ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ်တောထဲတွင် မြန်မာလုပ်သား ၉၈ ဦးကို ထိုင်းရဲဖမ်း

diz_admin

May 5, 2022

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် တောထဲတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာလုပ်သား ၉၈ ဦးကို မေလ ၄ ရက်နေ့ က ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ရဲစခန်းက ထုတ်ပြန်လိုက်သည်။ ဖမ်းဆီးခံရ‌ေသာအချိန်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားများသည် နယ်စပ်တောထဲတွင် ပုန်းအောင်း၍ အိပ်ပျော်နေကြပြီး လမ်းပြများ လာခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ မြန်မာလုပ်သားများအထဲတွင် အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၀ ဦး ပါဝင်သည်။ မြန်မာလုပ်သားများကို စစ်ဆေးမေးမြန်းသောအခါ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရန်အတွက် ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ (ကျပ် ၁၂ သိန်းမှ ၁၅ သိန်း) အထိပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ခရီးစဥ်အထိရောက်မှသာ ပေးဆောင်ရမည်ဟု ထွက်ဆိုထားသည်။ အများစုမှ ထားဝယ်၊ […]

စစ်ရေးတင်းမာနေ၍ ထားဝယ်-ထီးခီးလမ်းပိုင်းကို နေ့ဘက်သာ အသုံးပြုသွားလာရန် သတိပေးချက်ထုတ်ပြန်

diz_admin

May 5, 2022

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်(PDF)တို့ စစ်ရေးတင်းမာနေသဖြင့် ထားဝယ်-ထီးခီးကားလမ်းနှင့် ဆက်စပ်လျက်ရှိသော လမ်းများကို နေ့ဘက်၌သာ အသုံးပြုသွားလာကြရန် တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။  အဆိုပါလမ်းကြောင်းများတွင် စစ်ကောင်စီတပ်ကလည်း စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ရေးလိုအပ်ချက်အရ စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံအချို့က ပြောသည်။  “PDF ကလဲစစ်နေတယ်၊ စစ်ကောင်စီကလည်း စစ်နေတယ်ပြောတယ်၊ မေတ္တာလမ်း ၈ မိုင်မှာ တစ်နေရာစစ်တယ်၊ ၁၁ မိုင်မှာ စစ်တယ်၊ တခါတခါလဲ ၁၆ မိုင်မှာလည်းသွားစစ်တယ်။ စစ်ကောင်စီကတော့ သဗျကနေ ရှေ့ကိုမကျော်လာဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့နယ်မှ ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်၊၂၇ ရက်နှင့် မေလ […]

လောင်းလုံး သာယာကုန်းရွာတွင် နေအိမ်တစ်လုံး မီးလောင် 

diz_admin

May 5, 2022

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာ ရွာရှင်ဖိုးဖိုး(နတ်အိမ်) အနီးရှိ နေအိမ်တစ်လုံး ယနေ့ ‌မွန်တည့် ၁၁ နာရီခန့်က မီးလောင်းကျွမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ဒေါ်ခင်ချိုဆိုသူ၏ ပျဉ်ထောင်အိမ်မီးလောင်ခြင်းဖြစ်ပြီး နေအိမ်တွင် လူကြီးများမရှိချိန်တွင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။  “အိမ်ကတော့ မီးထဲအကုန်ပါသွားပြီ။ မီးသတ်ကားတွေရောက်လာလို့ မီးလည်းငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။  မီးလောင်ရသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။ လောင်းလုံးမြို့နယ် အရှေ့ဘက်တွင် တောင်များမရှိသဖြင့် အရှေ့အရပ်မှလေတိုက်ပါက လေတိုက်နှုန်း ကြမ်းပြီး ခြောက်သွေ့ကြောင်း၊ ပုံမှန်အားဖြင့် ယင်းလေမှာဆောင်းကာလတွင် တိုက်လေ့ရှိသော်လည်း ယခုလို ပူပြင်းသည့်ရာသီတွင်တိုက်ပါက မီးလောင်လေ့ရှိသဖြင့် မီးဘေးသတိထားရကြောင်း ဒေသခံများထံမှသိရသည်။ ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်တွင် အရှေ့လေတိုက်ခတ်နေကြောင်း ဒေသခံများကဆိုသည်။ ယင်း‌မီးလောင်ကျွမ်းသည့်နေရာသို့ ထားဝယ်မြို့မှ မီးသတ်ကားများလာရောက်ငြိမ်းသတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။  ဧပြီလ ၃၀ ရက်လည်း သရက်ချောင်းမြို့နယ် […]

သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်

diz_admin

May 5, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မေလ ၄ ရက်ည ၇ နာရီခွဲခန့်က ဒေသကာကွယ်ရေးအဖွဲ့(PDF)တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မနေ့ညပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လက်နက်ကြီးတွေနဲ့ပစ်တာ အချက်ကိုရေမနိုင်ဘူး” ဟု ဒေသခံအမျိုးသမီးက ပြောသည်။ ယင်းတိုက်ပွဲနှင့် ပတ်သက်သည့် ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ မသိရှိရပေ။ စော်ဖျားရွာနှင့် ကျောက်လှေကားရွာမှာ ရွာချင်းဆက်ဖြစ်ပြီး တောင်ပျောက်တိုက်နယ်ကိုသွားသည့် လမ်းကြောင်းဖြစ်သဖြင့် စစ်ကောင်စီတပ်က ဘုရားကုန်းတွင် လမ်းကြောင်းပိတ်ဆို့ကာ တပ်စခန်းချထားခြင်းဖြစ်သည်။ ယင်းကြောင့် ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်များက အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့မှာ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုများရှိသည်။

ထားဝယ် ပကာရီကျေးရွာရှိ နေအိမ်အချို့ လက်နက်ကြီးအစများထိမှန်

diz_admin

May 5, 2022

ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးသွားလမ်းပေါ်ရှိ ပကာရီကျေးရွာအနီး မနေ့ (မေ ၄) ညဆယ်နာရီကျော်ခန့်က လက်နက်ကြီး ပစ်ခတ်ခံခဲ့ရပြီး နေအိမ်အချို့လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး ပစ်ခတ်သံလေးချက်ကြားရပြီး လက်နက်ကြီးတစ်ချက်မှာ ပကာရီရွာအဝင်ရှိ ရဲကင်းစခန်းအနီး လေပေါ်တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းလေပေါ်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအစများသည် အနီးနားရှိ နေအိမ်သုံးလုံးကို ထိမှန်ခဲ့ကြောင်း ၎င်းတို့ကပြောကြားသည်။ ‌‌“ထိတာကတော့ အိမ်သုံးဆောင်လောက်ရှိတယ်။ နှစ်ဆောင်ကတော့ နဲနဲပဲထိတယ်။ ကျန်တစ်ဆောင်ကတော့ အိမ်ထဲ‌ပေါက်သွားတယ်။ ပျက်စီးတဲ့အထိတော့မဟုတ်ဘူး။ အစအနလေးတွေပဲလာမှန်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးနှစ်ခုမှာ ပကာရီရွာအစွန်းအဖျားနေရာနှစ်ခုဖြစ်သည် သပြေအင်း၊ ချောင်းမရွာ အနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ခန့်မှန်းရပြီး ကျန်လက်နက်ကြီးတစ်ခုမှာ မပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။ ပကာရီကျေးရွာအနီးရှိ သဗျာရွာတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ […]

ပုလောမြို့ အစိုးရရုံးများအနီး ဗုံးပေါက်

diz_admin

May 4, 2022

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့ရှိ အစိုးရရုံးများရှိသည့် မြေစာရင်းဦးစီးဌာနရုံး အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့၊အမှတ် ၂ ရပ်ကွက်ရှိ မြေစာရင်းဦးစီးဌာနအနောက်ဖက်တွင် ယခုည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ပုလောဒေသခံများ ကပြောသည်။ “ပေါက်တဲ့အသံက ကြမ်းတယ် ကျွန်တော်တို့လည်း သွားမစပ်စုရဲဘူး”ဟု ပုလောဒေသခံ ကပြောသည်။ ဗုံးပေါက်ကွဲသည့်နေရာအနီးတွင် မြေစာရင်းဌာနရုံး၊ စိုက်ပျိုးရေးရုံး၊ သမဝါယမရုံး၊ စည်ပင်သာယာရေးရုံးနှင့် ဝန်ထမ်းအိမ်ရာများလည်းရှိကြောင်း ယင်းဒေသခံများ ကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိခဲ့သည်ဟု ပြောဆိုသံမကြားရကြောင်း မြို့ခံများကပြောသည်။ ဗုံးဖေါက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရသေးဟု ဒေသခံများကဆိုသည်။ ပုလောမြို့အမှတ် ၂ ရပ်ကွက် စျေးအနီးတွင် ဧပြီလ ၂၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ယင်းအနီးနေအိမ်မှ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့သည်။ ပုလောမြို့ရှိ အစိုးရဌါနရုံးနှင့် အုပ်ချုပ်ရေးရုံးတို့တွင် […]

PPTT တစ်နှစ်သင်တန်းကို ၂ လခွဲသာသင်ပြီး လက်ထောက်မူလတန်းပြများခန့်အပ်

diz_admin

May 4, 2022

ယခင်ကတစ်နှစ်တက်ရသည့် PPTT(လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း) ကို နှစ်လခွဲသာ တက်ခိုင်းပြီး သင်တန်းဆင်းများကို လက်ထောက်မူလတန်းပြများအဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ PPTT အမှတ်စဉ်(၇/၂၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ၂ လခွဲကျော် သင်တန်းပေးပြီးနောက် အောင်မြင်သူများကို မေလ ၂ ရက်နေ့မှစ၍ လက်ထောက်မူလတန်းပြများ အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။ ယင်းသင်တန်းဆင်းများကို အခြေခံပညာကျောင်းများသို့ မေလ ၂ ရက်နေ့တွင် စတင်ခန့်ထားရာ ထားဝယ်ပညာရေးကောလိပ်မှ အောင်မြင်သူ ၁၀၆ ဦးပါဝင်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ (PPTT) အပတ်စဉ် (၇/၂၀)ကို ၂၀၂၀ […]

လောင်းလုံးတွင် တွေ့ရှိသောအလောင်းမှာ ဖမ်းဆီးခံထားရသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်နေ

diz_admin

May 4, 2022

လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင်တွေ့ရှိရသော လူသေအလောင်းမှာ အမည်မသိလူတစ်စု ဖမ်းဆီးသွားသည့် ပန်းဒလဲကျေးနုတ်ပြင်ရွာသားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မေ ၃ ရက်(ယမန်နေ့)က သာယာကုန်းရွာအနီး ထန်းပင်တန်းလမ်းတွင် လက်ပြန်ကြိုးတုတ်၍ ဦးခေါင်း ၊လက်မောင်းများတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူသေအလောင်းတစ်ခုကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ လည်ပင်းတွင်လည်း အပြာရောင်အဝိုင်း၌ “လေဟုန်ပြင်းပြင်းအနီရောင်ကိုရှင်း စွန်ရဲအဖွဲ့” ဟူသောစာတန်းနှင့် တနင်္သာရီကျွန်းဆွယ်ကို စွန်ကုတ်ထားပုံ ရေးဆွဲထားသည့်တံဆိပ်ပါ ကြိုးကိုဆွဲပေးထားကြောင်း တွေ့ရသည်။ သေဆုံးသူမှာ ပန်းဒလဲကျေးနုတ်ပြင်ရွာနေ ဦးသိန်းနိုင် ဒေါ်ခင်လေးနွဲ့၏သားဖြစ်ပြီး အသက် သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သူ ကိုအောင်သူဟိန်း(ခေါ်) သားကြီး ဆိုသူဖြစ်ကြောင်း အရပ်ဝတ်လက်နက်ကိုင်လေးဦးက ဧပြီလ ၄ ရက်နေ့တွင် လာရောက်ဖမ်းဆီးသွားကတည်းက သတင်းမကြားရတော့ခြင်း ဖြစ်သည်ဟု ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပြသည်။ “မနေ့က ဆေးရုံကြီးရောက်တဲ့ အသိတစ်ယောက်က သားကြီးနဲ့ တူလို့ […]