တနင်္သာရီမြို့နယ်သို့ ဆန်သယ်ခွင့် ကန့်သတ်ခံနေရဟုဆို
diz_admin
April 6, 2022မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ဆန်များ လိုသလောက် သယ်ယူခွင့် မရတော့ဘဲ ကန့်သတ်ခံနေရကြောင်း ဆန်ကုန်သည်များနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။ တနင်္သာရီမြို့က ဆန်ဝယ်နေကျ ဖောက်သည်များ အော်ဒါမှာပြီးနောက် လာရောက်သယ်ယူခြင်း မရှိတော့ ကြောင်း မြိတ်မြို့က ဆန်ရောင်းချသူအချို့ထံမှ သိရသည်။ “လာမယူလို့ ဖုန်းဆက်တာ။ အများကြီးသယ်လို့ မရတော့ဘူး။ တစ်အိပ်စ၊ နှစ်အိပ်စပဲ သယ်ခွင့်ပေးတယ်လို့ သူတို့က ပြောတယ်” ဟု မြိတ်မြို့တွင် ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ဧပြီလ ၅ ရက်နေ့က မြိတ်မှ ဆန်သယ်ယူလာသည့် ကားအချို့ကို တနင်္သာရီမြို့အနီး ဇဝဲကျေးရွာလမ်းဆုံ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး မြိတ်မြို့သို့ ပြန်လည်စေလွှတ်နေသည်ကို တွေ့ရကြောင်း ကားသမားများက ပြောဆိုသည်။ ဇဝဲကျေးရွာလမ်းဆုံမှ တည့်တည့်သွားလျှင် တနင်္သာရီမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းလမ်းဆုံမှ ဘယ်ဖက် […]


