ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရဲကတ်များကို အရေးယူမည်ဆို၍ ထိုင်းရောက်အထောက်အထားမဲ့မြန်မာများ နေရေးအခက်ကြုံ

diz_admin

April 10, 2022

သက်ဆိုင်ရာ ဒေသရဲများက ငွေကြေးယူကာ ထုတ်ပေးသည့် ရဲကတ်များကိစ္စ ကိုင်တွယ်အရေးယူတော့မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားပြီးနောက် အထောက်အထားမဲ့ နေထိုင်နေရသော မြန်မာများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ အလုပ်အကိုင် ရှားပါးမှုနှင့် ပြည်တွင်းရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံသား အများအပြား နယ်စပ်များကိုဖြတ်၍ ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်နေကြရပြီး သက်ဆိုင်ရာဒေသရဲများကို တစ်လ ၃၅၀ ဘတ် (နှစ်သောင်း‌ကျပ်ကျေ်)ပေးကာ ရဲကတ်ပြုလုပ်၍ နေထိုင်ကြရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော တရားမဝင်မြန်မာရွေ့ပြောင်း အလုပ်အသမားများအနေဖြင့် အဖမ်းခံရပြီး နေရပါပြန်ပို့မခံရစေရန် ရဲကို ဘတ် ၃၅၀ လာဘ်ငွေပေးပြီး ရဲကတ်ပြုလုပ် နေထိုင်နေကြရကြောင်း အေပီ သတင်းဌာန၏ ဧပြီလ ၈ ရက်နေ့က သတင်းတွင်ပါရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ရဲကတ်ထုတ်ပေးသော ရဲများကို စစ်ဆေးအရေးယူသွားမည်ဟု ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနေသူများတွင် အလုပ်အကိုင်ရရှိရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ […]

သထုံစုပေါင်းရုံး ဗုံးပေါက်ပြီး ရဲနှစ်ဦး ဒဏ်ရာရဟုဆို

diz_admin

April 10, 2022

မွန်ပြည်နယ် သထုံမြို့နယ် စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့က ဗုံးပေါက်ကွဲသဖြင့် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးနေရာတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သည်။ “စုပေါင်းရုံးမှာ လာပို့ထားတဲ့ ဆန်အိတ်ထဲကနေ ထပေါက်တယ်လို့ ပြောကြတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ကြားသိရကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ နေရာအချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စုပေါင်းရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အဆိုပါရုံးနှင့် မြို့အတွင်း […]

ကြံခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟုနာမည်ထွက်သူတစ်ဦး ပစ်သတ်ခံရ

diz_admin

April 10, 2022

ထားဝယ်ခရိုင်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးနှင့် ဒလန်ဟု နာမည်ထွက်သူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက ‌သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဦးဆီဇာလွင် (ခ) ဒန်းဂါးဆိုသူသည် ယင်းနေ့ညနေ လေးနာရီ ခန့်က သူ၏ ဝက်မွေးမြူရေခြံတွင် ပစ်ခတ်ခံရပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “လေးချက် ပစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ၎င်း၏ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် တင်ဆောင်ကာ ထားဝယ်မြို့သို့ သယ်ဆောင် သွာပြီး ယနေ့ (ဧပြီ ၁၀) နံနက်ပိုင်းအထိ ကျေးရွာသို့ ပြန်လည်သယ်ဆောင်လာခြင်း မတွေ့ရသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးဆီဇာလွင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကျေးအဆင့်ပါတီဝင်ဖြစ်ကြောင်း ၎င်းတို့ထံ […]

ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ဒလန်ဟုသတင်းထွက်သူ သုံးဦးပစ်ခတ်ခံရ

diz_admin

April 9, 2022

ထားဝယ်ခရိုင်အတွင်း ဧပြီလ ၈ ရက်နေ့တွင် ဒလန်သတင်းထွက်သူ သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရေဖြူမြို့နယ် ရလိုင်ကျေးရွာ‌နေ အသက် ၅၀ ကျော်အရွယ် ဦးဇော်မင်းနှင့် ၎င်း၏သားဖြစ်သူ အသက် ၃၀ ကျော်အရွယ် ကိုအောင်အောင်၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးအောင်စိန်တို့ သုံးဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းပစ်ခတ်မှုကြောင့် ဂေါ့အင်းရွာသား ဦးအောင်စိန်၊ ရလိုင်ရွာသား ဦးဇော်မင်းတို့နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုအောင်အောင်၏ အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ ရလိုင်ရွာ စာသင်ကျောင်းအတွင်း စစ်တပ်က တပ်လာစွဲစဉ်က စာရေး‌ သောက်ရေးကိစ္စများကို ဦးဇော်မင်းတို့ သားအဖက စီစဉ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ “တို့ရွာမှာ […]

တကူ၊ သရဘွင်၊ သိန္ဒောရွာများသို့ စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ

diz_admin

April 9, 2022

တနင်္သာရီမြို့နယ်ရှိ တကူ၊ သရဘွင်နှင့် သိန္ဒောကျေးရွာအုပ်စုများသို့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ခံရသဖြင့် ဆီပြတ်လပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါကျေးရွာများရှိသည့် အနီးဝန်းကျင်ကို ဧပြီလ ၅ ရက်နေ့ကပင် ဆန်သယ်ယူခွင့် ကန့်သတ် ထားခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် စက်သုံးဆီသယ်ယူခွင့်ကိုပါ ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မြိတ်မှ လာသည့် ကားများကို တနင်္သာရီမြို့အနီး ဇဝဲကျေးရွာလမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး ဆန်၊ စက်သုံးဆီ တင်ဆောင်လာလျှင် မြိတ်သို့ ပြန်မောင်းခိုင်းကြောင်း ကားသမားအချို့နှင့် ဒေသခံတို့က ပြောသည်။ ဇဝဲကျေးရွာလမ်းဆုံမှ တည့်တည့်သွားလျှင် တနင်္သာရီမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းလမ်းဆုံမှ ဘယ်ဖက် လမ်းခွဲအတိုင်းသွားလျှင် တကူ၊ သရဘွင်၊ သိန္ဒော ကျေးရွာများသို့ ရောက်ရှိမည်ဖြစ်သည်။ “ဆီလည်း ပေးမသယ်တော့ တစ်ရွာလုံးမှာ ဝယ်လို့ကို မရတော့ဘူး” ဟု […]

မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

diz_admin

April 9, 2022

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။  ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင် ပါ မပါကို အဓိကစစ်ဆေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်မပါသူများကို ပြန်လှည့်ခိုင်းကြောင်း ခရီးသွားတစ်ဦးက ပြောသည်။ “ပြီးခဲ့လကလည်း ပြန်တယ် စစ်ဆေးတာမရှိပါဘူး၊ ဒီတစ်ခေါက်မှ အစစ်ခံရတယ်။ မှတ်ပုံတင်ပြခိုင်းတယ်” ဟု ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူ တစ်ဦးက ပြောသည်။ ကရင်ပြည်နယ်ဘက်မှ ဝင်လာသူများကိုလည်း မှတ်ပုံတင် စစ်ဆေးနေသလို၊ ရေးမြို့နယ် အဝင် စစ်ဆေးဂိတ်နေရာတို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။ ”မှတ်ပုံတင် ထုတ်ခိုင်းတယ်၊ ပြီးတော့ လူနဲ့ မှတ်ပုံတင်ကို တိုက်ကြည့်ပြီး ဘယ်ကလာလဲ မေးတယ်” ဟု ဧပြီ ၈ ရက်နေ့က ဘုရားသုံးဆူမှ မုဒုံသို့ […]

မြိတ်ခရီးသည်တင်ယာဉ်လိုင်းအားလုံး သင်္ကြန်တွင်း ရပ်နားမည်

diz_admin

April 9, 2022

မြိတ်မြို့မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းအားလုံးနှင့် ကုန်တင်ယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိက မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။ မြိတ်မြို့မှ အခြားမြို့ကြီးများသို့ ပြေးဆွဲနေသည့် မှန်လုံယာဉ်ကြီး၊ ယာဉ်ငယ် လိုင်းပေါင်း ခြောက်ဆယ်ခန့် ရှိကြောင်း ကော်မတီမှ တာဝန်ရှိသူက ပြောသည်။ “အကြိုရက်ကနေ နှစ်ဆန်းတစ်ရက်အထိ (ယာဉ်) အားလုံးပိတ်တယ်” ဟု ၎င်းက ဆိုသည်။ ခရီးသည်တင်ယာဉ်လိုင်းသာမက ကုန်တင်ယာဉ်များပါ ပိတ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။ နှစ်စဉ်သင်္ကြန်တွင်း ယာဉ်လိုင်းများ ရပ်နားကြသော်လည်း ခရီးသည်လိုအပ်ချက်အရ သွားလာကြသည့် ယာဉ်ငယ်များလည်း ရှိကြောင်း ခရီးသည်ယာဉ်လိုင်းငယ်မောင်းသူများထံမှ သိရသည်။ “စင်းလုံးငှါးအော်ဒါမျိုး သွားကြတာရှိသလို ခရီးသည်တွေ စုပြီးလည်း လိုက်ပို့တာမျိုးရှိတယ်” ဟု မြိတ်-ကော့သောင်း ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။ မြိတ်မြို့မှ အခြားမြို့များသို့ […]

ထားဝယ်တွင် သင်္ကြန်ပစ္စည်းများ အဝယ်မရှိသလောက်နည်း

diz_admin

April 9, 2022

ထားဝယ်တွင် သင်္ကြန်ပစ္စည်းများ ဝယ်ယူမှု မရှိသလောက် နည်းပါးနေကြောင်း ယင်းပစ္စည်းအရောင်းဆိုင် အချို့ထံမှ သိရသည်။ သင်္ကြန်ကာလအတွင်း ကလေးများဆော့ကစားသည့် ရေသေနတ်အပါအဝင် ရေခွက်၊ ပန်းကုံး၊ ရေပြွတ်၊‌ ခေါင်းစွပ်၊ အရုပ်‌ပြောင်နှင့် ဆံပင်တုအမျိုးမျိုး စသည်တို့မှာ ဝယ်သူမရှိသလောက် နည်းပါးနေကြောင်း ထားဝယ်မြို့ရှိ သင်္ကြန်ပစ္စည်းအရောင်းဆိုင်တစ်ခု၏ ဆိုင်ပိုင်ရှင်က ပြောသည်။ ယခုနှစ်တွင် သင်္ကြန်ပစ္စည်းအသစ်ဝယ်ယူထားခြင်း မရှိဘဲ ပြီးခဲ့သည့် ၂နှစ်အတွင်း ဝယ်ယူထားသည့် ပစ္စည်းများကို ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော်ယင်းပစ္စည်းများကိုပင် ရောင်းထုတ်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်က ဖောက်သည်အဖြစ် မှာယူနေကျ ဖြစ်သည့် ဆိုင်ထံသို့ ပြန်သွင်းနေရကြောင်း အထက်ပါဆိုင်ရှင်က ပြောဆိုသည်။ “အရင်ကဆို အခုလိုအချိန် (ရောင်းအားကောင်းလွန်းလို့) ထမင်းတောင် စားလို့ မအားဘူး။ အခုကတော့ တော်တော်နည်းတာပေါ့” ဟု ၎င်းက ပြောသည်။ […]