ဆန်ဈေးကြီးသဖြင့် မုန့်များဈေးတက်၊ မုန့်လုပ်သူများလည်း တွက်ခြေမကိုက်
diz_admin
September 11, 2022ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆန်ဖြင့်ပြုလုပ်သည့် မုန့်များဈေးတက်လာပြီး မုန့်လုပ်ငန်းများလည်း တွက်ခြေမကိုက်ဖြစ်နေကြောင်း မြိတ်မြို့ပေါ်ရှိ မုန့်လုပ်ရောင်းချနေသူအချို့ထံမှ သိရသည်။ မုန့်လုပ်ရာတွင် အသုံးပြုကြသည့် ဆန်ကြမ်းတစ်ပြည်လျှင် ခုနစ်ရာ၊ ရှစ်ရာကျပ်ခန့်ရှိမှ လက်ရှိတွင် နှစ်ထောင်ကျော် အထိမြင့်တက်လာပြီး ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ်နှစ်ထောင်ကျော်မှ သုံးထောင်၊ သုံးထောင်ငါးရာကျပ်အထိ ဈေးမြင့်လာကြောင်း ၎င်းတို့က ပြောသည်။ “မုန့်ရောင်းနေတာ ဆယ်နှစ်ကျော်ပြီ။ စရောင်းကတည်းက တစ်ချပ်တစ်ရာပဲ။ ဆန်ကြမ်းဈေးတွေတက်တော့ ကျမလားဆိုပြီး စောင့်ကြည့်သေးတယ်။ ဈေးမကျတော့ မသက်သာလွန်းလို့ ရှေ့တလော (ရက်ပိုင်းခန့်) ပဲသေး ဈေးတင်လိုက်တယ် နှစ်ရာပါ” ဟု မြိတ်တောင်ရပ်နေ အာပုံ (ရိုးရိုး) မုန့်ရောင်းချနေသူ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆန်ဈေးနှုန်းမတက်မီက တစ်ရက်လျှင် ပျမ်းမျှအမြတ်ကျန်ငွေ တစ်သောင်းငါးထောင်ကျပ် ရရှိခဲ့ပြီး ဆန်ဈေးတက် ပြီးနောက် […]


