နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး
diz_admin
May 30, 2022နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင် နီပေါနိုင်ငံ ပေါ့ခါရာ(Pokhara)မြို့မှ ခရီးသွားမြို့ ဂျွန်ဆမ်(jomsom) မြို့သို့ ပျံသန်းရာ မိနစ်ပိုင်းအကြာတွင် မက်စ်တန်း(Mustang)ခရိုင်ရှိ ဟိမဝန္တာတောင်တန်းများအကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ရာသီဥတုဆိုးရွားမှုနှင့်အတူ အလင်းရောင်ကောင်းကောင်း မရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး နာရီ ၂၀ ကြာမှ လေယာဉ်ပျက်စီးမှုအပိုင်းအစကို တွေ့ရှိခဲ့ရကြောင်း ယင်းကြောင့်ယနေ့ (မေ ၃၀)မှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရကြောင်း နီပေါတပ်မတော်က ယနေ့တွင်ထုတ်ပြန်သည်။ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် […]


