ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ကနက်သီရိရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

June 20, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယနေ့ (ဇွန် ၂၀) ည ၇ နာရီခွဲခန့်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကျည်လေးချက် ထိမှန်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ ဦးနိုင်မိုးမှာ စစ်တပ်၊ ရဲတို့နှင့် ပေါင်းကာ ကျေးရွာတွင်းရှိ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူများ နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်း၏ သတင်းပေးမှုကြောင့် ဒေသခံများ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ငွေကြေးပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ကနက်သီရိကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဦးနိုင်မိုးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလတွင် […]

သဲစုပ်လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

diz_admin

June 20, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်မြစ်အတွင်း သဲ၊ ကျောက်စုပ်ယူနေသည့် လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇွန် ၂၀) သတိပေးချက်ထုတ်ပြန်လိုက်သည်။ လယ်သစ်ကျေးရွာအုပ်စု၊ မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ သဲ၊ ကျောက် စုပ်ယူနေကြသည့် လှေများအား နယ်မြေလုံခြုံရေးအရ ယခုထုတ်ပြန်သည့်နေ့မှစ၍ ၃ ရက်အတွင်း ယင်းဧရိယာမှ ထွက်ခွာပေးရန် သတိပေးတားမြစ်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လိုက်နာခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များက လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ NUG က ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြေပြားဒေသပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှု မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်မြစ်အတွင်းရှိ ကြွေးချောင်းသောင်တွင် ကျောက်သဲစုပ်ယူနေကြသည့်လှေ တစ်နေ့လျှင် ငါးစီးခန့်သာရှိပြီး ပဝကျေးရွာအုပ်စု၊ […]

ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

diz_admin

June 20, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန် ၁ ပေပတ်လည်ခန့် ပေါက်ကွဲပျက်စီးကြောင်း ၎င်းက ဆိုသည်။ သို့သော် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခြင်း၊ လူထိခိုက်ခြင်း မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူတို့ခံယူချက်နဲ့ သူတို့လုပ်တာဆိုတော့လေ။ အဓိကတော့ ဒီပညာသင်ကြားနေတဲ့ ကလေးတွေအပေါ်မှာတော့ ထိခိုက်အောင်တော့ မလုပ်စေချင်ဘူးပေါ့ဗျာ” ၎င်းက ပြောသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း […]

ပြင်သစ်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲစွန်း၊ လက်ယာစွန်း အင်အားစုများ နေရာပိုရလာ

diz_admin

June 20, 2022

သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ၂ လခန့်အကြာတွင် သမ္မတမက်ခရွန်၏ အင်အားစုသည် အောက်လွှတ်တော်ရွေးကောက်ပွဲ ရလဒ်အရ ထိန်းချုပ်ထားနိုင်မှုများ ဆုံးရှူံးရပြီး လက်ဝဲမဟာမိတ်များ နှင့် လက်ယာစွန်း နိုင်ငံရေး သမားများ သိသိသာသာ အင်အားရရှိလာကြောင်း BBC သတင်းက ဖော်ပြထားသည်။ ပြင်သစ်သမ္မတသည် မဲဆန္ဒရှင်များကို ၎င်း၏ မဟာမိတ်အင်အားစုအား ဆက်လက်ထိန်းချုပ်ခွင့်အတွက် ခိုင်မာသော အများစုမဲပေးကြပါရန် တောင်းဆိုခဲ့သေးသည်။ သို့သော် သမ္မတမက်ခရွန်၏ အလယ်အလတ် ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲတွင် ဒါဇင်များစွာသော မဲဆန္ဒနယ်များ၌ ရှူံးခဲ့ပြီး ပြင်သစ်နိုင်ငံရေး အင်အားစုများလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ခေတ်သစ်ပြင်သစ် အောက်လွှတ်တော်တွင် ယခုကဲ့သို့ အနေအထား မဖြစ်ခဲ့ဖူးကြောင်း ဝန်ကြီးချုပ် အဲလိဇဘတ်ဘော်နီ က သမ္မတနန်းတော် အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။ “ယခုအခြေအနေဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ပြည်တွင်းရေး ရော […]

မလေးရှား‌သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၇ ဦး အဖမ်းခံရ

diz_admin

June 19, 2022

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၇ ဦးကို ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်း-မလေးရှားနယ်စပ်ရှိ ရော်ဘာတောထဲ၌ ဖမ်းဆီးရမိကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်သည်။ ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့ ရော်ဘာတောထဲရှိ စိုက်ပျိုးရေးခြံလမ်းတွင် လူတစ်စု ပုန်းခိုနေ သည်ဟု သတင်းပေးတိုင်ကြားမှုကြောင့် အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိရှိသူများဖြစ်ပြီး အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ကြောင်း မလေးရှားအာဏာပိုင်းများက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

June 19, 2022

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၇ အထိတစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ရေဖြူမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ဦးအသတ်ခံရ

diz_admin

June 19, 2022

အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေထိုင်သည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပါအဝင် မိသားစုဝင်လေးဦး ဇွန်လ ၁၈ ရက်ညတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အသတ်ခံရသူများမှာ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာတွင် နေထိုင်သူများဖြစ်သည်။ ယင်းမိသားစုဝင် ၄ ဦးမှာ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့ အမှတ် ၄ ရပ်ကွက် အင်းပြားရွာတွင် လာရောက်တိမ်းရှောင် နေထိုင်စဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောသည်။ အသတ်ခံရသူများမှာ အင်းပြားရွာတွင် လာရောက်တိမ်းရှောင်နေသည်မှာ သုံးလဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရွာမှာနေတုန်းက အိမ်ကိုလာပြီး ရိုက်ဖျက်တယ်။ ဆိုင်ကယ်နှစ်စီး၊ ဖုန်းသုံးလုံးကို ယူသွားတာ ဒီမှာ (အင်းပြားမှာ) က အေးဆေးတယ်ဆိုပြီး နေရာရွှေ့ပြီး လာနေကြတာ” ဟု ၎င်းကပြောဆိုသည်။ အသတ်ခံရသူများမှာ ပြည်သူ့စစ် […]

ထားဝယ် ကမ်းနားလမ်းတွင် သပိတ်ဘန်နာကို စစ်ကောင်စီတပ် လာဖြုတ်ချိန် ဗုံးပေါက်

diz_admin

June 18, 2022

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ယနေ့ (ဇွန် ၁၈) ညနေ ၄နာရီခန့်က သပိတ်ဘန်နာကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကမ်းနားလမ်းအပန်းဖြေနေရာအနီးတွင် ဝါးလုံးဖြင့် ခြံစည်းရိုးခတ်ထားသည့် နေရာတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင် ထားဝယ်နဲ့ငြိမယ်” ဆိုသည့် သပိတ်စာတန်း ဘန်နာကို စစ်ကောင်စီတပ်သားများ လာရောက် ဖြုတ်ယူချိန် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဗုံးပေါက်ကွဲချိန် ကမ်းနားလမ်းအတိုင်း စက်ဘီးစီးလာသည့် အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဦးခေါင်းမှာ အစထိမှန်ခဲ့တာ။ ဒဏ်ရာမများဘူး။ ဆေးရုံကနေ အိမ်ကိုတောင်ပြန်သွားပြီ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ မိုင်းစထိမှန်ခဲ့သည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို သေသေချာချာ မသိရသေးပေ။ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်သားများက […]