ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရ

diz_admin

April 4, 2022

ရေဖြူမြို့နယ် ကံပေါက်ရွာတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ယနေ့ (ဧပြီ ၄) နေ့လယ် ၁၂ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားပြီဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ကံပေါက်ရွာ၊ လှည်းကူးရပ်ကွက်၊ ရတနာလမ်း၊ မေတ္တာမွန်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်စီး လာသည့် အဆိုပါလူငယ်နှစ်ဦးမှာ စစ်ကောင်စီတပ်နှင့်တွေ့ရာ အစစ်ဆေးမခံဘဲ ဆိုင်ကယ် ပြန်မောင်း ထွက်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရတနာလမ်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေးနေသည်ဟု ကြားသိရပြီး ယင်းနေအိမ်ရှေ့သို့ အဆိုပါလူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းအနီးဝန်းကျင်တွင်ရှိနေခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်ရှေ့ ဆိုင်ကယ် ရပ်လိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရန်ခေါ်ရာ ဆိုင်ကယ်ပြန်မောင်း ထွက်သွားခြင်း […]

စာမေးပွဲဖြေခါနီး ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာနအနီးတွင် မိုင်းပေါက်

diz_admin

April 4, 2022

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာန ကျောင်းအနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် ယနေ့ (ဧပြီ ၄) နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က မိုင်းပေါက်ကွဲကြောင်း ယင်းစာစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ၊ ကျောင်းသား ၇၈ ဦးရှိပြီး မိုင်းပေါက်ကွဲခဲ့သည့်အချိန်တွင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဝန်းထဲ ဝင်လာနေကြသည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လုံခြုံရေးကတော့ အရပ်လေးမျက်နှာလုံးရှိတယ်” ဟု တာဝန်ရှိသူက ပြောဆိုသည်။ စာစစ်ဌာနပတ်လည်တွင် ရဲ၊ စစ်တပ်၊ မီးသတ်တပ်ဖွဲ့တို့ လုံခြုံရေးတာဝန်ယူထားသဖြင့် စာစစ်ဌာန အနီးကပ်ကာ ဖောက်ခွဲ၍ မရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် မတ်လ ၃၁ ရက်နေ့ကလည်း […]

တောင်ပျောက်တွင် ရွာသားတစ်ဦးအသတ်ခံရပြီး တစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး၊ နေအိမ်ခုနစ်လုံး မီးရှို့ခံရ

diz_admin

April 3, 2022

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပျောက်တိုက်နယ် ကျောက်အိုင်ရွာသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် အသတ်ခံရပြီး နောက်တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးကာ ကျေးရွာသုံးရွာက နေအိမ် ခုနစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်အိုင်ရွာသား ကိုလင်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ထိပ်တန်းလန်းဖြင့် အသတ်ခံထားရသည်ကို တွေ့ရပြီး ကိုအောင်သန်းဌေးမှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးကြောင်း ၎င်းတို့က ပြောသည်။ “ကလေးရော လူကြီးရော ဖမ်းမိထားတာရှိတယ်။ သူတို့က လူသားဒိုင်းမျိုးလုပ်ပြီး ခေါ်ဆောင်နေတာ။ သူတို့ကို ပစ်မရဘဲ နေအောင်ပေါ့။ ပြီးရင် တစ်ယောက် သတ်ပစ်ခဲ့တယ်။ တစ်ယောက်က လက်နက်ကြီး ကျည် ထိပြီး သေတယ်။ (သတ်ခံရတဲ့သူက) လက်ထိပ်နဲ့ပဲ” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ ယင်းအပြင် ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲကျေးရွာ သုံးရွာက ဒေသခံပြည်သူလူထု၏ […]

ဘတ်ခြောက်သန်း ထိုင်းထီပေါက်သည့် လောင်းလုံးမြို့နယ်သူ ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေဟုဆို

diz_admin

April 2, 2022

ဧပြီလ ၁ ရက်က ထွက်ရှိသည့် ထိုင်းထီ ပထမဆု (ဘတ်ခြောက်သန်းဆု) ပေါက်သူမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးဖြစ်ပြီး ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။ ထိုင်းထီပေါက်သူမှာ လက်ရှိ မြန်မာနိုင်ငံထဲတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့တွင် အလုပ်လုပ်နေသည့် တစ်ရွာတည်းသားချင်းထံမှနေပြီး အွန်လိုင်းမှတစ်ဆင့် ထီထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလ ၁ ရက်နေ့က ထွက်သည့် ၉၇၀၆၁၈ ဂဏန်းဖြင့် ပထမဆုပေါက်ခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ဆိုပါက သိန်းသုံးထောင်ကျော်ရှိမည်ဖြစ်သည်။ ဆု‌ငွေထုတ်ယူပေးမည့် ထီလက်မှတ်ရောင်းထားသူက မတန်တဆ ငွေတောင်းနေသောကြောင့် ဧပြီလ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်အထိ ထီပေါက်ငွေများ မထုတ်ရသေးကြောင်း ထီပေါက်သူအား ကူညီပေးနေသူတစ်ဦးက ပြောသည်။ ထီလက်မှတ်ရောင်းချသူနှင့် […]

တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲပြင်းထန်နေ

diz_admin

April 2, 2022

တောင်ပျောက်တိုက်နယ် မယ်ကဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ (ဧပြီ ၂) ရက် မွန်းလွဲ ၂ နာရီခန့်ကတည်းက တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ ညနေ ၆ နာရီခွဲအထိ သေနတ်သံနှင့် လက်နက်ကြီးပစ်သံများ ဆက်တိုက်ကြားနေကြောင်း ဒေသခံအချို့က ပြောသည်။ “အခုပစ်နေတယ် မယ်ကဲမှာ။ နေစရာ စားစရာကိုမရှိဘူး။ ပြေးနေရတယ်။ (ဖုန်း) လိုင်းကလည်း မကောင်း ဘူး။ တောင်ပေါ်မှာ တက်နေနေရတယ်။ အခု လက်နက်ကြီးတွေရော သေနတ်တွေရော ပစ်နေကြတယ်။ တောင်ပေါ်မှာဆိုတော့ ပိုကြားများတာပေါ့နော်။ အိမ်တွေလည်း မီးရှို့တယ်ဆိုပြောတယ်။ မီးခိုးတွေလည်း တွေ့နေတယ်” ဟု ဝင်းကဖော်ကျေးရွာမှ တိုက်ပွဲရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးမှာ တိုက်ပွဲဖြစ်လာမည်စိုးရိမ်သဖြင့် မတ်လ ၃၀ […]

မြိတ်တွင် အိမ်ခြံမြေဈေးမြင့်တက်၊ အရောင်းအဝယ်အဖြစ်များ

diz_admin

April 2, 2022

မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေပြီး အရောင်းအဝယ်လည်း အဖြစ်များနေကြောင်း မြို့ခံအချို့နှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ အိမ်ခြံမြေဈေးနှုန်းတို့မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အချိန်မှစပြီး အနည်းဆုံး ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။ “မြေဈေးလည်းတက်တယ်။ အရောင်းအဝယ်လည်း တော်တော်များနေတာ” ဟု မြိတ်တောင်နယ်မြေနေ အိမ်ခြံမြေအ‌ကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၅၀နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ အိမ်ခြံမြေဝယ်ယူသူအများစုမှာ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်လိုခြင်းနှင့် လက်ထဲငွေပမာဏများစွာ မထားလိုခြင်း တို့ကြောင့် ဝယ်ယူကြခြင်းဖြစ်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက်တွင် ငွေသားအပေါ် စိတ်မချကြသဖြင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ စသည်တို့တွင် ဝယ်ယူမှု မြင့်တက်လာကာ ဈေးနှုန်းများလည်း ဆက်တိုက်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ “ငွေကိုင်ထားတာ စိတ်မချလို့ မြေဝယ်တာ။ (ငွေစက္ကူ) အတုတွေလည်း […]

မြိတ် တုံးဗျောရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် PPP ပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်သူ ပစ်ခတ်ခံရ

diz_admin

April 2, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရပ်ကျေး ဥက္ကဋ္ဌလည်းဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောငယ်ကျေးရွာတွင် နေထိုင်သူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းသည် ဧပြီလ ၁ ရက်နေ့ည ၉ နာရီခန့်က နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်လူအချို့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်ရှိအချိန်တွင် မြိတ်မြို့ရှိ စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။ “လက်မောင်းအပါအဝင် ဒဏ်ရာလေးချက်ရပြီး ဆေးရုံခေါ်ဆောင်သွားတယ်။ သေချက်တော့ မထိဘူးလို့ သိရတယ်” ဟု တုံးဗျောငယ် ရွာသားတစ်ဦးက ပြောသည်။ လာရောက်ပစ်ခတ်သူများသည် မျက်နှာဖုံးစွပ်ထားကြပြီး ဦးစိန်သန်းအား ပစ်ခတ်ပြီးပြန်အထွက်တွင် ကျေးရွာရှိ ပျူစောထီးများနှင့် မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ နှစ်ဖက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း […]

ဖမ်းခံထားရသည့် တောင်ပျောက်တိုက်နယ် ဒေသခံ ၁၅ ဦး ၃ ရက်ကြာအထိပြန်မလွတ်သေးဟု မိသားစုဝင်များဆို

diz_admin

April 2, 2022

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ပျောက်တိုက်နယ်မှ ဒေသခံအမျိုးသား ၁၅ ဦးမှာ ယနေ့(ဧပြီ ၂)နံနက်အထိ ပြန်မလွတ်လာသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။ တောထဲတွင်စစ်ဘေးရှောင်နေသည့် မိသားစုများထဲမှ အမျိုးသား ၁၅ ဦးကို စစ်‌ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ “မနေ့ကအထိတော့ စစ်တပ်က သူတို့ကိုလမ်းပြလုပ်ပြီး ကာဗာလုပ်ခေါ်ဆောင်နေတယ်လို့ပြောတယ်၊ အခုက ဘယ်ကိုခေါ်သွားလဲ မသိဘူးဆိုတော့ စိတ်ပူနေပြီ” ဟုဖမ်းဆီးခေါ်ဆောင်ခံရသူတစ်ဦး၏ ဆွေမျိုးဖြစ်သော ဝင်းကဖော်ကျေးရွာသူတစ်ဦးက ဆိုသည်။ မတ်လ ၃၀ ရက် နံနက် ၄ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်း စစ်တပ်ကစစ်ကြောင်းထိုးလာပြီဆိုသည့်သတင်းကြောင့် ဒေသခံများက တိုက်ပွဲဖြစ်လာမည်စိုး၍ နီးစပ်ရာ တောတောင်များသို့ အုပ်စုလိုက် ကြိုတင်စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။ သို့သော်ယင်းနေ့ […]