ရုရှားက မြောက်ကိုရီးယားလက်နက်များ ဝယ်ယူနေဟု အမေရိကန်ထုတ်ပြန်
diz_admin
September 7, 2022စီးပွါးရေး ပိတ်ဆို့ခြင်းက ရုရှားစစ်တပ်အတွက် လိုအပ်ချက်များ ဝယ်ယူရန် အခက်အခဲရှိလာရာ မြောက်ကိုရီးယားမှ စစ်သုံး ပစ္စည်းများ ရုရှားက ဝယ်ယူနေရသည်ဟု အမေရိကန်အရာရှိတစ်ဦးကို ကိုးကားလျက် BBC က ဖော်ပြထားသည်။ စစ်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ရုရှားသည် မြောက်ကိုရီးယားလက်နက်များကို ဝယ်ယူနေရခြင်း ဖြစ်ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ မြောက်ကိုရီးယားထံမှ ဝယ်ယူနေရပြီဆိုသော အဓိပ္ပါယ်သည် စစ်သုံးပစ္စည်းများ သိုလှောင်မှု ပြတ်လပ်လာသည့် သဘောဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ အဆိုပါ ထောက်လှမ်းရေးသတင်းကို New York Times သတင်းစာက စတင်ရေးသားခြင်းဖြစ်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးက အဆိုပါသတင်းကို Twitter ပေါ်တင်ထားပြီး ရုရှားကို လှောင်ပြောင်ထားသည်။ ယူကရိန်းက ဥရောပအဆင့် လက်နက်များ သုံးနေချိန် ရုရှားက မြောက်ကိုရီးယားအဆင့် လက်နက်များဖြင့် တိုက်ခိုက်နေရကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ခြင်း […]


