စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ခန့် ရပ်နားထားရ
diz_admin
September 23, 2022ယခုနှစ် ငါးဖမ်းရာသီတွင် စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်ပြီး တွက်ခြေမကိုက်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် ရပ်နားထားရကြောင်း ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။ ယခုနှစ် ကမ်းဝေးငါးဖမ်းလှေ ငါးဖမ်းရာသီမှာ ပြီးခဲ့သည့် ဩဂုတ်လတွင်စတင်ခဲ့ပြီး တစ်လစောကာ ဇူလိုင်လတွင် ငါးဖမ်းခွင့်ရသည့်လှေများလည်းရှိသည်။ သို့သော် စရိတ်ကြီးမြင့်မှုကြောင့် လှေထက်ဝက်ခန့် မထွက်နိုင်ကြကြောင်း ကော့သောင်းနှင့် မြိတ်က လှေပိုင်ရှင်များကို မေးမြန်းချက်အရ သိရသည်။ “စက်သုံးဆီတွေ၊ (လှေ) အထွက်စရိတ်တွေက ဈေးကြီးတော့ မကိုက်ဘူး။ နားပြီးအခြေအနေ စောင့်ကြည့် နေကြတယ်” ကော့သောင်းမြို့နေ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီက ကမ်းဝေး (ဝါတန်း) ငါးဖမ်းလှေတစ်စီး လှေတစ်ခေါက် ထွက်စရိတ် ငွေကျပ်သိန်းလေးရာ ကုန်ကျနေရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်ခန့် ကုန်ကျကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ လှေတစ်ခေါက် ထွက်လျှင် […]


