ငါးရှဉ့်ထောင်သူတို့ကြောင့် စပါးဖျက်ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်း စိုက်ပျိုးရေးဌာန သတိပေး
diz_admin
July 6, 2020စပါးဖျက်ရွှေခရုပြန့်ပွားရသည့် အကြောင်းရင်းများအနက် ရွှေခရုကို အစာအဖြစ်အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ တိုင်းတာဝန်ခံက သတိပေးပြောကြား သည်။ ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေခရုကို အစာအဖြစ် အသုံးပြုပြီး ငါးရှဉ့်ထောင် ဖမ်းနေသူတွေရှိကြောင်း လယ်သမားအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။ ရွှေခရုနှင့်ပတ်သက်ပြီး အတွေ့ အကြုံမရှိသေးသည့် လယ်သမားအချို့ကမူ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ရွှေခရု ပိုပြန့်ပွားနိုင်ကြောင်းနှင့် ခရု စပါးဖျက်ဆီးပုံအကြောင်းကို သေသေချာချာ မသိကြပေ။ ယင်းသို့ ငါးရှဉ့်ထောင်ဖမ်းသူတို့ကြောင့် ကန်သင်းရိုးများ ပျက်စီးခြင်း၊ စပါးခင်းများ အပျက်အစီးရှိခြင်းကိုသာ အတွေ့အကြုံမရှိသေးသည့် လယ်သမားအချို့က ပြောဆိုနေကြသည်။ အတွေ့အကြုံရှိပြီးသော ကျေးရွာအချို့တွင်မူ လယ်ကွက်များအတွင်း ငါးရှဉ့် ဖမ်းခြင်းကို တားမြစ်နေကြသည်။ တိုင်းအတွင်း လယ်ကွက်များအတွင်း ရွှေခရုစတင်ကျရောက်လာသည်မှာ ၂၀၁၇ […]