တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို
diz_admin
June 30, 2020ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။ လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်း၊ တနင်္သာရီမြို့နယ်ပါတီဆိုင်းဘုတ်များ တင်ထားပြီးဖြစ်ကာ မကြာမီ ပုလောမြို့နယ်ရုံးဆိုင်းဘုတ်တင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အချိန်အတိုင်းအတာနှင့် ကိုဗစ်ကပ်ဘေးကြောင့် အထက်ပါမြို့နယ်ခြောက်ခုတွင် ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်မောင်ညီက ပြောသည်။ “ဆယ်မြို့နယ်စလုံးကို ကျွန်တော်တို့က ရည်ရွယ်ထားတယ်။ အခုအချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့က လှုပ်ရှားချိန်လည်း မရှိဘူး။ အုပ်စုလိုက်လည်း သွားလာလို့မရသေးတော့လေ” ဟု ဦးတင်မောင်ညီက ဆိုသည်။ သို့သော် ကိုယ်စားလှယ်လောင်းအတွက် ရွေးကော်ပွဲကော်မရှင်မှ လက်ခံသည့် […]