ဦးခေါင်းခြုံထည်ဥပဒေဖြင့် အဖမ်းခံရသည့်အမျိုးသမီး အီရန်အချုပ်ထဲတွင် သေဆုံးသဖြင့် အမျိုးသမီးများ Hijab ခြုံထည်များကို မီးရှို့ကာဆန္ဒပြ
diz_admin
September 21, 2022ဦးခေါင်းခြုံထည်ဥပဒေကို မလိုက်နာသဖြင့် အဖမ်းခံရခဲ့ရာမှ ထောင်ထဲတွင် အမျိုးသမီးသေဆုံးသွားပြီးနောက် အမျိုးသမီးများသည် ခြုံထည်Hijab များကို မီးရှို့ကာ ဆန္ဒပြနေကြကြောင်း BBC သတင်းက ဖော်ပြထားသည်။ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်မှာ (၅) ရက်ဆက်တိုက်ဖြစ်နေပြီး မြို့များ၊ မြို့ကြီးများကို ကူးစက်လျက်ရှိသည်။ ကွယ်လွန်သွားသူ မာဆာအမီနီသည် သုံးရက်ကြာ သတိလစ်မေ့မျောနေခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်သည်။ တီဟီရန်မြို့ မြောက်ပိုင်းတွင် အမျိုးသမီးများ ခြုံလွှာကို ချွတ်ကာ မီးတင်ရှို့ကြသည့်အခါ လူအုပ်ကြီးက လက်ခုပ် ဩဘာပေးပြီး ချီးကျူးခဲ့ကြသည်။ မစ်စ် အမီနီ သည် ပြီးခဲ့သည့်သီတင်းက အီရန်နိုင်ငံ စာရိတ္တပဲ့ပြင်ရေး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အမျိုးသမီးများ ခေါင်းခြုံလွှာဆင်မြန်းရန်၊ လက်နှင့်ခြေများကို အထည်အပွများဖြင့် လုံလုံခြုံခြုံဝတ်ဆင်ရန် ပြဋ္ဌာန်းထားသော ဥပဒေကို ချိုးဖောက်မှု စွပ်စွဲခံထားရသည်။ […]


