ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်နှင့် ပုလောသား ကိုးဦးလိုက်ပါသည့် ငါးဖမ်းလှေ အင်ဒိုနီးရှားတွင် အဖမ်းခံရ

diz_admin

June 13, 2022

ထားဝယ်နှင့် ပုလောမြို့နယ်က လှေလုပ်သား ကိုးဦးပါဝင်သည့် မလေးရှားငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူအချို့က ပြောသည်။ ယင်းငါးဖမ်းစက်လှေပေါ်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာသားများဖြစ်ကြသည့် ကိုသက်လွင်၊ ကိုညီညီအောင်၊ ကိုစုစု၊ ကိုဘော်လုံး၊ ကိုညီပုလေး၊ ကိုညီငယ်စိုး၊ ကျွဲမင်းကုန်းရွာသား ကိုသားဖြူ၊ ပဲဒက်ရွာသားတစ်ဦး စုစုပေါင်းရှစ်ဦး ပါဝင်သည်။ ယင်းအပြင် အမည်မသိ ပုလောမြို့နယ်သားတစ်ဦးနှင့် အခြားမြန်မာနိုင်ငံသားတစ်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ဆယ်ဦး အဖမ်းခံရကြောင်း အဖမ်းခံရသူနှင့် ဆွေမျိုးတော်သူတစ်ဦးက ပြောသည်။ မလေးရှားနိုင်ငံသားတစ်ဦးပိုင်ဆိုင်သည့် ယင်းငါးဖမ်းစက်လှေသည် အင်ဒိုနီးရှား ရေပိုက်နက်အတွင်း တရားမဝင် ငါးဖမ်းဆီးနေစဉ် ‌အင်ဒိုနီးရှားရေတပ်က ရုတ်တရက်ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ပိုက်ချထားချိန်ဖြစ်သောကြောင့် ထွက်ပြေးချိန်မရဘဲ အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အင်ဒိုနီးရှားရေတပ်က […]

လောင်းလုံးတွင် လက်ထောက်ကထိကတစ်ဦးနှင့် ထွေအုပ် ရပ်ကျေးစာရေးမတစ်ဦး ပစ်သတ်ခံရ

diz_admin

June 13, 2022

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာတွင် ဇွန် ၁၂ ရက် ညနေပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ လက်ထောက်ကထိက အမျိုးသားတစ်ဦးနှင့် ရပ်ကျေးစာရေး အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးဝင်းဗိုလ်ဆိုသူနှင့် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယင်းကျေးရွာတွင် ရပ်ကျေးစာရေးတာဝန်ထမ်းဆောင်နေသူ ဒေါ်မြမြမိုးဆိုသူတို့ ဖြစ်သည်။ ၎င်းတို့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းညနေပိုင်းက ဦးဝင်းဗိုလ်မှာ ၎င်း၏နေအိမ် အပေါ်ထပ်တွင် ခြောက်ချက်ခန့် ပစ်ခတ်ခံရပြီး ဒေါ်မြမြမိုးမှာလည်း ၎င်း၏ နေအိမ်အောက်တွင်ပင် ငါးချက်ခန့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “ဒေါ်မြမိုးမှာက ပေါင်မှာ တစ်ချက်။ ဆီးခုံတစ်ချက်၊ ရင်ဘက်မှာတစ်ချက် နားထင်မှာ နှစ်ချက် ဒဏ်ရာတွေ့တယ်။ […]

ပုလောအရှေ့ခြမ်းက ရွာသုံးရွာ လက်နက်ကြီးပစ်ခတ်ခံရ

diz_admin

June 13, 2022

ပုလောအရှေ့ခြမ်းက ကျေးရွာသုံးရွာ ယနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်မှစတင်ကာ ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဂျက်ဂါ၊ မှော်မိ၊ ကျောင်းနိမ့် စသော ကျေးရွာများမှ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။ “ပုလောတပ်ကနေ လက်နက်ကြီးနဲ့ ထုနေတာ ဗြောင်းဗြောင်းညံပဲ။ ဂျက်ဂါ၊ ကျောင်းနိမ့်၊ မှော်မိ အကုန်ပြေး နေရတယ်” ဟု ဂျက်ဂါကျေးရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယနေ့နံနက်တွင် ကျောင်းနိမ့်ရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု ကြားခဲ့ရပြီး ပုလော စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးများ ပစ်ခတ်နေသည့်အသံများ ဆက်တိုက်ကြားနေရ ကြောင်း ဒေသခံများက ပြောသည်။ “တိုက်ပွဲက […]

ပုလောအရှေ့ခြမ်းတွင် တိုက်ပွဲထပ်ဖြစ်

diz_admin

June 11, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းဝင်းကျေးရွာတွင် ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောအရှေ့ခြမ်း မင်းဝင်းကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၁) နံနက် ၉ နာရီဝန်းကျင်တွင် နှစ်နာရီခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) က ယနေ့ညတွင် ထုတ်ပြန်ထားသည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖက်က နှစ်ဦးကျဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းနောက် စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အတွက် အချိန်မီသွားရောက် ငြှိမ်းသတ်ပေးခဲ့ရပြီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖက်က အထိအခိုက်အကျအဆုံးအခြေအနေကိုမူ Dawei Watch အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။ “အဲဒီဖက်က လက်နက်ကြီးပစ်သံတွေတော့ ကျွန်တော်တို့ ကြားနေရတယ်။ ဒီနေ့တော့ လေယာဉ်တွေနဲ့ ကင်းထောက်တာတွေလုပ်တာ မတွေ့ရတော့ဘူး” ဟု […]

တိုက်ပွဲပိုပြင်းထန်လာမည်ကို သထုံဒေသခံများစိုးရိမ်

diz_admin

June 11, 2022

မွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာ နေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး ပိုမိုတင်းမာလာနေသည့်အနေအထားရှိသည်။ ယင်းနေရာအတွင်း ဇွန် ၁ ရက်နေ့ကစပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ “သေနတ်သံတွေလည်း နေ့တိုင်းကြားနေရတယ်။ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာ စိုးရိမ်တယ်။ အခုလည်း တချို့ဆို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် […]

မဲဆောက်တွင် မြန်မာလုပ်သားများကို တင်လာသောကား ပစ်ခတ်ဖမ်းဆီးခံရ

diz_admin

June 11, 2022

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို ထိုင်းအာဏာပိုင်များက ဇွန်လ ၁၀ ရက် ညတွင် ပစ်ခတ်ဖမ်းဆီးကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။ အဆိုပါကားသည် တာခ့်ခရိုင် မဲဆောက်မြို့နယ် အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်၌ ည ၁ဝနာရီခန့်တွင် အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ထိုင်းရဲတပ်ဖွဲ့က ကားဘီးကို သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည် ရုပ်သံမှတ်တမ်းအရ သိရသည်။ သို့သော်လည်း ကားသည် ရပ်တန့်သွားခြင်းမရှိပဲ လမ်းကြိုလမ်းကြားများ ရပ်ကွက်များအတွင်း ဆက်တိုက် မောင်းပြေးနေခဲ့သည်ကို မြင်တွေ့ရသည်။ သေနတ်အချက်ရေများစွာ ကြားရခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါကားကို ဖမ်းဆီးနိုင် ခဲ့သော်လည်း ထိုင်းနိုင်ငံသား ကားမောင်းသမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 10, 2022

Dawei Watch၊ (ဇွန် ၄ – ၁၀) ဘင်္ဂလားဒေ့ရှ်က သိုလှောင်ရုံဝင်းတစ်ခုပေါက်ကွဲမှု လူ ၄၉ ဦး သေဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း စီတာခွန်ဒါမြို့ရှိ သိုလှောင်ရုံဝင်းတစ်ခုတွင် ဇွန်လ ၄ ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားမှု‌ကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ၎င်းမီးလောင်မှုသည် ကုန်သေတ္တာများထားရှိသော ခြံဝင်းအတွင်းရှိ ဓာတုပစ္စည်းများ ထည့်သွင်းထားသော ကုန်သေတ္တာတစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ဇွန်လ ၅ ရက်နေ့တွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်သည်။ Ref: CGTN ဘရာဇီးတွင် ရေဘေးကြောင့် သေဆုံးသူ ၁၂၈ ဦးအထိမြင့်တက် ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းပါနမ်ဘူကိုပြည်နယ်နှင့်မြို့တော် ရစီဖာတွင် မေလ ၂၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

June 10, 2022

Dawei Watch၊ (ဇွန် ၄ – ၁၀) ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေအမှု အထူးအယူခံ ကြားနာမည် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို အမွေရယူလိုမှုဖြင့် ဦးအောင်ဆန်းဦး၏ တရားစွဲဆိုထားမှုအပေါ် အထူးအယူခံ လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန် ၂၇ ရက်တွင် ကြားနာမည်ဟု သတင်းရရှိသည်။ အနှစ် ၂၀ ကျော်ကြာပြီဖြစ်သည် ယင်းအမွေအမှုတွင် ဦးအောင်ဆန်းဦးဘက်က တရားရုံး အဆင့်ဆင့်တွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်သော်လည်း ယခု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုခေါ်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။ ဦးအောင်ဆန်းဦး၏ အယူခံကို ၂၀၁၈ ခုနှစ်က နေပြည်တော်တရားလွှတ်တော်ချုပ်မှ ပလပ်ထားပြီးဖြစ်သည်။ အိန္ဒိယ–အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီကို မဖိတ် အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာမည်အပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး […]