၁) ပြိုကျပြီး အလုပ်သမားငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၃ နာရီခန့်က ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခဲမိုင်းလုပ်ကွက်အတွင်း တောင်ခြေရှိ မြေဇာပုံပြိုကျခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးက အရမ်းသည်းတော့ မြေဇာပုံပြိုကျပြီး ငါးဦးသေသွားတယ်။ ဘူဒိုဇာရှိတဲ့နေရာနဲ့ ဝေးတော့ ကယ်ချိန် မမီလိုက်ဘူး” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူ အမျိုးသားငါးဦးစလုံးသည် ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ လာရောက် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ သေဆုံးသူများမှာ အသက် ၄၀ နှင့် ၂၅ နှစ်ကြား ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်တွင် ကြိမ်ချောင်းခဲမိုင်းတွင်းနှင့် သဘောလိပ်ခဲမိုင်းတွင်း […]

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ သုံးပုံတစ်ပုံကျော်သာရှိ

diz_admin

April 1, 2022

စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ သုံးပုံတစ်ပုံကျော်သာ ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရှိရသည်။ ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိသည်။ “တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေတဲ့ကျောင်းသားအရေအတွက်က ဒီနှစ်နည်းတယ် ခါတိုင်းနှစ်တွေနဲ့စာရင် သုံးပုံပုံ တစ်ပုံလောက်ပဲရှိတယ်” ဟု ပြည်နယ်ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၄၆ ခု ရှိသည်။ မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အခြေခံပညာကျောင်းများတွင် လုံခြုံရေးတင်းကြပ်ထားသည်ဟု ကျောင်းသားမိဘတို့ကဆိုသည်။ “လုံခြုံရေးတော့ တော်တော် တင်းကြပ်ထားတယ်၊ မိဘတွေကလည်း စိုးရိမ်တော့ သွားစောင့်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ပညာရေးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ကပ်ရောဂါ အခြေအနေနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်းစာမေပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

သာဂရမြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးနှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရသဖြင့် သေဆုံး

diz_admin

April 1, 2022

လောင်းလုံးမြို့နယ်က သာဂရမြို့ဟောင်းဟုထင်ရှားသည့် မြို့ဟောင်းရွာက အုပ်ချုပ်ရေးမှူးနှင့် ဖွားဘုတ်ပြင်းရွာတွင် နေထိုင်သည့် ၎င်း၏ ဖခင်ဖြစ်သူတို့ ယနေ့ (ဧပြီ ၁) သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံ က သိရသည်။ အသက် ၄၈ နှစ်ခန့်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်သည် ယနေ့ နေ့လယ် ၁၂ နာရီကျော် က ထားဝယ်မြို့မှ ဆိုင်ကယ်စီးပြီး ပြန်လာစဉ် သာဂရမြို့ဟောင်းရွာအဝင် ဆိုင်းဘုတ်အနီးတွင် ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း မြို့ဟောင်းရွာသားတစ်ဦးက ပြောသည်။ “အခင်းဖြစ်တဲ့နေရာကို ကျွန်တော်သွားကြည့်တော့ အသက်မရှိတော့ဘူး။ အဲဒီက မျက်မြင်သက်သေတွေရဲ့ ပြောစကားအရတော့ လူသုံးဦးပေါ့၊ ဆိုင်ကယ်နှစ်စီးတဲ့။ (ပစ်သွားတဲ့လူတွေက) လူငယ်ပိုင်းတွေလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ ဦးကိုကိုမောင်၏ ဖခင် အသက် ၈၅နှစ်အရွယ် ဦးရွှေဦးမှာလည်း […]

ကမ်းဝေးငါးဖမ်းလှေအများစုအတွက် ငါးဖမ်းရာသီ သုံးလပိတ်သိမ်းပြီ

diz_admin

April 1, 2022

ငါးသားပေါက်ရာသီ ရောက်လာပြီဖြစ်သည့်အတွက် တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေများ သုံးလ ပိတ်သိမ်းသဖြင့် ကမ်းသို့ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ ယခုနှစ် ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် သုံးလပိတ်သိမ်းရန် သတ်မှတ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေအားလုံး ပြန်ဝင်လာကြပြီဖြစ်ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။ “မတ် ၃၁ ရက် နောက်ဆုံးထားပြီး မနေ့ကတည်းက ငါးဖမ်းလှေအားလုံး ကမ်းပြန်ဝင်ကြပြီ” ဟု ၎င်းက ပြောသည်။ သို့သော် ကမ်းဝေးငါးဖမ်းလှေများတွင် အနည်းစုဖြစ်သည့် ကင်းမွန်မီးထွန်းလှေနှင့် ဝါတန်း (ဝိုင်းချုပ်) လှေများမှာမူ ဧပြီလတစ်လ ထပ်တိုးကာ ငါးဖမ်းခွင့် ရရှိထားသဖြင့် ဆက်လက်လုပ်ကိုင်နေကြကြောင်း ၎င်းက ပြောပြသည်။ လုပ်ငန်းရှင်များ၏ အခက်အခဲနှင့် လုပ်ငန်းအနေအထား […]

မြောင်းပေါက်ကျေးရွာ ရာအိမ်မှူး ပစ်ခတ်ခံရသဖြင့် သေဆုံး

diz_admin

April 1, 2022

လောင်းလုံးမြို့နယ်၊ ‌ပန်းဒလဲ‌‌ကျေးရွာအုပ်စု၊ မြောင်းပေါက်ရွာ ရာအိမ်မှူး မတ်လ ၃၁ ရက်နေ့ ည ကိုးနာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၀ ကျော်အရွယ်ရှိ ဦးအောင်ကျော်သက်ဆိုသူဖြစ်ပြီး ယင်းနေ့ ညက ဇနီးနှင့် အသက် ၁၀နှစ် အရွယ်ရှိ သားဖြစ်သူတို့နှင့်အတူ အိပ်စက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက လေးချက်ကြားတယ်။ ထွက်မကြည့်ရဲကြဘူး။ တအောင့်လောက်ကြာမှ သွားကြည့်တော့ သွေးအိုင်ထဲ သေနေပြီ” ဟု ၎င်းက ဆိုသည်။ ဦးအောင်ကျော်သက်၏ အလောင်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ဇဟာသုသာန်တွင် မီးသင်္ဂြိုဟ်သည်ဟု သိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သွေးစွန်းနေသောအဝတ်စများကိုမူ […]

ထားဝယ်-ထီးခီးလမ်းပေါ်တွင် ဘောက်ဆာကား နှစ်စီးမီးရှို့ခံရ

diz_admin

April 1, 2022

မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းမတွင် LP Gas ရေနံဓာတ်ငွေ့ရည်ဟု ရေးသားထားသော  ဘောက်ဆာကားနှစ်စီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။ ယင်းကားနှစ်စီးမှာ ထီးခီးဘက်မှ ထားဝယ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု ရမ္မဇူရွာနှင့် သရက်ငုတ်ရွာကြားအရောက် ယနေ့ နေ့လယ်ပိုင်းတွင် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က မီးရှို့ခဲ့သည်ကိုမူ မသိရှိရသေးပေ။ လေယာဉ်ဆီတင်သည့်ကား လာမည်ဟု သတင်းရထားသဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးကသုံးသပ်သည်။ “တားပြီးတော့ပစ်တာမှာ ကားသမားထွက်ပြေးသွားတယ်။ လုံခြုံရေးတော့ မပါဘူး။ တကယ်လို့ လေယာဉ်ဆီဆိုရင် လုံခြုံရေးပါမယ်လို့တော့ ထင်တယ်” ဟု ၎င်းကဆိုသည်။ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုရန်အတွက် လေယာဉ်ဆီများကို မြန်မာ-ထိုင်းနယ်စပ်မှ ထားဝယ်- ထီးခီးကားလမ်းမကိုအသုံးပြု၍ စစ်ကောင်စီက သယ်ယူနေသည်ဆိုသော သတင်းများလည်းယခုရက်ပိုင်းတွင် ထွက်ပေါ်နေသည်။ ပကာရီကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကမူ အဆိုပါဖြစ်စဉ်ကို သတင်းသာ ကြားရပြီး အသေးစိတ်အခြေအနေကို မသိရှိကြောင်း […]

စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်၍ သိန္ဒောရွာသားများ နေရပ်မပြန်နိုင်

diz_admin

April 1, 2022

စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည့်အတွက် စစ်ဘေးရှောင်နေသည့် သိန္ဒောရွာသားများ နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှသိရသည်။ “ရွာခဏပြန်သွားသူတစ်ချို့  တိုက်ပွဲထပ်ဖြစ်မှာကိုကြောက်ပြီး ပြန်ပြေးလာကြတယ်” ဟု သိန္ဒောဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် မတ်လ ၃၁ ရက်နေ့က ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တနင်္သာရီ PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများစစ်ဘေးရှောင် ထွက်ပြေးနေရခြင်းဖြစ်သည်။ ယနေ့နံက် ၁၀ နာရီခွဲခန့်က တိုက်လေယာဉ်နှစ်စီး ရွာပေါ်ပျံဝဲနေသည့်အတွက် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီး နေရပ်ပြန်သွားသူများ ပြန်လည်စစ်ဘေးရှောင်ကြခြင်းဖြစ်ပြီး ယနေ့နံနက်စစ်ဘေးရှောင်လာသူများမှာ ယမန်နေ့ကထက်ပိုများကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ “တစ်ရွာလုံးလူမရှိတော့ဘူး စျေးဆိုင်ရောင်းတဲ့ အိမ်တွေပဲ လူစောင့်ကျန်ရစ်ကြတယ်”ဟု အဆိုပါဒေသခံကပြောသည်။ လက်ရှိအချိန်တွင် ရွာသားများသည် သိန္ဒောကျေးရွာတဖက်ကမ်းရှိ ဘန်းပြည့်ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာအိမ်များတွင် စစ်ဘေးရှောင် ခိုလုံနေကြခြင်းဖြစ်သည်။ မနေ့ကဖြစ်ပွားခဲ့သည့် ၃ […]