ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သတ်ဖြတ်ခံရမှုများကြောင့် ပြည်သူများ ညမထွက်ရန် PDF ပူးပေါင်းအဖွဲ့နှိုးဆော်

diz_admin

May 3, 2022

လောင်းလုံးတွင် ယခုရက်ပိုင်း ပြည်သူများ သတ်ဖြတ်ခံရမှုဆက်တိုက် ဖြစ်လာနေမှုကြောင့် ဒေသခံများ ညမထွက်ကြရန် PDF ပူးပေါင်းအဖွဲ့သုံးဖွဲ့က ယ‌နေ့ ရက်စွဲဖြင့် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။ ယနေ့ မနက်ပိုင်းက သာယာကုန်းကျေးရွာအနီးတွင် သတ်ဖြတ်ခံထားရသော အမျိုးသား အလောင်းတွေရှိရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “ညဖက်ဆို သေနတ်သံတွေကြားရတယ် ပျူစောထီးအဖွဲ့တွေရော PDF အဖွဲ့တွေရော သွားနေကြတယ်ဆိုတော့ မလိုလားအပ်ပဲ ပြည်သူ‌ တွေထိခိုက်မှာစိုးလို့ ထုတ်ပြန်တယ် ထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ လောင်းလုံးမြို့နယ်နေ ပြည်သူများ ည ၈ နာရီမှ မနက် ‌၄ နာရီအထိ လမ်းပေါ်သွားလာခြင်းမပြုရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်ကို Launglone People Defence Force(LLPDF)အပါဝင် Nway Oo Guerrilla Force နှင့် Dawei Defense Team(DDT) စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပေါင်း၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းတွေ့ရသည်။ စွန်ရဲတံဆိပ်ပါ ပျူစောထီးအဖွဲ့၏ တံဆိပ်များ အသုံးပြု၍ […]

 မြိတ်တွင် ဗုံးပေါက်၊ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဟုဆို

diz_admin

May 3, 2022

 မြိတ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့ကြောင်း  မြိတ်ဒေသခံများ ထံမှသိရသည်။ ယနေ့ (မေ ၃) နံနက် ၈ နာရီဝန်းကျင်က  မြိတ်မြို့၊ကမ်းနားလမ်း We Love Myeik ဆိုင်းဘုတ်အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် We Love Myeik အနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားတစ်ချို့ ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အငှားယာဉ်မောင်းများ ကပြောဆိုသည်။ “ပေါက်ကွဲတာက အသံတော်တော်ကျယ်တယ် စစ်ကောင်စီတပ်သားတွေထိတယ်လို့ ကြားရတယ် ကျွန်တော်တို့လည်း အနီးကပ်သွားမကြည့်ရဲဘူး”ဟု မျက်မြင် တက္ကစီမောင်းသူ ကပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် ယင်းကမ်းနားလမ်းတစ်လျှောက်လုံးကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။ “ပေါက်ကွဲတဲ့အနီးတစ်ဝိုက်ကို ဘယ်သူမှပေးမဝင်တော့ ကျွန်တော်တို့လည်း အတိအကျမသိရဘူး” ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို People Defense Force Myeik အဖွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ တပ်သားတစ်ချို့ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် […]

တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရ

diz_admin

May 3, 2022

တနင်္သာရီတိုင်းတွင် တစ်နှစ်ကျော်ကာလအတွင်း မီးရှို့ခံရမူကြောင့် ပျက်စီးသွားသည့် အိမ်ပေါင်း အနည်းဆုံး ၄၅ အိမ်ရှိကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။  ယင်းအရေအတွက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်အတွင်းကောက်ယူရရှိသော စာရင်းဖြစ်ကြောင်းယင်းအဖွဲ့ကဆိုသည်။  မီးရှို့ခံရပြီး ပျက်စီးသွားသည့်အိမ်များမှာ သရက်ချောင်းမြို့နယ်တွင် ၁၉ ဆောင်၊ တနင်္သာရီမြို့နယ်တွင် ၁၅ ဆောင်၊ ပုလောမြို့နယ်တွင် ၇ ဆောင်၊ ရေဖြူမြိုနယ်တွင် ၃ ဆောင်နှင့် မြိတ်မြို့နယ်တွင် တစ်ဆောင် စုစုပေါင်း ၄၅ ဆောင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။  သတင်းဌာနများနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် ပြန်လည်စိစစ်ကာ အဆိုပါမီးရှို့ခံရပြီး ပျက်စီးသွားသည့် နေအိမ်များစာရင်းကို စုဆောင်းထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုသည်။  အချက်အလက် […]

မြဝတီ-မဲဆောက်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်ကပြင်ဆင်

diz_admin

May 3, 2022

တာခ့်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် အဆင့်သင့်ဖြစ်နေစေရန် ပြင်ဆင်ရှင်းလင်းမှုများကို ပြီးခဲ့သည့် မေလ ၁ ရက် တနင်္ဂနွေနေ့မှစ၍ ဆက်တိုက်လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ နယ်စပ်တာဝန်ရှိသူများ ထံမှသိရှိရသည်။ ထိုင်းနိုင်ငံအတွင်းရှိ နယ်စပ်ဂိတ်များကို မေလ ၁ ရက်နေ့က စတင်ဖွင်လှစ်ခဲ့ပြီးနောက် တာခ့်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ် ၂ ခုတွင် သန့်ရှင်းရေးလုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လာနေကြသည်။ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်များစတင်ဖွင့်လှစ်သည်နှင့် အဆင်သင့်ဖြစ်နေစေရန်အတွက် တာခ့်ခရိုင် မဲဆောက်မြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်များဖြစ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ် (၂) တံတားတို့တွင် ထိုင်းဘက်မှ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုင်းတာဝန်ရှိသူများမှာ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိနေပြီး ညွှန်ကြားချက်တစ်စုံတစ်ရာကို စောင့်နေကြောင်း ပြောကြားထားသည်။ ကိုဗစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို […]

သာယာကုန်းရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားအလောင်းတွေ့

diz_admin

May 3, 2022

လောင်းလုံးမြို့နယ် သာယာကုန်းရွာအနီး ကားလမ်းမဘေးတွင် အမျိုသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီး စွန်ရဲပုံတံဆိပ် လည်ပင်း၌ဆွဲပေးထားသည်ကို တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။ အဆိုပါအလောင်းကို ယနေ့(မေ ၃) နံက်ပိုင်းက ဒေသခံများစတင်တွေရှိရခြင်းဖြစ်ပြီး လက်ပြန်ကြိုးတုတ်ထားကာ ဦးခေါင်းနှင့် လက်တွင်လည်း သေနတ်ဒဏ်ရာများတွေ့ရသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို ဒေသခံများက မသိရှိဟုဆိုသည်။ “ညက ‌ကားသံလည်းကြားရတယ်။ သေနတ်ဖောက်သံလည်း ကြားရတယ်”ဟု အဆိုပါဒေသခံကပြောသည်။ သေဆုံးသူ၏ လည်ပင်းတွင်‌ တွေ့ရသော ပုံမှာ လောင်းလုံးမြို့နယ်ရှိ ပြူစောထီး အဖွဲ့တစ်ဖွဲ့၏ အမှတ်တံဆိပ်ပုံဖြစ်ပြီး ယင်းအဖွဲ့က ပစ်ခတ်သတ်ဖြတ်ပြီးနောက်တွင် အလောင်းဘေး၌ ချထားလေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ပြီးခဲ့သည့် ‌ဧပြီ ၂၈ ရက်က ပန်းဒလဲကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦး ပစ်သတ်ခံရမှုတွင်လည်း အဆိုပါအမှတ်တံဆိပ် မျိုးချန်ထားခဲ့သည်ကို တွေ့ရပြီး အပြာရောင်အဝိုင်းဝန်းပေါ်တွင် “လေဟုန်ပြင်းပြင်းအနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” […]

ကျွန်းစုတွင် ကမာကောင် အထွက်နှုန်းကျ

diz_admin

May 3, 2022

မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှထွက်ရှိသည့် ကမာကောင်များမှာ ယခုနှစ်တွင် အထွက်နှုန်းကျဆင်းလာနေကြောင်း ကမာရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။  ကမာကောင် နှစ်စဉ်ထုတ်ယူမှုများနေကြသဖြင့် အထွက်နှုန်းကျဆင်းလာခြင်းဖြစ်ပြီး ယခင်နှစ်ထက် ကမာကောင်ရာဂဏန်းအထိ ရရှိမှုနည်းပါးသွားကြောင်း ကမာရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။  ယင်းကဲ့သို့ ကမာထွက်ရှိမှုနည်းလာသဖြင့် ဈေးလည်း မြှင့်တက်သွားကြောင်း၊ ပြီးခဲ့သည့်နှစ်က ကမာသောင်းပြောင်း(ကြီး၊ငယ်၊လတ်) တစ်ကောင်လျှင် ငါးရာကျပ်မှ ယခုနှစ်တွင် တစ်ထောင်ကျပ်နှုန်းအထိ ပေးဝယ်‌ေနရကြောင်း ပဲ့တိုင်ရွာနေ ကမာရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။  “ကမာလည်းသေးသွားတယ် အကောင်ကြီးတွေများမှပဲ အမြတ်ပိုကျန်တာ” ဟု ၎င်းက ပြောသည်။  အဆိုပါ ကမာကောင်တို့အား မြိတ်နှင့် ရန်ကုန်မြို့တို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့ကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။  လက်ရှိ မြိတ်ဈေးကွက်တွင် ကမာအကြီးတစ်ကောင်လျှင် နှစ်ထောင်ကျပ်အထိ ရောင်းချနေကြကြောင်း  သိရသည်။  “ကမာငုတ်ဖမ်းတာက စရိတ်တွေကများတယ် အထွက်လည်းနည်းတော့ တွက်ခြေမကိုက်တော့ဘူး” ဟု […]

မြိတ်ခရိုင်အတွင်းရှိ စစ်ရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

diz_admin

May 2, 2022

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မြိတ်ခရိုင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များထံမှသိရသည်။ မြိတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးခိုလုံသူ ၃၅၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် မိုးဦးရာသီကျရောက်လာပြီဖြစ်၍ အမိုးအကာများ လိုအပ်လာပြီဖြစ်သည်။ ပုလောမြို့နယ်စစ်ရှောင်စခန်းတွင် လူ ၁၅၀၀ နီးပါး နေထိုင်လာသည်မှာ ခြောက်လကျော်လာပြီဖြစ်ပြီး အမိုးများ ဟောင်းနွမ်းစုတ်ပြဲလာနေပြီ ဖြစ်သည့်အတွက် အသစ်လဲလှယ်ရန် တာလပတ်အမိုးများ လိုအပ်နေသည်ဟု အကူအညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ယင်းအပြင် တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ပြည်သူနှစ်ထောင်နီးပါး နေထိုင်နေကြပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အို နာတာရှည်ရောဂါနှင့် နှလုံးရောဂါသည်များအတွက် ဆေးဝါးအကူအညီ လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။ “ဒီမှာလည်း အခက်အခဲတွေက အများကြီးရှိနေတယ်။ အဓိကပြဿနာက ဆေးဝါးနဲ့ […]

မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

diz_admin

May 2, 2022

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကို မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၄ ရက်တိုင် စတင်ကျင်းပလျက်ရှိသည်။ ညီလာခံကို  မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။ ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေး အကောင်အထည်ဖော် သွားရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။ ”မွန်မှာလည်း ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိတယ်၊ ဒီမူကြမ်းအပေါ်မှာရော  ပကတိဖြစ်ပေါ်နေတဲ့ ကနေ့အခြေအနေပေါ်မှာရော  ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်နဲ့ ကိုက်ညီတဲ့ ကိုယ့်ပြည်နယ်ကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ကြမလဲဆိုတာ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေ ချမှတ်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က ပြောသည်။ ၎င်းပြင် မွန်အမျိုးသားရေးနှင့်ပတ်သက်ပြီး ကဏ္ဍစုံ ချမှတ်ထားသည့် ၁၀ နှစ်တာ လုပ်ငန်းစဥ်များကိုလည်း ညီလာခံတွင်  ချပြသွားရန်လည်းရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။ ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသူများ လေ့လာသူများ စုစုပေါင်း  ၂၅၀ ကျော် တက်ရောက်သည်။ မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို  ၂၀၁၆ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ  ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။