မြိတ်တွင် သုံးဘီးဈေးတက်၊ တစ်စီး ကျပ်သိန်း ၁၅ဝအထိဈေးပေါက်
diz_admin
September 24, 2022မြိတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သုံးဘီးတစ်စီးလျှင် ကျပ်သိန်း ၁၅ဝအထိ ဈေးပေါက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ သုံးဘီးတွင် Bajaj၊ TVS-King စသဖြင့် အမျိုးအစား ငါးမျိုးခန့်ရှိပြီး သုံးဘီးအသေး အင်ဂျင်ပါဝါ ၂၀၀ စီစီနှင့် သုံးဘီးအကြီး အင်ဂျင်ပါဝါ ၂၅၀ စီစီ တို့ရှိကြသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သုံးဘီးအငယ်တစ်စီးလျှင် ကျပ်သိန်းတစ်ရာဝန်းကျင်နှင့် သုံးဘီးအကြီးတစ်စီးလျှင် ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိသာ ဈေးရှိခဲ့ကြောင်း သုံးဘီးအရောင်းဆိုင်တို့မှ သိရသည်။ ယင်းနောက် စက်တင်ဘာလဆန်းပိုင်းမှ စပြီး လက်ရှိအချိန်အထိ သုံးဘီးအငယ်တစ်စီးလျှင် ကျပ် ၁၂၀ ခန့်နှင့် သုံးဘီးအကြီးတစ်စီးလျှင် ကျပ်သိန်းတစ်ရာငါးဆယ်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ဒေါ်လာဈေး၊ ဘတ်ဈေးရဲ့ ငွေလဲဈေးတက်တော့ အားလုံးတက်လိုက်နေတာ သုံးဘီးလည်းတက်တာပေါ့” ဟု သုံးဘီးအရောင်းဆိုင်တစ်ဆိုင် ပိုင်ရှင်က […]


