တနင်္သာရီတွင် သားဆက်ခြားဆေး ပစ္စည်းပြတ်ပြီး ဝယ်ရခက်
Dawei Watch
July 20, 2025တနင်္သာရီမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့နှင့် စစ်ဘေးရှောင်နေရာများတွင် သားဆက်ခြားသောက်ဆေး ပြတ်လပ်လာကာ စျေးတက်နေကြောင်း ဒေသခံများနှင့် ကျေးရွာရှိ သူနာပြုဆရာမအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်မတ်လကစပြီး စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများကို ဆေးဝါး သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်သဖြင့် သားဆက်ခြားဆေး (သောက်ဆေး) ဝယ်ယူရခက်ခဲလာကြောင်း ကော်တောရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် မတင်းကျပ်မီ (မတ်လမတိုင်မီ) က သားဆက်ခြား သောက်ဆေးတစ်ကတ်ကို ကျပ် ၃၀၀၀ ကျပ်သာရှိရာက လက်ရှိတွင် ၄၅၀၀ကျပ် ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ မတိုင်မီက သားဆက်ခြား ထိုးဆေးတစ်လုံးလျှင် ၂၅၀၀ ကျပ်ရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူ နေရကြောင်း ဒေသခံများက ပြောဆိုသည်။ သောက်ဆေးမှာကြာ တစ်လသာ […]


