ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား
diz_admin
July 6, 2020ယခုပညာသင်နှစ်တွင် တနင်္သာရီတိုင်းရှိ အခြေခံကျောင်းများတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါး (၄၉၂ ဦး) ခန့်ထားရန် လျာထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ဝိဇ္ဇာ၊ သိပွံရိုးရိုးဘွဲ့ရ ၂၁၆ ဦးကို မူလတန်းပြ၊ ဂုဏ်ထူးတန်းဘွဲ့ရ ၁၉၂ ဦးကို အလယ်တန်းပြ၊ မဟာဘွဲ့ရ ၈၄ ဦးကို အထက်တန်းပြအဖြစ် ခန့်ထားရန် လျာထားကြောင်း အထက်ပါရုံးစာရင်းအရ သိရသည်။ KG+၁၂ (ဆယ်နှစ်တန်း ပညာရေး စနစ်သစ်) ကို အကောင်အထည်ဖော်ရာတွင် ဆရာလိုအပ်ချက် ရှိလာသဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ခန့်အပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်အချိန်ကို ခေါ်မယ်ဆိုတာကိုတော့ ရုံးချုပ်က မညွှန်ကြားသေးဘူး။ သူက သတင်းစာကနေ ခေါ်မှာဆိုတော့ လျှောက်မယ့်သူတွေကတော့ သတင်းစာကို […]